နောက်တစ်ယောက်ကတော့ ပါကစ္စတန်က ပို့လိုက်တဲ့ကောင်လေး..။ဆီကန်ဒါ တဲ့။ စိတ်လှုပ်ရှားမှု နဲ့ စူးစမ်းလိုမှုတွေက ဟောခန်းကြီးထဲမှာ လှိုင်းထသွားတာ။ချာတိတ်အသစ် တစ်ယောက်ရောက်လို့တဲ့လေ။ မူစတာဖာခေါ်လာတာ..အဲဒီကောင်လေးကို။ကျွန်တော်တို့လည်း အဲဒီကောင်လေးကို ဝိုင်းကြည့်နေကြ တာပေါ့။မူစတာဖာ က စိတ်အလှုပ်ရှားဆုံး ဖြစ်မယ်။ “ဒီကောင်လေးကို ရှာကီးလ် ရာနာ ဆီကနေ ဒီနေ့မနက်ပဲ ကျွန်တော်တို့ရလာတာ” ပြောပြီး ကျေနပ်တဲ့ အမူအရာနဲ့ သူ့ပေါင်ကို လက်နဲ့ ဖြန်းခနဲ့ ပုတ်လိုက်သေးသဗျ။ သူပြောတဲ့ ရှာကီးလ် ရာနာ ဆိုတာ ကလေးတွေ လိုက်ဖမ်းပြီးသူတို့လို လူဆိုးတွေဆီ ရောင်းစားတဲ့ အဖွဲ့ဖြစ်မှာပဲ။ ကောင်လေးက ဆယ်နှစ် ဆယ့်နှစ်နှစ် ထက် ပိုကြီးမယ်မထင်ဘူး။ကျွန်တော်တို့လည်းသူ့ကို လှောင်အိမ်ထဲရောက်နေတဲ့ သတ္တဝါလေးလို ကိုင်တွယ်ကြည့်ကြတယ်။ဒါပေမဲ့ ကောင်လေးက တိရိစာ္ဆန်တစ်ကောင်နဲ့တော့ မတူဘူးဗျ။ တီဗွီမှာလာတဲ့ ဘရစ်တန်နေးယား ဘီစကစ်ကြော်ငြာထဲက ဂြိုဟ်သားလေးနဲ့ပဲ ပိုတူနေတာ။ခေါင်းက […]


အဲဒီကာလအတွင်းမှာ ဆလင်း နဲ ့ကျွန်တော် ဒီ မသန်မစွမ်း ကျောင်းက ချာတိတ်တစ်ချို့ နဲ့ မျက်မှန်းတန်းမိလာတယ်။ ဒီ ချာတိတ်တွေနဲ့ ကျွန်တော်တို့ ပေါင်းခွင့် ရောခွင့် မရအောင် မူစတာဖာတို့နှစ်ယောက်က ပါးပါးနပ်နပ်နဲ့ တားမြစ်ထားပေမဲ့ လစ်ရင်လစ်သလို ကျွန်တော်တို့လည်း အဲဒီကောင်လေးတွေကို မေးမြန်း စူးစမ်းကြတာပဲ။ဒီက ကောင်လေးတွေလည်း ကျွန်တော်တို့ ဒေလီ လူငယ်ဂေဟာက ကောင်လေးတွေရဲ့ ဘဝလိုပါပဲ။နောက်ခံ အကြောင်းတွေက အတူတူလိုပဲ။ ရက်စက်တဲ့ အမျိုးတွေကြောင့်၊ ရဲတွေကြောင့်..ဒါတွေပဲ။တစ်ခါတလေကျတော့လည်း ဒါတွေဟာ ဘယ်သူ့ကြောင့်ရယ်လို့ ပြောရတာ ပေါက်ပင်ဘာလို့ကိုင်းရတယ် ဆိုတာမျိုးလိုပဲ။သူတို့ အကြောင်း ပိုသိအောင် မေးမြန်းစူးစမ်းကြည့်ရင်း နောက်ဆုံးတော့ မာမန် ဆိုတဲ့လူကြီးဘာလဲ ဘယ်လဲ ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်တော့တာ။   ပထမဆုံး အသောက ဆိုတဲ့ လက်တွေကောက်ကွေးနေတဲ့ ဆယ်သုံးနှစ်သား […]


