နအဖက ဖွဲ့စည်းပေးထားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း – မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ  အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။ ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေဟာ အိမ်မှာ လိုလေသေး မရှိအောင် မိဘတွေ ထားပေးတဲ့ကြားက မိဘတွေကို စိတ်ဆိုးစိတ်ကောက်ပြီး ထွက်လာကြတာ တစ်မျိုး၊ မြန်မာနိုင်ငံမှာ အလုပ်တွေ တောင်လို ပုံအောင် ရှိနေတဲ့ကြားက အပျော်သဘောမျိုးနဲ့ အလုပ် ထွက်လုပ်တာမျိုးက တဖုံ၊ သူငယ်ချင်းတွေနဲ့ စုမိပြီး သူများခေါ်လို့ လိုက်လာကြတာက တစ်နည်း စသဖြင့် ထွက်လာကြတာလို့ ဆိုပါတယ်။ […]