အလွမ်းစကား
– ပြန်မလာတော့မယ့်လမ်းမှာ
အလွမ်းပန်းတွေ ခေါင်းငိုက်စိုက်ချ
နေ ့ဖြစ်လိုက် ညဖြစ်လိုက် သောကတွေ ဖုန်ထူထူထလို ့
တစ်ဘဝလုံးကို လွှမ်းခြုံ
မံမီရုပ်တစ်ရုပ်လို လှုပ်မရတော့ဘူး ဖြူရေ … ၊
– ဟိုတုန်းက တိုင်တည်တည်ခဲ့တဲ့ ကတိစကား
ခွဲမသွားကြေးဆိုတဲ့ နိမိတ်အလှတွေကို
အနိစ္စက အတည်မပြုခဲ့ဘူးကွယ် … ၊
– ရေခြား မြေခြား အနေခြားလို ့
လေဆိုတဲ့ အသံကြားရုံနဲ ့ ကြွေရမယ့် ပန်းဘဝမှာ
အညှာလည်းကျိုး
အပွင့်ညှိုးလို ့
တိုးတိုးလေးတောင်မှ နှုတ်ဆက်ခွင့်မရလိုက်တာ ရင်နာတယ် … ၊
– ကျရတဲ့ မျက်ရည်
မလှပတဲ့ ရက်တွေ တစ်ပွေ ့တစ်ပိုက်နဲ ့
ဋ္ဌာနေကို အပြီးတိုင် ပြန်လှမ်းလာတဲ့အခါ
( မကြိုဆိုနိုင်တော့တဲ့ ရင်ခွင်မဲ့ နှလုံးသားကိုမှ .. )
အလွမ်းစကားပွင့်တွေ ပေးပန်ချင်လိုက်တာ ။ ။
၇-၆-၂၀၀၄ ( တနင်္လာ ) တွင် ကွယ်လွန်သော ချစ်ဇနီး ဖြူ (တင်မိုးဖြူ) သို ့ လွမ်းဆွတ် သတိရခြင်း များစွာဖြင့်