ဆူးSeptember 26, 20101min15711
ဒါက စပါးအုံးပါနော ။သူက အကွက်မဲတယ် ။ စပါးကြီးက အကွက်ဝါတယ် ဝိုင်းတယ် ။ စပါးအုံးက နှာခေါင်းရပေါက် ။စပါးကြီးက ၉ပေါက် ။ သိတဲ့ ကျွမ်းကျင်တဲ့သူကတော့ မြင်ရုံနဲ့ သိနိုင်တယ်…… စပါးကြီးသည်းခြေ ဆိုတာ အင်မတန်မှကို ရှားပါးတယ် ။ အတော်လဲ အသုံးဝင်တယ် ။ တခြား အခါးဓါတ်တွေက လျာပေါ်တင် ပြီးသွားကြတာ သူ့ အခါးဓါတ်ကတော့ အကြောပေါင်း တစ်ထောင်အထိ ဖြန့်ကျက်နိုင်စွမ်းရှိတယ် ။ သေခါနီး မျောနေသူကို လျှာပေါ် တစ်ပဲသားလောက်ပဲတင်ပေးလိုက် တစ်နာရီလောက်တော့ ဆက်နိုင်သေးတယ် ။ သေခါနီးရင် အကြောသွေးဆုတ် ကုန်တာကိုး…..စပါးကြီးသည်းခြေက အကြောတွေ သွေးဆက်ပို့နိုင်အောင် ဇင်္ဂမ ဝါယောကနေတွန်းပို့အောင် စေ့ဆော်နိုင်စွမ်း ရှိလို့ပါ ။ အဲ့လိုပဲ ကြောင်တောင်ကန်း […]