kaiApril 2, 20102min1815
myanmargazette.net တွင်ရေးသားနေသူများသို့…. (Myanmar Celebrity Team) မှ အောက်ပါမေးလ်ကိုလက်ခံရရှိပါသည်။ စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်းတွေ့ရှိရသဖြင့် myanmargazette.net တွင်စာရေးသားသူများကို သတိပေးလိုပါသည်။ မိမိတု့ိရရှိမည်ဖြစ်သောအကျိုးအမြတ်အနည်းငယ်မျှအတွက် သူတပါး၏ အကျိုးစီးပွားကို ရယူသုံးရန်မသင့်ပါ။ သတင်းသမား၊စာရေးဆရာ၏ ကျင့်ဝတ်နှင့်လည်း မညီညွတ်ပါ။ စဖွင့်ကတည်းက တင်ပေးထားသော myanmargazette.net တွင်စာရေးနေသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထပ်မံဖေါ်ပြအပ်ပါသည်။ https://myanmargazette.net/?p=45 သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။ အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။ မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို […]