ငြိပြီ … လူအုပ်ထဲမှာ ကျနော်ရှိနေပါတယ်။ ကျနော့်တာဝန်က ဟောပြောပွဲလာ ပရိသတ်တယောက်အဖြစ် လူအုပ်ထဲဝင်နေ၊ သူတို့ဟောသမျှ ပြောသမျှကို အသံဖမ်းယူဖို့နဲ့ လိုအပ်ရင် သတင်းပို့ဖို့။ ခန်းမကျယ်တခုထဲမှာပါ။ ခန်းမက လူငါးရာလောက် ဆန့်နိုင်ပေမယ့် ခန်းမတဝက်လောက်ပဲလူရှိပါတယ်။ မင်္ဂလာစင်မြင့်ကို ဟောပြောပွဲစင်မြင့်လုပ်ထားပြီး ပါတီအလံတွေ တန်းစီထောင်ထားပါတယ်။ ရဲရဲတောက်နေတဲ့ ဟောပြောပွဲ နဖူးစီးကတော့ ‘ရဲရဲတောက် ဒီမိုကရက်တစ်ပါတီရဲ့ ဒေါင်ဒေါင်မြည် ဟောပြောပွဲကြီး’ တဲ့ ဆောင်းဘောက်က ‘နဂါးနီ သီချင်း’ ကို တကြော့ပြီးတကြော့ဆိုလို့။ တော်တော်ရူးတဲ့လူတွေပဲ။ ကိုယ့်ပတ်ဝန်းကျင်လောကကြီးရဲ့ အခြေအနေမှန်ကို နှမ်းတစေ့လောက်မှ မသိတဲ့လူတွေ၊ လူမိုက်တွေ။ ဆောင်းဘောက်က အော်သံကြားရပါတယ်။ “ပါတီဥက္ကဋ္ဌကြီး မိန့်ခွန်းပြောပါတော့မယ်” အသံတွေတိတ်သွားပါတယ်။ ကျနော့်အသံဖမ်းစက်လေးကို ဖွင့်ထားလိုက်ပါပြီ။ “ကျေးဇူးတင်ပါတယ်…ပရိသတ်ကြီးခင်ဗျား…ဒီကနေ့…ဒီနေရာမှာ….” အရေးမပါတာတွေကို တော်တော်ကြာကြာ လျှောက်ပြောနေပါသေးတယ်။ ဒီလိုပြောရင်း၊ ပြောရင်းနဲ့…ဟော စငြိပြီ။ […]