Zaw ThantMarch 11, 20151min43241
.. အခုဖြစ်နေတာတွေကြည့်ပြီးProfessionalism ဆိုတာကိုတွေးကြည့်မိတယ်.. အခုဆန္ဒပြမှုကို ကိုင်တွယ်တဲ့သူတွေ Professional ကျကျကိုင်တွယ်ရဲ့လား.. လက်ရှိ စစ်တပ်ဟာProfessional ဖြစ်ရဲ့လား.. အစိုးရ၊ ဝန်ကြီးများ ကိုယ်တိုင်ကကော နိုင်ငံ့ရေးရာတွေမှာProfessional ဖြစ်ရဲ့လား.. ကိုယ်ကိုတိုင်ကော ကိုယ့်အလုပ်မှာ Professionalism ဘောင်အတွင်းဝင်ရဲ့လား.. ..Professionalism ဆိုတာကို မြန်မာလို ဘယ်လို အတိအကျပြန်ရမလဲ မသိဘူး.. Professional ဘောလုံးသမားကိုကြေးစားဘောလုံးသမားဆိုတာက အဆင်ပြေပေမယ့် တခြားနေရာတွေကြတော့ ကြေးစားလို့ ပြန်ရတာသိပ်မနိပ်ဘူး.. (ကြေးစား ဆရာဝန်၊ ကြေးစားအင်ဂျင်နီယာ၊ ကြေးစားစစ်သား တခုမှ နားထောင်လို့အဆင်မပြေဘူး).. .. ဒါနဲ့ပဲ အင်တာနက်ပေါ်ရှာကြည့်တော့ စကားလုံးတစ်လုံးထဲနဲ့အဓိပါယ်ပြန်ဖို့ ပိုခက်သွားတယ်.. ဒါပေမယ့် ဖတ်ရတာ အကျိုးရှိလို့ ပြန်ရှယ်ပါတယ်.. .. နည်းနည်းကြားဖြတ်ပြောဖို့ရှိတာက အခုချိန်မှာ စစ်တပ်၊ ရဲစတဲ့ အစိုးရလက်ကိုင်တုတ်များကို လူအများမုန်းတီးကြပေမယ့် မုန်းလွန်းလို့ဆိုပြီး အဖွဲ့အစည်းတစ်ခုလုံးကိုဖျက်သိမ်းပစ်လို့ […]