ငယ်စဉ်ကတည်းက အစပြုခဲ့တဲ့ နင်နဲ့ငါရဲ့ သံယောဇဉ်က ခိုင်မြဲလွန်းခဲ့တယ်. ကျောင်းသွား ကျောင်းပြန် အတူမခွဲပဲ ငါတို့ နှစ်ယောက် အမြဲ တစ်တွဲတွဲ ရှိနေခဲ့ကြတယ်လေ. ရိုးစင်းလွန်းတဲ့ နင့်မျက်နှာက သိ်ပ်ကို အပြစ်ကင်းလွန်းပါတယ်။ ငါ့တို့ခြံထဲမှာ အတူကစားရင် ကြီးပြင်းလာခဲ့တဲ့ နင်နဲ့ငါ ကျောင်းဖွင့်ရက်တွေမှာ အမြဲအတူ ကျောင်းသွား၊စာကျက်ကြသလိုပဲ. ကျောင်းပိတ်ရက်တွေမှာလည်း တောင်ပေါ်တတ်ပြီး စွန်လွှတ်ခဲ့ကြတယ်လေ. ညနေခင်းတိုင်းမှာ ဆရာခေါ်တမ်း Chess ထိုးကျတာတွေ၊ အိုးမဲသုတ်တမ်း Poker ဆော့ရင် ဖဲခိုးတတ်တဲ့ ငါ့အကျင့်ကြောင့် ဒေါသထွက်တဲ့ နင့်မျက်နှာ… အိုးမဲတွေနဲ့ ညစ်ပေကုန်မှ ရေချိုးတတ်ကြတဲ့ နင်နဲ့ငါအကြောင်းတွေ ပြန်တွေးမိလိုက်တိုင်း အလွမ်းတွေနဲ့ ပြုံးမိနေဆဲပါပဲ။ ကြာခဲ့ပြီဆိုပေမယ့် နင်ဆိုပြတဲ့ သီချင်းတွေကို မှတ်မိနေသေးတယ်. ညဘက်တွေမှာ နင်တို့ အိမ်နောက်က ခုံတန်းကြီးပေါ်မှာ ဂီတာတတ်တဲ့နင့်ဝါသနာနဲ့ အသံဗြဲကြီးနဲ့ […]