kaiJune 28, 20101min3592
ဗွိုက်စ်ဂျာနယ် (Monday, June 28 – July 4, 2010)စာမျက်နှာ ၁၃ က “၂၀၁၃ ခုနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ အကြီးဆုံးဝယ်သူဖြစ်ရန် တရုတ်မှန်း” ဆိုတဲ့ သတင်းနဲ့ပါတ်သက်ပြီး မရှင်းလို့ပါ။ အဲဒီမှာ အောက်ကအတိုင်းရေးထားပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀၀၉-၂၀၁ဝ ခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရသည်။ ရုတ်တရက်ဖတ်ကြည့်ရင်..အဲဒါ မတ်နဲ့ဧပြီ၂လထဲနဲ့ ၂.၅၃ ဘီလီယံဖိုးတင်ပို ့တယ်ဆိုတဲ့သဘောသက်ရောက်နေတာမို့ ဟုတ်မဟုတ်သိသူတွေ ဖြေစေချင်တာပါပဲ။ […]


kaiApril 10, 20101min3292
Voice Vol.6 / No.23  ကသတင်း၂ခုကို ဒီအတိုင်းကူးတင်ပေးလိုက်ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။ မြန်မာပြည်ဖက်က ကုးခွင့်လည်းမတောင်းနေတော့ပါဘူး။ တောင်းလည်း ပေးချင်လည်း ပေးရခက်ကြီးဖြစ်နေမှာကိုး..။ အဲဒီသတင်းတွေအရ နယ်စပ်က၊ အမေရိကက စတဲ့နိုင်ငံတွေကနေ မြန်မပြည်ပြန်ပြီ း လွှတ်တော်အမတ်လုပ်မယ်ဆိုတဲ့ သူတွေကို သိသာစေပါမယ်။ မြန်မာတွေဟာ အရည်အချင်းရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ”ထင်” မယ်ဆိုရင် တသီးပုဂ္ဂလ ဝင်ပြီုင်ခွင့်ရှိတာတွေ့ရမှာပါ။ ဟုတ်ကဲ့..အမေရိက အပါအဝင် မြန်မာပြည်အပြင်မှာနေတဲ့သူတွေ အဲဒီအခွင့်အရေးမရှိပါခင်ဗျား။ အနီရောင်နဲ့ ဖေါ်ပြထားချက်အရ ဖြစ်ပါတယ်။ ဒီ ၂၀၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရာမှာ ငွေအားအဓိက လိုနေမှာမို့ ..ဖြစ်လာမဲ့ လွတ်တော်အမတ်ကို ငွေနဲ့ ဝယ်လို့ရနိုင်ပါလိမ့်မယ်။ ဝယ်လည်းဝယ်ကြပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ နောင်လာမဲ့ အစိုးရပိုင်းကလူတွေ။ အမတ်တွေဟာ တနှစ်၊ တနှစ် ဘီလီယံ ချီရလာနေမဲ့ […]