fattyOctober 23, 20111min19314
အမေ ဟင်းချိုသောက်ဖို့လက်လှမ်းပြီး ဇွန်းဖြင့်ဟင်းချိုခပ်ိလိုက်သည်ကို ကျနော်ငေးကြည့်နေမိသည်။ အမေဟင်းချိုပူပူကိုမှုတ်သောက်နေသည်။အမေ့ပါးစပ်က မလုံတော့သဖြင့် ပါးစောင်ထဲမှ ဟင်းချိုများအချို့ပြန်စီးကျလာသည်။ အမေသည်စိုးရိမ်ဟန်ဖြင့်ကျနော့်ဘက်ကိုလှမ်းပြီးကြည့်ရှာသည် …။ စီးကြပါစေအမေရယ် …..။ ဒီလိုမျိုးတွေက နောင် ကျနော်တို့လဲမလွှဲမသွေကြုံကြရအုံးမဲ့ကိစ္စတွေပါ …။ ကျနော် တစ်ရှုးတစ်ရွက်အမေ့ကိုလှမ်းပြီးပေးလိုက်သည် ..။ အမေသည့်သူ့ချွေးမ ကျနော့မိန်းမဘက်သို့ မသိမသာလေးကြည့်လိုက်သည်ကို သတိထားလိုက်မိပါသည်။ ရပါတယ်အမေ … ကျနော်စားလက်စ ဇွန်းခရင်းကိုချပြီး …. စဉ်းစားနေလိုက်မိတော့သည် …။ တချိန်က ကျနော်မှီခိုခဲ့ရသောအမေ ……။ ကျနော်မှီခိုခဲ့ရစဉ် ဘယ်သူ့မျက်နှာကိုမှကြည့်စရာမလို … ကျောင်းလခမှန်မှန်နောက်မကျအောင်ပို့ပေးသည်။ အမေကပို့ပေးပြီးအမေကျွေးသည့်ထမင်းစားနေရသော်လည်း အမေ့မျက်နှာ ကိုကြည့်နေစရာမလို ..။ အခု အမေ့မှာ ဘာမှမရှိတော့ပြီ …။ ကျနော်ကျွေးသည့် ထမင်းစားနေရသော်လည်းအမေသည် သူများမျက်နှာတွေကြည့်နေရပြီ …။ ဟင်း ………လို့သာ သက်ပြင်းချမိသည် ….။ ဒီနေ့ သားရဲ့မွေးနေ့မို့ […]


whiteNovember 24, 20101min570
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးက အမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို “ကောင်လေး ဘုရားသခင်ကို စာတစ်စောင် ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်”လို့ပြောလိုက်တယ်။ ဒါနဲ့ ကောင်လေးကဘုရားသခင်ထံ စာရေးတော့တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီး လုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ” လို့ ရေးလိုက်တယ်။ ကောင်လေးက စာကိုရေးပြီး ပြန်ဖတ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။ “ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေ လုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ […]