Aye KhaingJune 18, 20161min47515
 ကျနော့်အသက် ၁၅ နှစ်သားအရွယ်က “သားလုပ်ချင်တဲ့ အလုပ်ကို ရှာတွေ့သွားပြီ။ စာရေးဆရာ ဖြစ်ချင်တာ” လို့ အမေ့ကို ပြောခဲ့သည်။ အမေက “သားလေးရယ်။ မင်းအဖေက အင်ဂျင်နီယာပဲ။ သူက ကျိုးကြောင်းယုတ္တိကိုလည်း လက်ခံတယ်။ ဆင်ခြင်တုံတရားလည်း ရှိတယ်။ လောကကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်တယ်။ စာရေးဆရာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သားသိလား။” “စာအုပ်တွေ ရေးတဲ့သူကို ပြောတာလေ။” “သားရဲ့ဦးလေး ဟာရိုဒို ဆိုရင် ဆရာဝန်လုပ်တယ်။ သူလည်း စာအုပ်တွေ ရေးတာပဲ။ တချို့စာအုပ်တွေဆို ထုတ်တောင် ထုတ်ထားပြီးပြီ။ အင်ဂျင်နီယာပညာ သင်ပြီး အားတဲ့အချိန်ပိုမှာ စာရေးလို့ ရရဲ့သားနဲ့” “မဟုတ်ဘူးမေမေ။ ကျနော်က စာရေးဆရာ ဖြစ်ချင်တာ။ စာအုပ်တွေရေးတဲ့ အင်ဂျင်နီယာ ဖြစ်ချင်တာ မဟုတ်ဘူး။” “သားက စာရေးဆရာ တွေ့ဖူးမြင်ဖူးလို့လား” […]


အက်ရှ်လေကို ဆင့်ခေါ်ခြင်းမှာ ရေတိုကိစ္စအတွက် ဖြစ်သည်။ အပြိုအပျက်ဧရာမကြီးကို ဟိုနည်းနည်း သည်နည်းနည်း ဖာရန် ထေးရန် ခံခုပေးရန် အက်ရှ်လေကို ခေါ်ခြင်းဖြစ်သည်။ အက်ရှ်လေသည် ပထမနှစ်လတွင် ပါးစပ်ပိတ်ထားသည်။ ကြည့်ရှုသည်။ နားထောင်သည်။ နဖူးတွင် ဓာတ်မီးဆင်ပြီး ဥမင်ထဲ နေ့ဝက်ခန့် ဝင်လေ့လာသည်။ သတ္တုတွင်းသုံး လှောင် ချိုင့်များသည် ခေတ်ဟောင်းပုံစံအတိုင်း ကြိုးများ ပူလီများဖြင့် သက်ချည်တက်ချည် သွားရသည်။ ဦးစီးများသည် ထက်ထက်မြက်မြက် မရှိကြ။ ပွေးသတ္တဝါများလို ကျင်းထဲ အနေကြာခဲ့ကြပြီဖြစ်၍ အစွမ်းအစများလည်း ပျောက်ဆုံးကုန်သည်။ သူတို့၏ ပြဿနာကို အက်ရှ်လေအား တင်ပြကြမှ အစွမ်းအစများလည်း ပြန်ပေါ်လာကြသည်။ မည်သည့်အလွှာက အန္တရာယ်ရှိသည်ကို မြင်လာကြသည်။ အက်ရှ်လေသည် အန္တရာယ်ကို နေရာတိုင်းတွင် တွေ့သိနေသည်။ နေလက်စအခြေအနေကြောင့် ထုံထိုင်းတွေဝေနေသော အလုပ်သမားများသည် သတ္တုတွင်းများ၏ […]


mipukayNovember 13, 20091min3862
စီးပွားရေးနှင့်သက်ဆိုင်သောအဖွဲ ့အစည်းများမှ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင်လေးစားကျင့်သုံးရမည့်စံညွှန်းများ (ဘီအက်စီအိုင် မှ လေးစားကျင့်သုံးသည့် စံညွှန်းများ-BSCI Code of Conduct) ကမ္ဘာ့အလုပ်သမားအဖွဲ ့ချုပ်ညီလာခံ၊ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့လူ ့အခွင့်အရေးကြေငြာစာတမ်း၊ ကလေးအခွင့်အရေးနှင့်မိန်းကလေးများခွဲခြားဆက်ဆံခံရခြင်း(ပုံစံမျိုးစုံ) ပပျောက်ရေးကုလသမဂ္ဂညီလာခံ၊ ကုလသမဂ္ဂ၏ကမာ္ဘလုံးဆိုင်ရာသဘောတူညီချက်၊ နိုင်ငံမျိုးစုံတွင်အခြေစိုက်သော ကုမ္ပဏီများအတွက် စီးပွားပူးပေါင်းဆောင်ရွက် ရေးနှင့် ဖွံ ့ဖြိုးရေးအဖွဲ ့၏ လမ်းညွှန်ချက်များအတိုင်း ဘီအက်စီအိုင်၏ ပြုမူနေထိုင်ခြင်းဆိုင်ရာ စံညွှန်းများကို သက်ဆိုင်ရာ လူ ့အဖွဲ ့အစည်းနှင့် ပတ်ဝန်းကျင်တို ့အတွက် ်ကိုက်ညီအောင် ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်ပါသည်။ အဆိုပါစံညွှန်းများသည် ပစ္စည်းပေးသွင်းသူကုမ္ပဏီများသာမက ၎င်း၏ဆင့်ပွားပေးဆောင်သူများအပါအဝင်သည် အဆုံးသတ်ထုတ်လုပ် ပြီးစီးသည် အထိ ဘီအက်စီအိုင်၏အဖွဲ ့ဝင်များကို ကိုုယ်စားပြု ကာလိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်းသတိပြုရပါမည်။ အောက်ဖော်ပြပါ လိုအပ်ချက်များမှာ အထူးအရေးပါသဖြင့် တိုးတက်ရာတိုးတက်ကြောင်းကိုရည်ရွယ် ကာ အခြေပြုအကောင်အထည်ဖော်ထားခြင်းဖြစ်ပါသည်။