တခါက ဖြစ်ပါသည်။ တီလုပ်မကြီး မမဝေါင် သည် ရုံး၌ အမ်ဒီ၏ အခန်းသို့အသွား အခန်း အတွင်းမှ ရေးကြီးသုတ်ပြာထွက်လာသော ဂျီအမ် မဆင်မချင် တွန်းလွှတ်လိုက်သော ဆင်နားရွက်တံခါးနှင့် ခေါင်းနှင့် ဆောင့်မိကာ လောကကြီးနှင့် ခေတ္တခန အဆက်အသွယ် ပြတ်သွားလေသည်။ မမဝေါင် စိတ်အစဉ် သည် ရေတံခွန်ပမာ အဆက်မပြတ်စီးနေ၏ ။ ဟုတ်သည် သူမ ရေတံခွန် တခုဘေးသို့ရောက်နေသည် ။ သူမ ပါတ်ဝန်းကျင်ကို စူးစမ်းနေစဉ်မှာပင် လူတစု သူမအနားသို့ ရောက်လာ၏ ။ အရှက်လုံရုံမျှသာ အဝတ်ဝတ်ဆင်ထားသောကြောင့် ဒါ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ တွေ့ဖူးမြင်ဖူးသည့် လူရိုင်းတွေ ဆိုတာ မမဝေါင် ဒက်ထိသိလိုုက်သည်။ ငါ.. ငါ .. ဘယ်ကဘယ်လို တောထဲရောက်လာပါလိမ့် … […]