နောက်နေ့မနက်ကျတော့ ဘယ်လ်ဝမ့် ဆင်းဂ် ကြီးကို သူ့အခန်းထဲမှာ အားလုံးတွေ့ကြရပါတယ်။ နို့ ကရားလေး နဲ့ သတင်းစာကတော့ တံခါးဝက ဖိနပ်ချွတ်မှာ ဒီအတိုင်းလေး။ အခန်းနံရံ မှာ သူ့ချိုင်းထောက်လေး နှစ်ဘက်ကို သေသေသပ်သပ်လေး ထောင်ထားလို့။တစ်လုံးတည်း သော သစ်သားကုတင်ကိုတော့ အခန်းထောင့်ကို ရွှေ့ထားတယ်။ အိပ်ယာဘေးက စားပွဲခုံလေးပေါ်မှာ လက်ဘက်ရည်ကြမ်းခွက်ကလေးတစ်လုံး။ လက်ဘက်ခြောက် ဖတ် ကလေးတွေတောင် ခွက်ထဲမှာ ရှိနေသေးတာ။အခန်းအလယ်တည့်တည့်မှာတော့ ထိုင်ခုံကလေးတစ်လုံးက လဲ နေရှာတယ်။ ထိုင်ခုံရဲ့ အထက်မှာကျတော့ လေထဲမှာ မသိမသာလေး လှုပ်ယမ်းနေတဲ့ ဘယ်လ်ဝမ့်ကြီးရဲ့ ခြေထောက်နှစ်ချောင်း။ မျက်နှာကျက် ပန်ကာကနေ တွဲလောင်းကျလာတဲ့ ပန်းရောင်အဝတ်စတစ်စက သူ့လည်ပင်းမှာ ချည်လို့ဗျ။ သူအမြဲဝတ်လေ့ရှိတဲ့ သံလွင်စိမ်းရောင် စစ်ယူနီဖောင်းကို  နောက် ဆုံးအချိန်ထိ ဝတ်ထားရှာတယ်။သူ့ခေါင်းကတော့ ရင်ဘတ်ပေါ်ငိုက်စိုက်ကျလို့။သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ […]


ထုံးစံအတိုင်း ဒယာနက်ရှ်က မေးနေကျ မေးခွန်းကိုပဲ ထပ်မေးပြန်တယ်။ “ဒါနဲ့ ..ဒီတိုက်ပွဲမှာရော.. အဘ ဘာဆုတံဆိပ် ရခဲ့သေးလဲ” အဘိုးကြီး ငြိမ်ကျသွားလိုက်တာ မေ့ကြောများ ထိသွားသလားမှတ်ရတယ်။ ခဏကြာတော့မှ ခါးသီးတဲ့လေသံ နဲ့ – “ငါတော့ ဘာဆိုဘာမှ မရပါဘူးကွာ…တို့ အမှတ် ၃၅ ဆစ်တပ်ရင်းမှာ အမ်ဗွီစီ နှစ်ယောက်၊ ပီဗွီစီ နှစ်ယောက်ရတယ်..ငါ့အဖွဲ့က သုံးယောက်က သိန ဆုတံဆိပ် အသီးသီးရကြတယ်..သူတို့အတွက် ကျဆုံးတဲ့ အထိမ်းအမှတ် အဆောက်အအုံကို ဂျော်ရီယန် မှာ တည်ဆောက်ပေးခဲ့တယ်ကွာ..ငါကတော့..ဘာမှကို မရခဲ့တာ…အသိအမှတ်ပြုတဲ့ စာတိုလေးတစ်စောင်..စကားလေးတစ်ခွန်း တောင် မရခဲ့တာ…ငါ့ရဲ့ ရဲဝင့်စွန့်စားမှုကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ဘူး..ဘယ်သူမှလည်း မသိခဲ့ဘူး…” သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောတယ်။ “ဒါပေမဲ့လို့  ဝမ်းနည်းစရာရယ်တော့ မရှိပါဘူးကွာ…အေမာဂျိုတီမှာ အမည်မသိတဲ့ အညတရ စစ်သားအလောင်းတွေကို မီး […]


ပုံပြောကောင်းတဲ့ အဘိုးကြီး။ ကောင်းခန်းရောက်ခါမှ ရေတစ်ခွက်လောက် ဆိုတော့ မနည်းသည်းခံပြီး သိချင်စိတ်ကို အောင့် ထားရတာ။သူ့ဇာတ်လမ်းမှာ ကျွန်တော်တို့ မျောနေပြီဆိုတာ သိလို့ ကလိလိုက်တာ ဖြစ်မှာ။အဲဒါနဲ့ တစ်ယောက်က ထပြီး ကော်ဖီထည့်တဲ့ ဖော့ခွက်လေးတစ်ခွက်နဲ့ ရေခပ်ပြီး ဘယ်လ်ဝမ့် ဆင်းဂ်ကြီး ကို အမြန်သွားပေးတယ်။ကျွန်တော်တို့ လည်ပင်း လေးတွေဟိုလှည့်သည်လှည့်နဲ့ ရေသွားခပ်တဲ့လူကိုလိုက်ကြည့်လိုက်..ဘယ်လ်ဝမ့် ဆင်းဂ်ကြီးလက်ထဲ ရေခွက်ရောက်သွားလို့ သူရေသောက်နေတာကို ကြည့်လိုက်နဲ့ စိတ်ကို မနည်းရှည်အောင်ထားနေရတယ်။ ဘိုးတော်က ရေများ အရသာခံသောက်နေ လား မသိပါဘူး။ ရေသောက်ပြီးကာမှ သူ့ဇာတ်လမ်းကို ပြန်ဆက်ပါတော့တယ်။ “အဲဒီအချိန်လောက်မှာ အက်ခ်နူးက အမှတ် ၃၆၈ တပ်မရဲ့ ဗိုလ်မှူးချုပ်တစ်ယောက် တို့ဆီရောက်လာသကွ..သူ လည်း ဒီမှာဖြစ်နေတဲ့ဗရမ်းဗတာ ဝရုန်းသုန်းကား အခြေအနေကို မြင်ရတော့တာပေါ့..စစ်သားတွေဆိုတာလည်း သွေးရူးသွေးတန်း ပြေးလွှားနေကြတာ..မြေပြင်တစ်ခုလုံးလည်း ဗုံးတွေ […]


“အဲဒါနဲ့ နောက် ဘာဆက်ဖြစ်လဲ ပြောပါဦးဗျ..” မစ္စတာ ဝါဂဲလ် က စကားကို ပြန်ဆက်ခိုင်းတယ်။ “ထူးထူးခြားခြား သိပ်မရှိတော့ပါဘူး…ငါလည်း ရန်သူ့ဘန်ကာဆီသွားတယ်..အဲဒီမှာ ပါကစ္စတန် စစ်သားသုံးယောက် အလောင်း နဲ့ ခါနေးလ် အလောင်း ရှိတာ..ခါနေးလ် အလောင်းကို ပခုံးပေါ်ထမ်းလို့ ငါ့တပ်ဆီပြန်သယ်လာခဲ့တာပေါ့..နောက်နေ့မနက်ကျတော့ ခါနေးလ် အလောင်းကို မီး သဂြုႋဟ် တယ်..ငါ့တပ်မှူးကို ခါနေးလ် ရဲ့ ရဲဝံ့ပြောင်မြောက်တဲ့ တာဝန်ထမ်းရွက်မှုကို သေသေချာချာပြော ပြတော့ တပ်မှူးက ခါနေးလ်ကို အမ်ဗွီစီ ဘွဲ့တံဆိပ် ပေးဖို့ ထောက်ခံချက်ပေးလိုက်တော့တာပဲ..အင်း..ခုထိ သူ့မျက်နှာကို မြင်ယောင် တုန်းပါပဲ…” စစ်သားအိုကြီးက သူ့ရဲဘော်ရဲဘက် ခါနေးလ်ကို သတိရမိလို့ပဲလားတော့ မသိဘူး..မျက်လုံးတွေမှာ မျက်ရည်စလေးတွေ သီလို့။ “အမ်ဗွီစီ ဆိုတာ ဘာတုန်း အဘရဲ့..” ဒယာနက်ရှ် က […]


မောင်ဘလိုင်November 21, 20111min1232
“ဒီလိုနဲ့ ..တိုက်ပွဲစတဲ့ ဒီဇင်ဘာ ၃ရက်နေ့ ည မှာ တို့လေးယောက်က ရှေ့ဆုံးတန်း ဘန်ကာထဲမှာ ရှိနေတာပေါ့..အဲ..” အဘိုးကြီးပြောနေတုန်း ပူတူးက ဖြတ်မေးသေးတယ်။ “အဘ တို့ ဘန်ကာထဲမှာ တီဗီရော ရှိလားဟင်…” အဘိုးကြီးက ရီတယ်။ “မရှိပါဘူး ..ငါ့မြေးရယ်.. တီဗီလည်း မရှိဘူး ..ကောဇောလည်း မရှိဘူး..ကျဉ်းကျဉ်းကျုတ်ကျုတ်လေး ရယ်..တို့ လူလေးယောက်  ဝမ်းလျားမှောက်တိုးဝင်ရတာ…ခြင်တွေကိုက်လိုက်တာလည်း မပြောနဲ့..တစ်ခါတစ်လေ မြွေတွေ ဘာတွေတောင် ဝင်လာတတ်  သေးတာ..” အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် အသံက ပိုပြီး လေးနက်တည်ကြည်လာတယ်။ “မင်းတို့အထဲမယ် ..ဘယ်သူက ချမ်းဘ် နယ်မြေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီးရှိလည်း တော့ ငါမသိဘူး..အဲဒီနေရာက မြေပြန့်ဆိုပေမဲ့ မီးခိုးရောင် ကျောက်တုံးတွေရယ်..ဆာကန်ဒါလို့ခေါ်တဲ့ မြက်ရိုင်းပင် အရှည်ကြီးတွေ ရှိတယ်လို့တော့ သိကြတာ..မြက်ရိုင်းပင်ကြီးတွေ […]


တီဗီက စစ်သတင်းကို တိုက်ရိုက်လွှင့်နေတာ။ တီဗီ ဖန်သားပြင်မှာတော့ စိမ်းဖန့်ဖန့် မြူတွေလား အခိုးတွေလားပဲ လွှမ်းခြုံထားလို့ ဝေတေဝါးတား ဖြစ်နေတာပဲ မြင်နေရတယ်။ ဟော..ဒုံးကျည်ပစ်စင် တစ်ခုမှာ ဒုံးကျည်တစ်စင်းကို ထည့်ပြီး စစ်သားတစ်ယောက်က ခလုတ်ကို နှိပ်ထည့်လိုက်တာ။ဒုံးကျည်က မီးပွားတွေ ပန်းထွက်ပြီး ထိုးတက်သွားတာပဲ။ မိနစ်ဝက် လောက်ကြာတော့ အတော်တော်လှမ်းတဲ့နေရာတစ်ခုမှာ စိမ်းဝါဝါ မီးတွေ လက်ခနဲဖြာထွက်ပြီး ပေါက်ကွဲသံသဲ့သဲ့ကြားလိုက် ရတယ်။ ဒုံးပစ်စင်ဘေးက စစ်တပ်အရာရှိက သွားဖြဲပြီး – ပစ်မှတ်ကို အတိအကျ ထိမှန်ပါတယ် လို့ သတင်းထောက်ကို ပြောနေလေရဲ့။ အရာရှိရဲ့သွားတွေက သဘာဝအတိုင်းမဟုတ်ဘဲ စိမ်းတိမ်းတိမ်း ဖြစ်နေသယောင်ယောင်။နောက် ဆယ် စက္ကန့်လောက်ကြာတော့ ဒုံးကျည်တစ်စင်း ပစ်စင်ပေါ် ထပ်တင်ကြပြန်တယ်။ သတင်းထောက်က ကင်မရာဘက်လှည့်ပြီး – “ဟုတ်ကဲ့..အခု ရာဂျက်စ်သန် နယ်မြေမှ […]


စစ်သားအိုကြီး    ည ရှစ်နာရီခွဲပြီဆို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေး ဥဩသံက အချိန်မှန် ဆွဲ ပြီ။ ဥဩဆွဲသံကြားတာနဲ့ ကျွန်တော်တို့နေတဲ့ တန်းလျားမှာ ဝရုန်းသုန်းကားတွေဖြစ်တာလည်း အမြဲလိုလိုပေါ့။ လွန်ခဲ့တဲ့အပတ်အတွင်းကတည်းကပဲ.. စစ်ရေးအခြေအနေကြောင့် ဒီလိုမျိုးတွေကို ကြိုတင်မှန်းမျှော်ပြီး လူတွေကို အန္တရာယ်ကင်းအောင် လော်စပီကာကနေ ညွှန် ကြားချက်တွေ ထုတ်ပြန်ခဲ့တာ။ မီးတွေ ရှိသမျှ ပိတ်၊ ငြှိမ်း။ ကိရိယာတန်ဆာပလာမှန်သမျှ ပိတ်ထား ၊ ဖြုတ်ထား။ဓာတ်ငွေ့ ပိုက်တွေလည်း ပိတ်ထား။ အိမ်ကို တံခါးပိတ်ပြီး ဗုံးခိုကျင်းထဲသွား။ အဲဒီညွှန်ကြားချက်တွေအတိုင်း အစီအစဉ်တကျ လိုက်နာ။ ဗုံးခိုကျင်းက ကျောင်း အောက်မှာရှိတာ။တော်တော်တော့ ကြီးသား။ ထောင့်မှန်စတုဂံပုံ ခန်းမကြီးတစ်ခုပါပဲ။ အထဲမှာ မီးရောင်ကတော့ ခပ်အုပ်အုပ်ပဲ ထွန်းထားတယ်။ အရောင်းအဆင်း လွင့်ပြီး ဖုန်တသောသောတက်နေတဲ့ အနီရောင် […]


မီးနက်ခ်ရှီ က ကျွန်တော့်ကို ဖျတ်ခနဲ ခိုးကြည့်တယ်။ သူကြည့်တဲ့ပုံက ဆလင်းက ရုပ်ရှင်စတားတွေကို ကြည့်တဲ့ပုံမျိုးနဲ့ တောင်သွားတူနေသေး။ဒီအချိန်မှာ သူ ကျွန်တော့်ကို ကြွေနေမှာ ..သိတာပေါ့။ ခုနေမှာ သူ့ကို လက်ထပ်ခွင့်တောင်းရင်တောင် ငြင်းမယ်မထင်ဘူး။လက်ထပ်ပြီး ကလေးတွေမွေး၊ပျော်ပျော်ကြီးနေ..။ ဟို..ရူးပီးငါးသောင်းတောင် မပါဘူး။ဪ..ဒါပေမဲ့.. သူ့ကို ကျွန်တော်ပြန်ပြီး မရှိုးနိုင်တော့ဘူး။အကုန်လုံးပြောင်းလဲသွားပြီကိုးဗျ။ကျွန်တော်တော့ လက်ထဲက သေနတ်ရယ်..နာ မည်တောင်မသိတဲ့ ဓားပြရဲ့အလောင်းကိုပဲ ကြည့်နေမိတယ်။ ခုတော့လည်း သူမဟုတ်တဲ့အတိုင်းပဲ..သေနေလိုက်တာများ ..။ဓားပြမျက်နှာကို ဘာရယ်မဟုတ်ဘူး..ကျွန်တော် ကြည့်နေမိတော့တာ။ ဟုတ်တယ်..ဒီလူက တခြားနည်းလမ်းတွေနဲ့ သေချင်သေသွားနိုင်တာပဲ။ အများကြီး..။လူထူထူဈေးထဲမှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီးသေချင်သေသွားနိုင်မှာပဲ။ လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း တခြားလူဆိုးဂိုဏ်း က ငနဲတွေ ဝိုင်းပြီး အရေခွံဆုတ်လို့ သေချင်သေသွားနိုင်တာပဲ။ဆေးရုံပေါ်မှာ ကာလနာတိုက်လို့လည်း သေနိုင်တာ။ ကင်ဆာ ဖြစ်လို့..အေကိုက်လို့ဖြစ်ဖြစ် သေနိုင်တာချည်း။ ဒါပေမဲ့ […]


