kaiApril 4, 20104min3914
အခုတင်လှုပ်တာပါ။ ရှေ ့နောက်ခါသွားတာဖြစ်ပြီး အပေါ်အောက် ဟုတ်ပုံမရတာမို ့ဆုနမိတွေဘာတွေ စိုးရိမ်စရာရှိမယ် မထင်မိပါ။ ငလျှင်ဗဟိုက မက်စီကိုထဲမှာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားနဲ့ မက်စီကိုနယ်စပ်နားမှာဖြစ်ပါတယ်။ တခြားသတင်းတွေ မတက်သေးပါကြောင်း..နဲ့ ခုတလော မြေကြီးထဲအိပ်နေတဲ့ ကာလနဂါး စိတ်ဆိုးနေသလားမသိ..ခဏခဏပျင်းကြောဆန် ့နေပါကြောင်း.. ငလျှင်အကြောင်း သိတာလေးတွေဖြစ်တာလေးတွေ အောက်ကကွန်မန် ့မှာ သတင်းရေးပေးစေလိုပါတယ်။ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေးဂိုဖက်(ငလျှင်ဗဟိုနဲ့ နီးတဲ့မြို ့)မှာ ဗမာတွေ ၃-၄ထောင်လောက်နေတာမို ့သတင်းမရသေးသော်လည်း ပြသနာရှိပုံမရပါဘူး။ ဖုန်းဆက်မေးကြည့်သလောက်ပါ။ ကယ်လီဖိုးနီးယားနေ မိတ်ဆွေ၊ ဆွေမျီုးသူငယ်ချင်းတွေအတွက် အထူးတလည်စိုးရိမ်စရာမရှိပါကြောင်းလည်း တခြားနိုင်ငံ၊ ပြည်နယ်နေ ဗမာတွေကိုသတင်းပေးလိုပါတယ်။ http://maps.google.com/maps?f=q&hl=en&q=32.0931,-115.2491%28M6.9+-+Baja+California,+Mexico+-+2010+April+04+22:40:39+UTC%29&t=h&z=6&iwloc=A http://quake.usgs.gov/recenteqs/ ူငလနါ်  http://media.myfoxla.com/live/2/ M6.9 – Baja California, Mexico – 2010 April 04 22:40:39 UTC […]