သူလျှိုလုပ်ငန်းသည် လက်နက်ကောင်းတစ်ခု   ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာခန် ့က စစ်ပါရဂူဆွန်ဇူး ကသူ၏ စစ်အတတ်ပညာကျမ်းတွင်ဤသို ့ဆိုခဲ့သည်။ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကိုအောင်နိုင်ခြင်းသည်စစ်အတတ်ပညာကျွမ်းကျင်မှု အထွဋ်အထိပ်ဖြစ်၏။တိုက်ရိုက်အသုံးချစစ်ဗျူဟာများသည် တိုက်ခိုက်နေသောစစ်မြေပြင်တွင်သာအသုံးကျ၍ သွယ်ဝိုက်တိုက်ခိုက်သောနည်းဗျူဟာများသည်သာလျှင် ပိုမိုစစ်မှန် ကြာရှည်ခံသော အောင်မြင်မှု ဆီဆောင်ကြဉ်းပေးနိုင်သည်။   ရန်သူတိုင်းပြည်အတွက်တန်ဖိုးရှိသော အရာမှန်သမျှ ပူးသတ်နှောင့်ယှက်ရမည်။ရာဇဝတ်မှုများထူပြောလာအောင် ရန်သူနိုင်ငံရှိရာဇဝတ်နှိမ်နင်းရေးတွင် အဓိကကျသောအင်အားစုများတွင်သူ့လူကိုယ့်ဘက်သားအဖြစ်ပါဝင်ကာနှောင့်ယှက် ဖျက်ဆီးရမည်။ထိုသူများ၏ ရာထူးအာဏာများကို ကိုင်လှုပ်ရမည်။ဂုဏ်သိက္ခာကိုထိခိုက်အောင်လုပ်ရမည်။ ၎င်းတို့အပေါ် တိုင်းသူပြည်သားများ၏အထင်အမြင်သေးမှု၊လှောင်ပြောင်သရော်မှုများဖြစ်စေရမည်။၎င်းတို့အပေါ်တိုင်းသူပြည်သားများ၏ ယုံကြည်ကိုးစားမှု၊လေးစားကြည်ညိုမှုများလျော့နည်းပျက်စီးအောင်လုပ်ဆောင်ရမည်။   သူခိုး၊ဓားပြ၊သူတောင်းစား စသူတို့ထံမှ အကူအညီကိုပင် မငြင်းပယ်ရ။လိုအပ်လျှင် မည်သူ့ထံမှမဆိုယူရမည်။ရန်သူနိုင်ငံ အစိုးရ၏လုပ်ငန်းမှန်သမျှနှောင့်ယှက်ရမည်။ရန်သူနိုင်ငံ၏တိုင်းသူပြည်သားများစည်းလုံးမှုပြိုကွဲအောင်လုပ်ရမည်။အငြင်းပွားဖွယ် ကိစ္စများဖြစ်အောင်ဖန်တီးရမည်။ လူငယ်များကလူကြီးများကိုအာခံတော်လှန်အောင်မှိုင်းတိုက်ပေးရမည်။ရန်သူနိုင်ငံ၏စစ် အင်အား၊ထောက်ပံ့ရေး၊တပ်တွင်းစည်းကမ်းများစသည်တို့ကိုနည်းမျိုးစုံဖြင့်ယိုင်နဲ ့အောင်လုပ်ရမည်။ဖြိုဖျက်ရမည်။   ရှေးရိုးအစဉ်အလာ အယူသီးမှုများကိုလျော့ချရမည်။သတင်းဝယ်ယူရာတွင်လည်းကောင်း၊ကြံရာပါများရှာဖွေရာတွင် လည်းကောင်းငွေကြေးနှင့်ကတိတို့ကို ရက်ရောစွာသုံးစွဲပါ။မချွေတာရ။လျှို့ဝှက်သူလျှိုများကို နေရာအသီးသီး ဘက်အသီးသီး သို့စေလွှတ်ရမည်။မိမိဘက်တော်သားသူလျှိုများအတွက်လည်းငွေကြေး၊ကတိစသည်တို့ကိုရက်ရောစွာပေးရမည်။ထိုမှသာလျှင် သူတို့သည်မြင့်မားသောအဖိုးတန်လုပ်ဆောင်ချက်များကိုလုပ်ဆောင်ရရှိနိုင်ပေမည်။   အထက်ပါစာပိုဒ်သည် ဆွန်ဇူး၏ စစ်အတတ်ပညာကျမ်းမှ […]