ညကျတော့ ကျွန်တော်တို့ ကျောင်းဆောင်ဘက်သွားပြီး ထမင်းစားရတယ်။ဟောခန်းကြီးကတော့ ကျွန်တော်တို့ အရင်နေခဲ့တဲ့ ဂေဟာကအတိုင်းပဲ။ကြမ်းပြင်ကို ပေါပေါပဲပဲ ဖယောင်းပုဆိုး ခင်းထားတယ်။ နောက် သစ်သားစားပွဲခုံရှည်ကြီးတွေရယ်။အကုန် အတူတူပဲ။အမလေး..ထမင်းချက်ဆိုရင် အရင်ဂေဟာက လူနဲ့ ပုံတူပွားထားသလားတောင်မှတ်ရတယ်။ကျွန်တော်နဲ ့ဆလင်းကို မူစတာဖာ နဲ့အတူတူ စားပွဲဝိုင်းလေး တစ်ခုမှ ထိုင်ခိုင်းတယ်။တခြား ချာတိတ်တွေကို မကျွေးခင် ကျွန်တော်တို့ကိုအရင်ကျွေးတယ်။ အစား အသောက်ကတော့ ပူပူစပ်စပ်နဲ့ အရသာ မဆိုးဘူးဗျ။ဒီအချက်ကတော့ အရင်ဂေဟာထက် သေချာပေါက် သာသွားတဲ့ အချက်ပဲ။ ဟော ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်လာပြီ။ သူတို့ကိုမြင်လိုက်တော့ ကျွန်တော်တို့ကြုံခဲ့ ရတဲ့ အဆိုဆုံးဆိုတဲ့ လောကဓံ တရားဆိုတာ သူတို့အဖြစ်နဲ့စာရင် ရယ်စရာများဖြစ်နေလောက်မလားဆိုတာ ချက်ချင်းပဲ ကျွန်တော်တွေးမိလိုက်တယ်။မြင်ရတာတွေက မသက်မသာတွေရယ်။တစ်ချို့ကောင်လေးတွေဆို မျက်စိမမြင်လို့ တုတ်ချောင်းလေးတွေနဲ့ တစမ်းဝါးဝါး သွားနေရတယ်။တစ်ချို့ကျပြန်တော့လည်း ခြေတွေ လက်တွေက ကို့ယို့ကားယားနဲ့ […]


ဒေလီကနေ မွမ်ဘိုင်းကို ရထားနဲ့ သွားတာတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ကျွန်တော်တို့နှစ်ယောက် ရယ် ဟိုလူကြီး ဆတ်(သ်)ဂျီရဲ့လူနှစ်ယောက်ရယ်ပေါ့။ဒုတိယတန်း အိပ်စင်ပါတဲ့ တွဲနဲ့သွားတာ။ဆတ်(သ်)ဂျီ ကတော့ လေယာဉ်နဲ့ သွားနှင့်ပြီလို့ ပြောတာပဲ။သူ့လူနှစ်ယောက်.. မူစတာဖာနဲ့ ပန်နူးစ် တို့နှစ်ယောက်က ဒီတစ်ခါတော့ လုံချည်တွေဘာတွေဝတ်လို့ဗျ။နှစ်ယောက်လုံး ဘီဒီ ဆေးပေါ့လိပ်လေးတွေ ဖွာရင်ဖွာ၊မဖွာရင် တစ်ချိန်လုံးအိပ်နေကြတာပဲ။သူတို့က ဆတ်(သ်)ဂျီ အကြောင်း နည်းနည်းပါးပါးတော့ ပြောပြတယ်။ ဆတ်(သ်)ဂျီ ရဲ့ နာမည်အရင်းက ဘာဘူ ပီလိုင်း တဲ့ဗျ။ဒါပေမဲ့ လူတိုင်းကတော့ သူ့ကို မာမန် လို့ခေါ်သတဲ့။ အဲဒါ မလေးရလမ်း[1] ဘာသာနဲ့ဆို ဦးလေး လို့ အဓိပ္ပါယ်ရသတဲ့။အရင်ကတော့ ကီရာလာ ပြည်နယ် ကိုးလ်လမ်းကတဲ့။နောက်မှ မွမ်ဘိုင်းကို ပြောင်းလာပြီး အခြေချတာ။တော်တော်ကြာပြီဆိုတာပဲ။သူက အင်မတန် သဘောကောင်း ကြင်နာတတ်တဲ့သူ။ပြီးတော့ မသန်မစွမ်းကလေးတွေအတွက် ကိုယ်ပိုင်ကျောင်းတစ်ခုတောင် […]


ဒီလူကြီး ဘယ်သူဆိုတာကို နှစ်မျိုး နှစ်စားပြောနေကြတယ်။တစ်ချို့က အဲဒီလူကြီးက အရမ်းချမ်းသာတဲ့ စိန်ကုန်သည်ကြီးတဲ့။သူ့မှာ သားရင်း သမီးရင်း မရှိလို့ ဒီဂေဟာက ကလေးတွေ ကို မကြာခဏ လာခေါ်ပြီးမွေးစားတာတဲ့။မွေးစားခံရတဲ့ ကလေးတွေကို မွမ်ဘိုင်းမှာရှိတဲ့ သူ့ရဲ့ ထည်ဝါခမ်းနားလှတဲ့ အိမ်ကြီးကို ခေါ်သွားတာတဲ့ဗျ။တစ်ချို့ကလည်း သူက စိန်ကုန်သည်ကြီး မဟုတ်ဘူးတဲ့။မွမ်ဘိုင်းမှာ ကျောင်းတစ်ကျောင်းပိုင်တဲ့ သူဌေးကြီးတဲ့။သူခေါ်သွားတဲ့ ကလေးတွေကို သူ့ကျောင်းမှာ သေချာလေ့ကျင့် သင်ကြားပေးတာပါတဲ့ဗျ။ဘယ်လိုပဲဖြစ်ဖြစ် သေချာကတော့ ဆတ်(သ်)ဂျီ ကသာရွေးလို့ကတော့ ဘဝက အေးဆေးဖြစ်သွားပြီတဲ့ဗျ။ ဆလင်းကတော့ အဲဒီ ဆတ်(သ်)ဂျီ ဆိုတဲ့ လူကြီးက စိန်ကုန်သည် ဖြစ်ဖြစ် ကျောင်းပိုင်ရှင်ဖြစ်ဖြစ် စိတ်မဝင်စားဘူး။သူ အဓိက စိတ်ဝင်စားတဲ့ အကြောင်းက အဲဒီလူကြီးက မွမ်ဘိုင်းက ဆိုတာပဲ။မွမ်ဘိုင်း ဆိုတာသိတယ်မို့လား။အိန္ဒိယရဲ့ရုပ်ရှင် ထုတ်လုပ်ရေး ဗဟိုချက်မကြီး မဟုတ်လား။ ဘော […]


“ဘာ..ဘာဖြစ်လို့လဲဟင်.. အဘ” ဘိုးတော်ကြီးက မျက်နှာကိုရှုံ့ပြီး ခေါင်းခါလိုက်တယ်။ပြီးမှ- “ဦးခေါင်းလမ်းကြောင်းကတော့ အားကောင်းပါတယ်..သို့ပေမဲ့ နှလုံးလမ်းကြောင်းတော့ အားနည်းရှာတယ်..။ ပိုဆိုးတာက အသက်လမ်းကြောင်းက တိုတာပဲ..