အစိမ်းချုပ်
ငါးစိမ်းတစ်ကောင် အပေါင်ထားလို ့
ကြောင်ဝါးတဲ့ ငါးကြော်တစ်ကောင်ကိုမှခုံမင်ရင်း
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ခဲ့တယ် ။
ဒုက္ခဆိုတာ
တကယ်တော့ အချိုမြိန်ဆုံးသစ်သီးတစ်လုံး
သုံးတတ်ရင်ဆေးဖက်ဝင်တယ်တဲ့ ။
အချိန်ဆိုတာ
ငါ့အတွက်တော့ ဧရာမ မက်လုံးတစ်ခု
တယုတယနဲ ့ ထွေးပိုက်ထားတယ် ။
ကိုယ့်သမုဒ္ဒရာကိုမှ ကိုယ်မေ့
( ဦးပေါ်ဦးရဲ ့လက်တွေကိုလည်းမေ့လို ့)
အတ္တအရှိန်အဝါတွေနဲ ့ ရင်ပြည့်
အနာဂတ်နေ ့တွေအတွက် အဓိဋ္ဌာန်ဝင်ခဲ့တယ် ။
အဲသလို .. နေထိုင်ရင်းက
ဝါသနာကို နာရီနည်းနည်းနဲ ့ နှမြော တ သစွာဖဲ့မြည်း
ရုတ်ချည်းထွက်ကျလာတဲ့ အန်ဖတ်တစ်ချို ့
အင်တာနက်တင်ဖို ့မလို
ကိုယ့်ဘာသာကိုယ် ပြန်မြိုချလိုက်တယ် ။
ဒါပေမယ့် …
အစိမ်းချုပ်ထားတဲ့ ဒါဏ်ရာ
နည်းနည်းတော့ နာချင်တာပေါ့ဗျာ ။ ။