သူ့လက်ထဲက သေနတ်နဲ့ မျက်နှာနားကပ်ချိန်တော့ ကျွန်တော်လည်း မတတ်သာတော့ဘူး။ သေနတ်ရဲ့ တန်ခိုးအာဏာကြောင့် ကျွန်တော်အလျှော့ပေးရပြီ။စစ်ရှုံးသွားတဲ့ သူရဲကောင်းတစ်ယောက်လို့ပေါ့။ အတွင်းခံထဲ အသာ လက်ကလေးလျှိုနှိုက်လို့ မနီလာ စာအိတ်လေးကို ထုတ်ယူလိုက်တယ်။စာအိတ်က ချွေးတွေနဲ့တော်တော်လေးကို စိုထိုင်း စေးကပ်နေတာပဲ။စာအိတ်ကို ကိုင်ရင်း သိမ်ငယ်ရှက်ရွံ့မှုက ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံလာတယ်။ဓားပြက ကျွန်တော့်လက်ထဲကနေ စာအိတ်ကို ဆတ်ခနဲ ဆွဲ ယူပြီး ဖွင့်ကြည့်လိုက်တယ်။အထဲက ပိုက်ဆံ အသစ်ကျပ်ချွတ်တွေမြင်သွားတော့လေတစ်ချက်ချွန်လိုက်သေးသဗျ။ “ဟ..ဒီပိုက်ဆံတွေ မင်းဘယ်ကရလဲ ..ခိုးလာတာပဲဖြစ်မယ်..ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး” သူ့အိတ်ကြီးထဲ ပစ်ထည့်လိုက်တော့တာပဲ။ “ကဲ ..ငြိမ်ငြိမ်လေးနေကြနော်..ဟိုဘက်ခြမ်းမှာ ကျုပ်လူတွေနဲ့ သွားတွေ့ဦးမယ်..” ကျွန်တော်လည်း ထူထူထိုင်းထိုင်းကြီး ဖြစ်ပြီး ရပ်နေမိတယ်။သွားပြီ..ပါသွားပြီ..။သန်းငါးဆယ်..အိပ်မက်ကလေးတွေ တဒင်္ဂအတွင်းမှာ သူများက ဇိုးဇိုးဇတ်ဇတ်(ဆိုးဆိုးဆတ်ဆတ်)နဲ့ လုယူသွားပါပကော။ ကျွန်တော့်အိပ်မက်ကလေးတွေ ဓားပြ ကောင်ရဲ့ အိတ်ကြီးထဲမှာ သူများတကာရဲ့ ပစ္စည်းတွေနဲ့ အရောရော […]


ဆယ်နာရီထိုးပြီ။ တွဲထဲကလူတွေလည်း အိပ်ဖို့ပြင်ကြပြီပေါ့။အက်ခ်ရှေး အမေက ခရီးဆောင်အိတ်ကြီးထဲကနေ မိသားစုလေးယောက်စာအတွက် အိပ်ယာခင်းတွေ ဘာတွေထုတ်ပြီး အိပ်ဖို့ ခင်းကျင်းနေတယ်။ ကလေးပေါက်စနဲ့ အမျိုးသမီးကတော့ ကျွန်တော့်ဘေးက အိပ်စင်အောက်ထပ်မယ် အိပ်ပျော်နေပြီ။ခေါင်းအုံးတွေ အိပ်ယာခင်းတွေ ဘာတွေလည်း မရှိရှာပါဘူး။ကျွန်တော့်မှာလည်း အဲဒါတွေမပါဘူး။သိပ်လည်း အိပ်ချင်စိတ်မရှိသေးတာနဲ့ ပြတင်းပေါက် နားကပ်ထိုင်ပြီး အပြင်ကိုငေးနေမိတယ်။ပြတင်းပေါက်က လေအေးတွေ ကျွန်တော့်မျက်နှာကို ဖြတ်တိုက်နေတာနဲ့ အိပ်ချင်စိတ်ပြေသလိုဖြစ်နေတာ။ရထားကြီးကတော့ အမှောင်ထဲမှာ တဂျုံးဂျုံးနဲ့ ပြေးလွှားလျက်ပေါ့ဗျာ။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် အောက်ဘက်အိပ်စင်မှာ အက်ခ်ရှေး အမေကြီးအိပ်တယ်။အဲဒီအပေါ်မှာကျတော့ မီးနက်ခ်ရှီ။ကျွန်တော့် အပေါ်မှာ အဖေလုပ်တဲ့သူက တက်အိပ်တယ်။ အက်ခ်ရှေးကတော့ ကျွန်တော့်ဘေးက သား အမိနှစ်ယောက် အပေါ်ထပ်မယ် အိပ်တယ်။သူတို့ အဖေကြီးကတော့ ချက်ချင်းလိုလို အိပ်ပျော်သွားပုံပဲ။သူ့ဟောက်သံ က ခဏနဲ့ ထွက်လာတာကိုး။အမေကြီးကတော့ သူ့ကိုယ်ကို တစ်ဘက်လှည့်ပြီး စောင်လေးဆွဲခြုံလို့ ။ကျွန်တော်လည်း […]


ညရှစ်နာရီလောက်မှာ ဝေ့စ်ကုတ် အနက်ရောင်ဝတ်ထားတဲ့ လက်မှတ်စစ် ကျွန်တော်တို့တွဲထဲဝင်လာတယ်။ကျွန်တော်တို့ ခရီးသည်တွေအားလုံးကို လက်မှတ်လိုက်တောင်းတော့ ကျွန်တော့်အလှည့်ရောက်တဲ့အခါမှာ ဟန်ပါပါနဲ့ လက်မှတ်ကို ရွှိခနဲ ဆွဲထုတ်ပေးလိုက်တယ်။ဟဲဟဲ..ခိုးစီးတာမဟုတ်ဘူးနော်။အမှန်အကန်။လက်မှတ်စစ်က သေချာတောင် မကြည့်ပါဘူး။လက် မှတ်ဆွဲယူ၊ ဗြိဗြိ ဆို ခြစ်ပြီး ကျွန်တော့် ပြန်ပေးလိုက်တာပဲ။လက်မှတ်စစ်ထွက်သွားတာနဲ့ ကျွန်တော့်ရှေ့က မိသားစုက ထမင်းစားဖို့ပြင်ကြတယ်။အမေလုပ်တဲ့ ဘွားတော်က ထမင်းဟင်းတွေထည့်ထားတဲ့ လေးထောင့်ဘူးလေးတွေဖွင့်တော့ ဟား..စားစရာတွေမနည်းဘူးပဲ။ပူရီတွေ၊ အာလူးဝါဝါတွေ၊ အနီရောင် သနပ်တွေ(သရက်သီးသနပ်လား ဘာလားတော့မသိ)၊ အချိုတည်းစရာတွေ စုံလို့ပါလား။ဟင်းနံကျွေးနံလေးရတော့ ပါးစပ်စိုလာတယ်။ ကိုယ့်အိမ်မှာကိုယ်လုပ်ပုံရတဲ့ ဂူလပ်ဂျမန်း (မလိုင်လုံးကို ရွှေအိုရောင်ပေါက်အောင်ကြော်ပြီး သကာရည်စိမ်ထားတာ)၊နဲ့ ဘာဖီး (နို့ခဲ) နံ့လေးက တစ်တွဲလုံး သင်းလာတော့ သွားရည်ကျချင်နေပြီ။အဲဒါတွေမြင်ပြီး ကျွန်တော်လည်းဆာလာတယ်။စားသောက်ခန်းကလည်း ထမင်းစားဖို့လာမခေါ်သေးဘူး။ ဘူတာကနေ တစ်ခုခု ဝယ်စားသင့်သလား၊ဝယ်စားရမလား ကျွန်တော်တွေးနေမိတယ်။ သူတို့မိသားစုစားနေတာ မြိန်မြိန်ရှက်ရှက်နဲ့ အားရစရာကြီးဗျာ။အဖေလုပ်တဲ့ ဘိုးတော်က […]


မောင်ဘလိုင်September 26, 20111min1694
အမြန်ရထားပေါ်မှ လူသတ်မှု နယူးဒေလီရဲ့ ပဟာဂျန် ဘူတာရုံကြီးက လူသံသူသံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဆူညံစည်ကားနေတာ။ မီးခိုးရောင် ပလက်ဖောင်းတွေကအဖြူတောက်တောက် ပြန်သုတ်ထားတယ်။ရထားအင်ဂျင်တွေက မီးခိုးတွေ မှုတ်ထုတ်လို့ နားမခံသာတဲ့ တရွှီရွှီမြည်သံတွေ ဆူနေလိုက်တာများ။  တကယ်လို့ ခင်ဗျားသာ ဒီလူအုပ်ကြီးထဲမှာ ကျွန်တော့်ကို ရှာမယ်ဆို ဘယ်နေရာများ ကြည့်မလဲ သိချင်မိသား။ ကွန်ကရစ်ခင်းတွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ လှဲနေ အိပ်နေကြတဲ့ ကလေကချေ ချာတိတ်ကလေးတွေ ရှိတဲ့ဘက်ကြည့် မိမှာလား။ဒါမှမဟုတ်..ဈေးဗန်းခေါင်းပေါ်တင်လို့ ဘူတာရုံ တစ်လျှောက် ဈေးလိုက်ရောင်းနေမဲ့ မြီးကောင်ပေါက်တွေထဲ ရှာကြည့်မိမှလား။အဲဒါမှမဟုတ်..ရေသန့်ဘူးအဟောင်းတွေ လျှောက်ကောက်ပြီး ဘုံဘိုင်ခေါင်းကရေ ပြန်ထည့်လို့ ဟိမဝနာ္တက ရေသန့်ပါဆိုပြီး လိုက်ရောင်းနေတဲ့ ငတိလေးတွေထဲများ ပါမလားလို့ ကြည့်နေမှာလား။အဲဒီဟာတွေအထဲ မတွေ့ဘူးဆိုရင် ဘူတာရုံထဲက ပလက်ဖောင်းတကာကို သန့်ရှင်းရေးလိုက်လုပ်နေရတဲ့ စုတ်တီးစုတ်ပြတ် ငနဲလေး တစ်ယောက်များ ဖြစ်နေမလားလို့ ခင်ဗျား […]


မောင်ဘလိုင်September 17, 20111min2061
စားပွဲပေါ်ခေါင်းစိုက်နေရာက ကျွန်တော့်ကို သူ ခေါင်းထောင်ကြည့်တယ်။သူ့မျက်လုံးတွေက တိတ်တဆိတ် ရက်စက်တော့မဲ့ မြွေတစ်ကောင်ရဲ့ မျက်လုံးမျိုး..။ “မင်းက ငါ့ဘော်ဒါနော်..ခု..ငါမူးနေတယ်..မူးတဲ့လူဆိုတာ အမှန်ကိုပဲပြောတယ် ဟုတ်..အေး အဲဒီတော့ ပြောပြရသေးတာပေါ့..  ငါ ရှေ့နေတစ်ယောက်နဲ့တွေ့ပြီးပြီ..ကွာရှင်းစာချုပ်လည်း ပြင်ပြီးပြီ..ဂျူလီ လက်ခံရင် အေးဆေးပေါ့ကွာ..အေး..မဟုတ်လို့ကတော့  ဒီမယ်..” ပြောပြောဆိုဆို သူ့ဘောင်းဘီအိတ်ထဲက တစ်ခုခုထုတ်နေတယ်..။ဟာ..မိန်းမကိုင် ခြောက်လုံးပြူးအသေးစားလေးပဲ။ ကျည်ဆံကဖြင့် ခြောက်တောင့်တော့ ထည့်လို့ မရပါဘူး။ကျစ်ကျစ်လျစ်လျစ်နဲ့ကျွန်တော့်လက်တစ်ဝါးစာတောင် မရှိဘူး။သေနတ်လေးက ပြောင်လက်တောက်ပနေတာ အစင်းရာလေးတစ်ခုတောင် မရှိလောက်ဘူး။ “တွေ့လား..ဒီမယ်..လှတယ်မို့လား..အဟား..ရှောရှောရှူရှူ မဖြစ်လို့ကတော့ ဒင်းခေါင်းကို ပစ်ခွဲပစ်မယ် ..ဒင်းသေမှ ငါ ဂျို့တ်စနာနဲ့  လက်ထပ်မယ်..အဟေးဟေး..မင်းက ငါ့ဘော်ဒါနော်..ခု ငါမူးနေတယ်.. မူးတဲ့လူဆိုတာ အမြဲတန်း အမှန်ကိုပဲပြော…အ..အ.             အားးးးးးးးးးးးးးးးးးးးးအူးးးးးးးးးးးးးးးးးးးးးးးးးးးးးး ” ပြောနေရင်း အကောင်းကြီးကနေ မချိမဆန့်အော်ဟစ်ပြီး သူ့ရင်ဘတ်ကို တအားဖိလို့ ဝုန်းခနဲ ပစ်လဲကျသွားတာ..။ […]