(အပိုင်း-၃) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယောရေးနှင့်ဖွဲံ့ဖြိုးရေးကောင်စီခေတ် ၁၉၈၈-၈၉ ကာလတွင်အာဏာရယူခဲ့သော ဗိုလ်ချုပ်ကြီးစောမောင်မှာလည်း ‘ကျွန်တော်တို့စစ်သားတွေရွေးကောက်ပွဲပြီး ယင်စစ်တန်းလျားပြန်မယ်’ဟူသောကတိစကားကြောင့်၊အာဏာဆက်လက်ကိုင်စွဲလိုသူဗိုလ်ချုပ်ကြီးများကသူ့ကိုအာဏာမှဖယ်ရှားပြီး (၁၉၉၀) ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုအာဏာလွှဲမပေးဘဲ ခတ်တည်တည်နှင့်မသိကျိုးကျွံပြုခဲ့သည်မှာယနေ့အထိဖြစ်သည်။ ထိုနောက်ပိုင်းဗိုလ်ချုပ်ကြီးသန်းရွှေတက်လာခဲ့သည်။ ယနေ့မြန်မာပြည်သူဆို့၏အဓိကရေးကြီးဆုံး လိုအပ်ချက်ကား ‘ထမင်းနပ်မှန်ရေး’ပင်ဖြစ်သည်။ နိုင်ငံတကာ (အရှေ့တောင်အာရှနိုင်ငံများတွင်ပင်)ဖွံ့ဖြိုးတိုးတက်မှုများရှိ နေချိန်တွင်မြန်မာနို်င်ငံတွင်ကားအခြေခံအကျဆုံးစားဝတ်နေရေး အတွက်ပြည်သူသန်း(၆၀)နီးပါးကားနေ့တဓူဝရုန်ကန်ကြရဆဲပင်မဟုတ်ပါလား။ သင့်တင့်လျောက်ပတ်သောလူနေမှု စနစ်ဖြစ်ရန်နေနေသာသာ၊ထမင်းနပ်မှန် ရေးကိုလုံးပမ်းရသော လူဦးရေကားတနေ့တခြားကြီးထွားလာပါသည်။ ယင်းအခြေနေမှန်ကိုမသိကျိုးကျွန်ပြုလျက် (၁၉၉၃)မှစတင်၍ပြည်သူတရပ် လုံးကိုအခြေခံဥပဒေသည်မရှိမဖြစ်ဟူ သောလမ်းကြောင်းလွဲမှုနည်းဖြင့်အခြေခံဥပဒေကိုရေးဆွဲအချိန်ဆွဲခဲ့သည်မှာ (၂၀၀၈)ခုနှစ်အထိ (၁၅)နှစ်တိုင်အောင်ပင်။ ဆိုရလျင်ကမ္ဘာပေါ်တွင်နှစ်သက်အကြာဆုံးအခြေခံဥပဒေရေးဆွဲမှု ကိုပြပါဟုဆိုလျင်ဤအခြေခံဥပဒေ ကိုပြရမည် ဖြစ်ပါသည်။ ရန်ကုန်တွင်မူလအခြေစိုက်ထားသောအစိုးရဌာန အဆောက်အအုံများကို (၂၀၀၇)ခုနှစ်လယ်ပိုင်းမှစ၍ အမိန့်အာဏာသုံးကာပြောင်းရွှေ့ခဲ့ပါသည်။ သိရသလောက် ဦးနေဝင်းလက်ထက်ကပင်စစ်ရုံးချုပ်ကိုပျဉ်းမနားသို့ပြောင်း ရွှေ့ရန်အစီအစဉ်ရှိခဲ့သော်လည်းမူလအစီအစဉ်ထက်ပိုမိုထိ ရောက်သော အစီအစဉ်အဖြစ်အစိုးရအဖွဲ့အစည်းနှင့် စစ်ရုံးချုပ်ကိုပါပြောင်းရွှေ့ခဲ့ပါသည်။ အရေးအခင်းနှင့်နိုင်ငံမတည်ငြိမ်မှုမကြာခနဖြစ်တတ်သောရန်ကုန် မြို့ ကိုတစပြင်အဖြစ်ပစ်ထားခဲ့ပါသည်။ ယင်းပြောင်းရွှေ့သွားသောရုံးအားလုံးကိုလူနေအပေါက်အရောက်နဲယုံ မကစစ်ရေးအရအသာစီးရမည့်တည်နေရာဖြစ်သော တောင်ကြားချိုင့်ဝှမ်းနေရာကိုရွေးချယ်ကာအဆောက် အဦးများအခိုင်အခံ့ဆောက်လုပ်နေရာချခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါကအုပ်ချုပ်ရေးနှင့်စစ်ရေး […]