erosApril 15, 20111min1749
ယနေ့ MRTV 4 မှသတင်းများတွင် စိတ်ဝင်စားဖွယ်ကောင်းသော သတင်းတခုမှာ ရန်ကုန်မြို့ သင်္ကြန်တွင် မဏ္ဍပ်ကြီး အရေအတွက်ထက် အုန်းလက် မဏ္ဍပ်က ပိုများကြောင်းတင်ပြသွားပါသည်။ ဆက်လက်ပြီး သတင်းကြေငြာသူက MRTV 4 မှ အုန်းလက် မဏ္ဍပ်မှရေကစားသူတဦးကို မေးမြန်းခဲ့ရာ အုန်းလက် မဏ္ဍပ်မှာ မိမိရပ်ကွက်ထဲမှ ခင်မင်သူများနှင့် တနိုင်တပိုင် လုပ်ဆောင်ပျော်ရွှင်ရသောကြောင့် မဏ္ဍပ်ကြီးများထက် ပိုမိုပျော်ရွှင်ရကြောင်း တင်ပြသွားပါသည်။ နောက်သတင်းတခုမှာ သင်္ကြန်တွင်းလိုင်းကားခ များပြောင်းလဲသွားကြောင်း ခရီးစဉ်အလိုက် ၂၀၀၊ ၃၀၀၊ ၅၀ဝ ကျပ်ဖြစ်သွားကြောင်း၊ ကားများမှာ ခရီးစဉ် စဆုံးမပြေးဆွဲကြောင်း၊ အချို့ လိုင်းကားများမှာ သတ်မှတ်လမ်းကြောင်း အတိုင်းမပြေးဆွဲပဲ ခရီးသည်ရမည့် လမ်းကြောင်းများအားပြောင်းလဲ ပြေးဆွဲကြောင်းတင်ပြသွားပါသည်။ ထို့နောက် ကမာရွတ်လှည်းတန်းအနီးတွင် ခရီးသွားသူတချို့ အား LIVE မေးမြန်းခဲ့ရာ လှိုင်သာယာမှ […]