နတ္ခတ်တွေကလည်း မညီမညွတ် မမှန်မကန်ရှိပုံပဲ။ဂြိုဟ်ခုံတွေက လည်း အားနည်းပြီး အဆိုးဘက်ရောက်နေသကွဲ့။ကြာသပတေး ဂြိုဟ်ခုံကတော့ ကောင်းပါရဲ့ နို့ပေတဲ့လို့ ဒီမှာ စနေဂြိုဟ်ခုံရဲ့ ဆိုးကွက်တွေက စောစောက ကောင်းတာကို ချေဖျက်ပစ်တာပဲ။ကျွန်းတွေ..အဖျက်တွေကလည်း ပေါမှပေါပဲ..။ဒါပေသိ လူလေး ဘဝခရီး အတော်အတန် ချောမွေ့သွားအောင်အဘ ယတြာချေပေးလို့ တော့ ရပါတယ်.သို့သော်လည်း အကုန်အကျလေးကတော့ များပေမကွဲ့..” ကျွန်တော် တင်းနေပြီ။ ဒါပေသိတွေ ဒါပေမဲ့တွေနဲ့ ဘိုးတော်ကြီး ကျွန်တော့်ကို ဖိန့်နေတာ။ခုလည်း ယတြာ တဲ့။ “ဘယ်လောက်တုန်း အဘ” “ရူးပီး ၂၀ဝ လောက်ပါ လူလေးရဲ့..ဘာလို့ မင်း အဖေ သွားမပြောတာလဲကွဲ့..ဟို ဘတ်စ်ကားကြီးက […]


နောက်ပိုင်းကျတော့ ဆလင်းနဲ ့ကျွန်တော်က တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်သွားတာပဲ။ ရုပ်ရည်ကတော့ ထားပါတော့။တခြားဟာတွေသူနဲ့ကျွန်တော် တူတာတော်တော်များတော့ ရှိသဗျ။ ကျွန်တော်တို့ နှစ်ယောက်စလုံးက မိဘမဲ့တွေ။ဒီဂေဟာကနေ ကျွန်တော်တို့ကို ပြန်ခေါ်ထုတ်သွားမဲ့ သူ မျှော်လင့်စရာမရှိဘူး။နှစ်ယောက်စလုံး ဂေါ်လီရိုက်တာ နှစ်သက်ကြတယ်။ရုပ်ရှင်ကြည့်တာလည်း ဝါသနာပါကြတယ်။သီးသန့်ဆောင်ကနေ ဆင်းတော့ ကျွန်တော့်ရှိတဲ့ ဩဇာလေး(အဟဲ..ပြောရတာ တော့ရီစရာပဲ ဒီလိုစကားလုံးသုံးရတာ)နဲ့ ဆလင်းကို ကျွန်တော့်ဘေးမှာ နေရာချပေးအောင် လုပ် ရတာပေါ့။ တစ်ညတော့ ဂုတ်ပတားက ဆလင်းကို သူ့အခန်းလာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်။တော်တော်တောင် ညဉ့်နက်နေပြီ။ ဒီ ဂုတ်ပတားဆိုတဲ့ ငနဲကြီးက မုဆိုးဖိုဗျ။ဒီဂေဟာဝင်းထဲမှာ တစ်ယောက်ထဲ သီးသန့် နေတာ။ဆလင်း နည်းနည်းတော့ ထိတ်လန့်နေတယ်။ “သူ ဘာလို့ ငါ့ ခေါ်တာလဲ မသိဘူးနော်..” “သိဘူးလေ..ငါတော့ သူ့အခန်းတစ်ခါမှ မရောက်ဖူးဘူးဟ..အေး ဒီနေ့တော့ သိအောင်လုပ်ရမပေါ့ကွာ..” ဆလင်းက […]


