သူ ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ နာရီလေး တစ်လုံးလက်ဆောင် ရတယ်။ ရိုးရိုး မီးခိုးရောင် ပလတ်စတစ် ဒစ်ဂျစ်တယ် လက်ပတ် နာရီကလေး တစ်လုံးပါ။ တစ်ခုပဲ..သူက အချိန်တစ်ခု ကို လျော့လျော့ပြီး ရေပြနေတာ။ count down ပေါ့။   “နာရီမှာ ပြနေတဲ့ အချိန်က မင်းဘဝ လက်ကျန်အချိန်ပဲ သား..ဉာဏ်ရှိရှိသုံးနော်။” တဲ့ ။ သူ့ အဖေက မှာခဲ့တယ်။   သူတကယ်ကို လိုက်နာခဲ့ပါတယ်။ နာရီက စက္ကန့်တွေ တဖြုတ်ဖြုတ်ကြွေ ၊ သူလည်း လူငယ် လေးကနေ လူကြီးဖြစ်။ ဘဝကို ပြည့်ပြည့်ဝဝကြီး နေခဲ့သပေါ့။ တောင်တွေကို တက်ခဲ့။ ပင် လယ်တွေ ကူးဖြတ်ခဲ့။ ပြောခဲ့ ဆိုခဲ့၊ ရယ်ခဲ့ […]