search123October 8, 20101min801
သူငယ်ချင်း တစ်ယောက်ဆီကရတဲ့ forward mail လေးကို မျှဝေတာပါ…. ” တခါကလူတစ်ယောက်ဟာ သူ.ကားကိုပြင်နေတုန်း သူ.သားလေးက ကားကိုခြစ်နေတာတွေ.တော့ ဒေါသထွက်ပြီး သူ.သားရဲ့လက်ကို ရိုက်လိုက်တယ်။ သူ.လက်ထဲမှာ ဝက်အူလှည့်ကိုင်ထားတာကိုသတိမထားမိဘဲ အချက်ပေါင်းများစွာ ရိုက်နှက်နေတုန်း လက်ကသွေးတွေစေးကပ်လာမှသတိထားမိတော့ ကလေးကသတိလစ်နေပြီ။ဆေးရုံပေါ်မှာကလေးက သူ.လက်ငုတ်စိလေးတွေကိုကြည့်ရင်း “ဖေဖေ သားလက်ကလေးတွေ ဘယ်တော့ပြန်ပေါက်မှာလဲဟင်” လို.မေးတော့ သူ.မှာယူကြုံးမရပေါ့ အိမ်ပြန်ပြီးသူ.ရဲ့ကားကို ခြေထောက်နဲ့ အကြိမ်ကြိမ်ကန်နေတုန်း သူ.သားခြစ်သွားတဲ့နေရာမှာတွေ.လိုက်တာက “ဖေ့ဖေ့ကိုချစ်တယ်”တဲ့ နောက်နေ.မှာအဲဒီလူကိုယ့်ကိုကိုယ် သတ်သေသွားတယ်။သင်လည်း ဒေါသနဲ့ မေတ္တာမှာ မေတ္တာကိုသာရွေးချယ်ပါ။ ပစ္စည်းဆိုတာ အသုံးချဖို. လူဆိုတာ အချစ်ခံဖို.ပါ ဒါပေမယ့် ယနေ.လောကမှာ ပစ္စည်းတွေကအချစ်ခံနေရပြီး လူတွေက အသုံးချခံနေရတယ် သင်သာဒီလိုလူမျိုး ဖြစ်နေခဲ့ရင် အပေါ်ကဖြစ်ရပ်လေးကို သတိရပါ။ ” ဒေါသစိတ်တွေ လျှော့နိုင်ကြပါစေ…..


cobraOctober 3, 20101min984
ဖြေရဲရင် မေးကြည့်ဆိုတဲ့ စာအုပ်လေးထဲက မေးခွန်းအချို့ပါ . . . စိတ်မှာ ခံစားရတဲ့အတိုင်း အမှန် အကန် ဖြေဖို့တော့လိုတယ် . . . မကြာမကြာ ဖြေကြည့်ရင် အနည်းဆုံးတော့ ကိုယ်ဟာ ဘယ်လိုလူ ဆိုတာ သိလာနိုင်ပါတယ် . . . ( အဖြေ မေးခြင်း သည်းခံပါ . . .) . . . ဖြေရဲရင်မေးကြည့် ၁။ အူထဲ အသည်းထဲက ချစ်ကြိုက်မိသူ တစ်ဦးအတွက် မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ နည်းနည်းဘဲရှိတယ်ဆိုရင်တောင် ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား . . .။ ၂။ တစ်နှစ်လောက် အရမ်းပျော်ခွင့်ရမယ် . […]


CharTooLanSeptember 29, 20102min2566
သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။လိမ္မာပြီး ဉာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဉာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။ ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ […]


cobraSeptember 29, 20101min580
စစ်အစိုးရကို တိုက်ခိုက်ဆဲ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် နအဖ စစ်တပ်မှ တိုက်ခိုက်လာပါက အချင်းချင်း ကူညီရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ […]


CharTooLanSeptember 24, 20101min1001
စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး asiaone.com စက်တင်ဘာ ၂၀၊ ၂၀၁ဝ Khatib MRT ဘူတာရုံ (photo: h88.com.sg) ယမန်နေ့ နံနက်စောစောပိုင်းက စကာင်္ပူရှိ Khatib MRT ဘူတာရုံတွင် မြန်မာပြည်သားတဦး ရထားကြိတ်ခံရခြင်းကြောင့် သေဆုံးသွားသည်။ ရထားလမ်းပေါ် ပြုတ်ကျသွားသူ ဆောက်လုပ်ရေး ကုမ္ပဏီ တခုမှ project supervisor ကိုသန်းစော (Mr Than Saw) သည် အရက်သောက်ထားသည်ဟု ယူဆရသည်။ နံနက် တနာရီ မထိုးမီ (12.45am) တွင် ရထားလမ်းပေါ် ကျသွားခြင်း ဖြစ်သည်။ ကိုသန်းစောကို ရထားအောက်မှ ဆွဲထုတ်ရန် မိနစ် ၂ဝ ခန့် ကြာခဲ့ပြီး ဘယ်ခြေထောက် အောက်ဘက်ကို ဖြတ်တောက်ခဲ့ရသည်ဟု စင်္ကာပူ […]


* ခရမ်းချဉ်သီး ရောင်းသူ * အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်… စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စဝင်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို […]