ဇီဇီOctober 17, 20131min90253
  ခေါင်းစဉ်က Cat Cat လန် စကားလုံး အတွက် အောင်ကြူးကို ခရက်ဒစ်ပေးပါတယ်။ တိုလီမိုလီ ဆရာပွ ရဲ့ ရေးနည်း နဲနဲကိုလည်း ယူသုံးပါရစေညော်။  ~~~~~~~~~ ကေဇီတို့ မိသားစုက အင်မတန်ကြောင် ချစ်ကြပါတယ်။ မချစ်တတ်တဲ့ ဒက်ဒီကကို နောက်ဆုံးချစ်တတ်သွားတဲ့ထိ သားအမိ ၂ ယောက် စည်းရုံးနိုင်တာပေါ့။ (အမှန်တော့ ဇွတ်ကျတာပါ။) ကြောင်တွေ သားပေါက်တိုင်း ကိုယ့် အချစ်တော် တစ်ယောက်တစ်ကောင်နှုန်းနဲ့ အနည်းဆုံး ၅ ကောင်ကတော့ အဆက်မပြတ်။ တစ်ခါတစ်ခါ တစ်ယောက် ၂ ကောင်နှုန်းကျော်သွားသေးးးး။ ကိုယ့်ကြောင်ကို ဘယ်လောက် အလိုလိုက်နိုင်ကြောင်းက အမြဲပြိုင်ကြပါတယ်။ တစ်အိမ်လုံးမှာ မာမီက ကင်း ဆိုတော့ သူ့ကြောင်ကတော့ အမြဲ ထိပ်ကပေါ့လေ။ ထားပါတော့။ ကိုယ် […]


ဇီဇီSeptember 3, 20132min75242
အမှန်တော့ တခြားဆွေးနွေးချက်တွေကိုပါ ပြောဆိုထားတာကို တင်ချင်တာ။ အစားသမား ၂ ယောက်မို့ ဝက်တောထဲက မထွက်ဘူးဖြစ်သွားပြီ။ ဟိဟိ။ သည်းခံပြီး ဖတ်သွားပါတော့။ ~~~~~~~~~~~~~~~~   ကေဇီ – ကျောက်ကို မေးစရာအများကြီးပဲ။ စုံအောင်သိသူမို့ပါ။။ အဲ! မေးမယ်ဆိုမှ အစရှာမရတော့ဘူးး ဟိ။ ဘာကစပြောမတုန်း?? ကျောက် – ညှင်း… ညှင်း မေးချင်တာသာမေး၊ ဖြေချင်သလိုဖြေမယ်… ဟီ ဟိ! ကေဇီ –  အစားအသောက်သမားမို့ အစားက စတာပေါ့။ ဘယ်အချိန်တွေ ပိုစားဖြစ်တုန်းဗျ။ ကျောက် – အဟဲ… ဘိုတွေလို ပြောရရင်တော့ နံနက်စာ အရေးအကြီးဆုံးမို့ ဘရိတ်ဖတ်တော့ တဝတီးတယ်၊ နေ့လည်စာကတော့ ပုံမှန်၊ ညစာတော့ အရည်များများ ချဉ်ရည်ဟင်းနဲ့ ထမင်းနဲနဲပေါ့။ အင်းဂလိတ်လိုပြောရရင် […]


ဇီဇီAugust 27, 20131min61948
အလွဲ ဆိုလို့ ကိုယ့်ဘဝ လွဲတာတွေ များလွန်းလို့ ဘယ်က စ လွဲရမှန်း (အဲလေ) ဘယ်က စရေးရမှန်းကို မသိဘူးဗျ။   မမွေးခင် အမေက အိပ်မက် မက်သတဲ့။ ဘာတဲ့ ဆင် အထီးတဲ့ဗျာ။ အဲလာ ထုံးစံ အတိုင်း ထင်ရာမြင်ရာ ဗုဒ္ဓဟူးသားကြီးထွက်လာမယ်မှတ်တာ။ အင်္ဂါသမီး တဲ့။ မှတ်မိလောက်တဲ့ အရွယ် ကျောင်း စ နေတော့ သူငယ်တန်းးး စစ်ကိုင်းမှာ ကျောင်းစထားတော့…….. ကျောင်းမှာ ကောင်မလေး တစ်ယောက် က တစ် တန်းက။ ကိုယ့်ကို တွေ့တာနဲ့ လိုက်ဖက်နမ်းတာ။ မှတ်မိသလောက် အတော်စိတ်ညစ်တာ။ အခန်းအပြင်လည်း မထွက်ရဲဘူးးး။ ရန်လည်း မဖြစ်ရဲဘူးထင်တယ်။ မုန့်တန်းတွေ့ရင်လည်း ပါးလိုက်ဖဲ့တာတို့ဘာတို့ လုပ်တာ။ စိတ်ညစ်လွန်းမက ညစ်တော့ […]


ဇီဇီJuly 27, 20134min69354
ဂဂ က ဟိုနေ့က တောင်သမန် ပါတဲ့ ခေါင်းစဉ်နဲ့ အစားအသောက်အကြောင်းတွေ ပြောထားတာဖတ်ပြီး လွမ်းသွားတာ။ တောင်သမန် အစားအသောက်ကို။ ငိငိငိ။ 😀 အဲလာ ဒီဇင်ဘာ ၂၀၁၂ တုန်းက ပြန်တုန်းက ပုံတွေ ပြန်မွှေပြီး တင်လိုက်တယ်။ တောင်သမန် အလွမ်းပြေပါ။ ဒီအချိန်ဆို ရေတွေ တက်ရောပေါ့။ ရောက်တိုင်းလည်း တံတားပေါ်လျှောက်ဖို့ ဝေးစွ။ အစားအသောက်တန်းက မခွါတာမို့၊ တံတားပုံ ကောင်းကောင်းကန်းကန်းတစ်ပုံမှ မရှိ။                       


ဇီဇီJune 18, 20131min62238
မင်းနဲ့ ဝေးနေရပေမဲ့… မင်းအကြောင်း တွေးပြီး ….. ဆွေးနေတဲ့ ကိုယ့် အဖြစ်ကို .. မေးကြည့်လှည့်ပါ။   မင်းကို မထိရလည်း ….. ကိုယ့်ဘဝထဲ မင်းရှိနေတယ်ဆိုတဲ့ .. အသိလေး … မိနေချင်ပါတယ်။   မင်းကို ကြင်နာချင်ပေမဲ့ …. မမြင်သာတဲ့ ကိုယ့်အချစ်တွေကို … ထင်ရာတော့ မတွေးလိုက်စေချင်ပါဘူး။   မင်းကို ချစ်နေရတဲ့ .. ကိုယ့် အဖြစ်ကို စာနာပြီး…. ပစ် မထားခဲ့ပါနဲ့နော်။   မင်း အနားမှာ မနေရဲတဲ့ … ကိုယ့် အမှားတွေကြောင့်… ကိုယ့်ကို အလကားပါကွာဆိုပြီး ….. မစိမ်းကားစေချင်ဘူး။   မတူညီတဲ့ ဘဝတွေမို့ … မကူညီနိုင်တာကို … ဂျပန်မူလီလို မရစ်နဲ့ကွယ်။   မပိုင်သော်လည်း … ဆိုင်နေတယ် […]


ဇီဇီMay 27, 20131min95554
အပူအပင် ကင်းတဲ့ ငယ် ဘဝတဲ့လား။ ဟုတ်မယ်။ ကိုယ်တို့ ငယ်တုန်းကများဆို ကစားဖို့နဲ့ စားဖို့လောက်ပဲ သိခဲ့ရတာ၊ ကျူရှင်ဆိုတာ ခုလိုတွေ အချိန်ပြည့်တက်ရတာမဟုတ်သေး။ အဲဒီတုန်းက ကျူရှင်ယူမှ စာတော်တယ်ဆိုရင်လည်း အချင်းချင်းက ကပ်နှိမ်ချင်ကြတာကလား။ အဲတော့ ကျောင်းဆင်းပြီဆိုတာနဲ့ ကစားကြတာပဲ။ ကျောင်းမှာလည်း အင်မတန် ဆော့ရတာကို အားမရ။ ~~~ ကိုယ် က ငယ်တုန်းကတည်းက ရပ်ကွက် ကလေး လို့ ပြောရမယ်။ မွေးပြီးခါစနေ ၁ တန်းထိက စစ်ကိုင်းမှာ…. ၂ တန်းနဲ့ အရေးအခင်းဖြစ်တဲ့ နှစ်မှာ ထီးချိုင်မြို့… ၃ တန်း စတက်တော့ ပျော်ဘွယ် ကို ရောက်ပြီ။ ၈ တန်းမှာ ရွှေညောင်….. ၉/၁ဝ တန်းမှာ မန်းလေးမှာ ကျောင်းနေတယ်။ […]


ဇီဇီApril 24, 20131min127457
  သူ့ကို…………… စချစ်ခဲ့ရတာက ၂၀၀၁။ အရပ်ရှည်ရှည် လူပိန်ပိန်၊ နှုတ်ခမ်းမှာ ပြုံးပြီး မျက်လုံးမှာ မာန ရိပ် သန်းနေတဲ့ ကောင်လေးတစ်ယောက်ကို။     သူ့ကို…………… သနားပြီးပိုချစ်မိတာက ၂၀၀၃။ သူ့ဖြစ်ရပ်မှန် အသည်းကွဲ သီချင်းဆိုအပြီး စင်ပေါ်မှာ လဲကျသွားခဲ့တဲ့ ပုံရိပ်လေး။ အဲဒီ သီချင်းနောက် လိုက်လာတဲ့ အောင်မြင်မှု တရိပ်ရိပ်ကို အဝေးကနေ မုဒိတာပွါးပြီး ဝမ်းသာခဲ့ရ။ ရော့(ခ) သီချင်းမှ ကြိုက်ခဲ့ကြတဲ့ ရွယ်တူ သူငယ်ချင်းတွေကြား လူစွဲ နဲ့ သူ ဆိုတဲ့ ဟစ်ဟော့တွေ ခိုက်တော့ သူငယ်ချင်းတွေက တအံ့တဩ။ “”ဟစ်ဟော့မစစ်ဘူး””၊ “”ကော်ပီတွေပါ”” ကဲ့ရဲ့သံကြားက သူ့ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အပြုံးမပျက် ထွက်သမျှအခွေ ဝယ်ပြီး နားထောင်ခဲ့။ […]


ဇီဇီApril 18, 20131min106851
ကိုနေဝန်းနီရဲ့ ပွဲကြိုက်သူများဖတ်ပြီး ပွဲဈေးကို လွမ်းသွားလို့ ရေးလိုက်ရတဲ့ စာပါ။ ကိုယ့် ဆရာမြင်ရင်တော့ ဒီ “အစား” ပဲ ပြောနေတယ် ပြောတော့မယ်။  တတ်နိုင်ဘူး။ ဆက်စပ်တွေးမိတာလည်း ဒါပဲရှိတယ်။   🙂 မန်းလေးမှာ က ဆောင်းဝင်ပြီဆိုရင်ကို ပွဲဈေးတွေ စပြီလေ။ ရှိသမျှပွဲတွေလည်း က ကြပြီ။ ကိုယ်ကတော့ ရုပ်ရှင်ခေတ်မှာ လူဖြစ်လားမသိ ပွဲကို ကြည့်ချင်လွန်းလှ၊ ကြိုက်လှချည်ရဲ့ မရှိပေါင်။ ပွဲဈေးလည်ရတာပဲပျော်တယ်။ လည်ရင်လည်း တခြားနေရာမသွားဘူး။ မုန့်ဆိုင်တွေပဲရယ်။ မြန်မာမုန့် တွေ ကို အဓိက စားလို့ရတာလည်း ပွဲဈေးမှာပဲကိုး။ ဘာပဲဖြစ်ဖြစ် ပွဲကြိုက်ခင် ပဲပေါ့လေ။ ပြီးမှသာ ပွဲခင်းမရောက်ပဲ မုန့်တန်းရောက်နေတတ်တာ။    ပြောပြဦးမယ်။ ငယ်တုန်းက အဘိုးအိမ်သွားလည်ပြီး နေနေတုန်း အဒေါ်တွေဆီ စာလာမေးတဲ့ […]


ဇီဇီApril 16, 20131min60039
အလွမ်းတွေက များနေပြီ။ ရေးတော့မရေးချင်ပါဘူး။ စိတ်နာလို့။ သူများတွေ ပျော်နေတာကို အလုပ်လုပ်ရင်း ကြည့်နေရတာဆိုတော့။ အဲဒီတော့ အရင် ပျော်ဖူးထားတာတွေ ပြန်တွေးရတာပေါ့လေ။  ~~~ ငယ်ငယ်တုန်းက မောင်နှမတွေ စုပြီး ရေပက် ကြတာ။ သင်္ကြန်နားနီးရင် လမ်းထိပ်လေး ထွက်ပြီး ရေပက်ရပါမဲ့ အကြောင်း၊ ရေခဲတုန်း ကိုင်ခွင့်ပေးရပါမဲ့ အကြောင်း၊ တစ်ရက်လောက်တော့ ကားလေးနဲ့ လည်ခွင့်ပေးရပါမဲ့ အကြောင်း အကြောင်းကြောင်းတွေ စုပြီး စိတ်ပူရတာလေ။ ကိုယ်တွေ ကလည်း အင်မတန်ချူချာတာ၊ ငယ်တုန်းက။ မောင် နှမတွေ ဖျားရင် တပြိုက်နက်။ အဲတော့ အိမ်တွေက ပေးလွှတ်ဖို့ ပေးကဲဖို့ ဆိုတာ အတော်ကြပ်တယ်ရယ်။ နေပူထဲ မနေရ၊ ရေခဲတုန်းမကိုင်ရ၊ ဦးထုတ်ဆောင်းပါ။ ပေးမလည်ပဲ နေလိုက်မယ် စသည်ဖြင့်လည်း ခြိမ်းခြောက်ကြသေးတာ။ […]


ဇီဇီApril 3, 20133min113145
                                            “”ဟဲ့။ ဟဲ့။ ငါပြောတာ အဲ့တစ်ယောက်၊ အဲ့ တစ်ယောက်”” သူမ စကားသံအလန့်တကြားမှာ အချဉ်ပေါင်းသည်ထံ စိုက်နေတဲ့ မျက်လုံးများ ဟိုကြည့်၊ ဒီကြည့်ဖြစ်ကုန်သည်။ ဝါလေးရယ်၊ ဆွေရယ်၊ ပန်းကလေးရယ်၊ သူမရယ် ကျောင်းက အချဉ်ပေါင်းသည်ဆီမှာ ဝိုင်းနေခိုက်ဖြစ်သည်။ “”ဘယ်မတုန်း၊ ဘယ်မတုန်း””   “”ဟိုမှာလေ။ ပုဆိုးလေးနဲ့ ရှမ်းလွယ်အိတ်လေးနဲ့ဟာ””   “”ဪ စိုင်းလင်း ကိုပြောတာလား။ အဲဒါ ငါတို့ ဂျီတီအိုင်တက်တုန်းက […]


ဇီဇီApril 1, 20131min41319
                          သူ အနားမှာ ရှိနေတုန်းက ပျော်ရွှင်မှုသည် အချစ် ဖြစ်သည်ဆိုလျှင်….. သူ အနားမှာ ရှိမနေနိုင်မှ သိတဲ့ ကသိကအောက်ခံစားမှုသည် အလွမ်းပဲ ဖြစ်မည်။   ရနေတုန်းက အတိုင်းမသိ ယူငင်နေသော အရာများသည် အချစ် ဖြစ်သည်ဆိုလျှင်….. မရနိုင်တော့မှ ဖြစ်ပေါ်လာတဲ့ တမ်းတမှုသည် အလွမ်းပဲ ဖြစ်မည်။   စွန့်လွှတ်ပေးဆပ်ရမှုမှာ ကျေနပ်နေတာသည် အချစ် ဖြစ်သည်ဆိုလျှင်….. ပိုင်ဆိုင်ရယူလိုက်ရ၍ အငြူစူခံရသည့်အရာသည် အလွမ်းပဲ ဖြစ်မည်။   ထွက်ပေါ်စ နေမင်းကို မျှော်လင့်ရသလို ခံစားချက်မျိုးသည် အချစ် ဖြစ်သည်ဆိုလျှင်….. ဝင်တော့မဲ့ […]


ဇီဇီMarch 26, 20131min60521
ဒီ နေ့ တပေါင်းလပြည့်နေ့။ အဖေနေ့ဆိုပဲ။ အဖေကချစ်သော၊ အဖေ့ကိုချစ်သော သမီးတစ်ယောက်အနေနဲ့ သူ့ ကို သတိရရင်း သူ့ အမှတ်တရလေးတွေ ရေးချင်စိတ်ပေါက်လာပါတယ်။ အရင်ကကိုယ့်သဘောကိုဆောင်ခဲ့တဲ့ ကိုယ့်အတွက် ကံကြမ္မာက ခြင်္သေကျွန်းကို ပို့ပြီးဒါဏ်ခတ်ထားတယ်လေ ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ဘဝမို့ ကိုယ့်ကို လိုအပ်တဲ့ လူတွေနားမှာ မနေနိုင်ပြန်ဘူး။  သမီးကို သူ့ အနားမှာပဲ ထားချင်တဲ့ ဒီ အဖေနားမှာ မနေနိုင်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီတုန်းမသိ။  🙁 ကိုးတန်းကတည်းက ခွဲခဲ့ရတာ။ သူတာဝန်ကျတဲ့ နယ်တိုင်းကို သွားလိုက်ပြန်လိုက်နဲ့။ ပြန်တိုင်း တစ်လမပြည့်အောင်နေခဲ့ရတာ။ သူ့ ရဲ့ နည်းပါးလှတဲ့ စကားထဲက သူ့အတွင်းစိတ်ကို မြင်နိုင်တာလည်း ကိုယ်ပဲရှိတယ်။ ဒါပေမဲ့ ငိုတတ်တဲ့ ကလေးမှ မုန့်ပိုရတယ်ဆိုသလို အဖေကို ဘယ်လောက် ပိုချစ်ချစ် […]