Linn LettSeptember 28, 20101min961
ပြီးရင် ကျွန့်တော့်ကို ကောင်မလေးတွေ ကြည့်မရဖြစ်သွားလိမ့်မယ်၊ဒါပေမဲ့ စေတနာတွေဆိုတာ နားလည်ပြီး အဲ့ဒါတွေကိုရှောင်ကြမယ်ဆိုရင်တော့ ့ အမုန်းခံရကျိုးနပ်ပါတယ် မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ =============================== (၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း ———————————————————————— (က)ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို သွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊ (ခ)ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊ အရက်-ဘီယာသောက်ပါတယ်၊ဝိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါ တယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ INTERNET မှာVIDEOများ၊ဓါတ်ပုံများ အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် အိန္ဒြေသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊အမှန်တကယ် ရှိပါတယ် […]


thura.ng2September 23, 20101min1192
သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


thura.ng2September 23, 20101min1102
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။ တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။ မိန်းမကောင်းဆိုတာ […]


လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး ကမ ္ဘာ့တစ်ဝှမ်းတွင် အင်တာနက် အသုံးပြုမူ ရုတ်တရက် မြင့်တက်လာတာနဲ့ အမျှ အွန်လိုင်း Scams နဲ့ Frauds ပမာဏကလည်း မြင့်တက်လာပါတယ်။ ယနေ့တွင် အင်တာနက် အသုံးပြုသူ အများစုဟာ သူတို့ရဲ့ လုံခြုံစိတ်ချရတဲ့ အင်တာနက် အသုံးပြုမူအတွက် အမှန်တကယ် ပြိုင်ဆိုင်နေတဲ့ ဖြစ်ပျက်လေ့ရှိတဲ့ အွန်လိုင်း ခြိမ်းခြောက်မူ အများအပြားကို သတိမမူကြပါဘူး။ ရလဒ်တစ်ခုအနေနဲ့ အွန်လိုင်း လုံခြုံမူက အင်တာနက် အသုံးပြုသူ အများစုအတွက် မေးစရာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် အသုံးပြုသူများ က တွေ့ရတတ်တဲ့ Scams နဲ့ Frauds တို့ကို သတိထားလာတဲ့ အွန်လိုင်း မလုံခြုံမူကို တားဆီးဖို့ နဲ့ သူတို့ကိုယ့် သူတို့ ဘယ်လို […]


etoneSeptember 17, 20101min1111
မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီး ဖတ်ရှု့လို့ရနိုင်ပါပြီ။ အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀ဝ နီးပါးတင်ထားပြီး ဆက်လက်တင်နေဆဲဖြစ်ပါတယ်။ အာလုံးအသုံးပြုလွယ်ကူအောင် ဝဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီး စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။ Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။ ဝဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။ အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။ ဒီအီးမေလ်းလေးကိုလဲ သူငယ်ချင်းများသိအောင် forward လုပ်ပြီး ဖြစ်စေ google status တွင်တင်ပြီးဖြစ်စေ အကြောင်းကြား […]


etoneSeptember 9, 20101min891
သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။ လုပ်ပုံလုပ်နည်း ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့ ဥပမာ နောက်ဆုံး လော့အင်ဝင်ခဲ့တ ဲ့ရက်စွဲ၊ အကောင့် စဖွင့်ခဲ့တ ဲ့ ရက်စွဲ၊ အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊ Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။ အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ […]


ngelay44March 25, 20101min830
ကျမက ဂိုးဂဲလ် ပရိတ်သတ် တယောက်ပါ။ ကျမ ဂိုးဂဲပေးထားတဲ့ ဝက်ဘေ့စ်အီးမေးလ်၊ ရှာဖို ့အင်ဖိုတွေလိုတိုင်း ဂိုဂဲလ်ရှာဖွေမှု စနစ်မှာ အမြဲ ရှိနေခဲ့တာပါ။ ပြီးတော့ ကျမ တက်ကနစ်ရှင် တယောက်အနေနဲ ့ဂိုဂဲလ် Apps တွေကိုုလည်း ဝက်ဆိုက်တွေမှာ အစဉ်တဆက်သုံးနေခဲ့တာပါ။ ကျမသူတို ့ရဲ ့အလုပ်တွေကို တော်တော်လေးစားပါတယ်။ သူတို ့တွေ ရဲ ့ရှာဖွေမှု အသုံးစနစ်က တကယ့်ကို အားကျစရာကောင်းလောက်အောင် ပြိုင်ဖက်ကင်းပါတယ်။ နောက်ပြီး ဂိုဂဲလ် အာ့သ်၊ ဂိုဂဲလ် ဘတ်စ်၊ တွေကလည်း သူတို ့တွေရဲ ့နည်းပညာအသစ်အသစ်တွေဟာ လည်း အံ့ဩသင့်လောက်အောင် ကောင်းမွန်ပြီး ကြိုးစားထားတာ တွေ ့ရပါတယ်။ ကျမ ဂိုဂဲကို တရုတ်က စည်းကမ်းတင်းကျပ်ပြီး ခုဆိုရင် ဂိုဂဲ […]


DaveJanuary 22, 20101min2198
တရုတ်နိုင်ငံတွင် အင်တာနက်ကွန်ရက်အသုံးပြုနေကြသူ သန်းပေါင်းများစွာရှိသောကြောင့် အင်တာနက်နှင့် ဆက်နွယ် သည့် နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းများက ယင်းကြီးမားသောဈေးကွက်ကို မျက်စိကျကြ သည်။ တရုတ်နိုင်ငံတွင် အခြေတကျ အွန်လိုင်းဝန်ဆောင်မှုပေးလျှင် စီးပွားဖြစ်မည်ကို လာဘ်မြင်သော ကမ ္ဘာကျော်ကုမ္ပဏီကြီးများထဲတွင် ဂူဂဲလ်လည်း ပါဝင်ခဲ့သည်။ယခု ဂူဂဲလ်နှင့် တရုတ်အကြီးအကျယ် ပြဿနာတက်နေကြသည်။တရုတ်အစိုးရ အွန်လိုင်း လုံခြုံရေးတာဝန်ရှိသူများက ဂူဂဲလ်တာဝန်ရှိသူများကို အသိမပေးဘဲ မိမိတို့သဘောဖြင့် ဂူဂဲလ်-တရုတ်အွန်လိုင်း ပိုင် နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုသို့ကျူးကျော်ခံရသည့် တရုတ်နိုင်ငံရောက် နိုင်ငံခြားကုမ္ပဏီပေါင်း(၃၀)ကျော် ထဲတွင်ပါဝင်သည်ဆိုသော ဂူဂဲလ်ဖက်က မကျေမနပ်ဖြစ်ခဲ့င်္ပြီး ပြသနာလုပ်နေသည် စသော သတင်းများ၊ ကောလာဟလများ တစ်မျိုး ပြီးတစ်မျိုးပေါ်ထွက်ခဲ့ရာ တရုတ်- ဂူဂဲလ်သပွတ်အူဇာတ်ရှုပ်ကြီးသည် ဂျာအေးသူ့အမေရိုက်ကာ တဝဲလည် လည်ဖြစ်နေလေသည်။ယင်းဇာတ်ရှုပ်ကြီးထဲမှ စိတ်ဝင်စားစရာ လှည့်ကွက်များ၊အချိုးအကွေ့များကို စုစည်း ဖော်ပြသွားပါမည်။ ဂူဂဲလ်အတွင်းလူများ နောက်ကွယ်ကပါကြသလား ကောလာဟလများက […]