နောက်တော့ ကျွန်တော်လည်း ဂေဟာက ချာတိတ်တွေနဲ့ တော်တော်ကြီးရင်းနှီးလာတယ်။တချို့လည်း ကျွန်တော့်ထက်ငယ်တယ်။တော်တော်များကတော့ ကျွန်တော့်ထက်ကြီးကြတယ်။ မွန်နား၊ကာလူး၊ပယာရီ၊ ပါဝမ်း၊ဂျာရှင်၊အာဖန်။ သူတို့နဲ့ အပေါင်းအသင်းဖြစ်လာတယ်။ဖာသာတီမိုးသီ ဆီကနေ ဟောဒီဂေဟာ အပို့ခံ လိုက်ရတာ ကျွန်တော့်အဖို့တော့ နတ်ပြည်ကနေ ငရဲပြည် ပို့လိုက်သလိုပဲ။ဒါပေမဲ့ ဒီက ချာတိတ်တွေနဲ့ အပေါင်း အသင်းဖြစ်လာတော့မှ ဒီနေရာက သူတို့အတွက် နတ်ပြည်တမျှဖြစ်နေတာ သိလိုက်ရတာ။သူတို့က ဘီဟာတို့ ဒေလီတို့မှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကလာကြတာလေ။တစ်ချို့လည်း တိုင်းစွန်နယ်ဖျား၊ မြို့စွန်မြို့ဖျား က။တစ်ချို့ဆို ဟိုး..နီပေါဘက်ကတောင်ရောက်လာကြတာတဲ့။သူတို့တွေရဲ့ ဘဝဇာတ်လမ်း အဖုံဖုံကို နားထောင်ရတာလည်း အကောင်းရယ်လို့တောင် မပါဘူး။ဆေးသမား ဖအေ နဲ့ ကြေးစားမအေ က ပေါက်ဖွား လာတဲ့သူရှိတယ်။လောဘကြီးတဲ့ ဦးလေးတွေနဲ့ ညှဉ်းပန်းတတ်တဲ့ အဒေါ်တွေလက်ထဲမှာ အနှိပ်စက်ခံကြီးပြင်း လာသူတွေပါတယ်။မဝရေစာနဲ့ အလုပ်ကြမ်းအခိုင်းခံနေရသူတွေ၊အကြွေးမဆပ်နိုင်လို့ ကျွန်ခံနေရသူတွေ၊ မိသားစုတွင်းက မတော်မတရား […]


ဒုက္ခိတ နေစောင်းပြီ။ငှက်ကလေးတွေရဲ့ တေးဆိုသံလည်း တိတ်စပြုလာပြီ။လေထုက ပိုပြီး ညစ်ထေးလာသလိုပဲ။ ။ကောင်းကင်ကြီးလည်း ညိုရီလို့ မှောင်ရိပ်သန်းလာတယ်။အိမ်ကြီးရခိုင်ရယ် နေခြည်နွေးနွေး ထွေးထွေးလဲ့လဲ့နဲ့ ကြည်နူးစရာ ပန်းဥယျာဉ်ကြီးရယ် ရှိတဲ့ ပျော်မွေ့စရာ နေရာမျိုးကနေ ခုလို အိုမင်းဟောင်းနွမ်းပြီး အိပ်စင်လေးတွေပြည့် သိပ်နေတဲ့၊ကျွန်တော့်လို ကလေးတွေ ဘုစုခရုဒါဇင်ပေါင်းများစွာနဲ့ အုက်အုက်ကျက်ကျက် ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ညစ်ညစ်ပတ်ပတ်…စတဲ့ စတဲ့ ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်ဝတဲ့ ဟောဒီလိုနေရာမျိုးမယ် အမှိုက်ပုံမှာ လာပစ်သလို ခင်ဗျားကို အတင်းအကြပ်ထားပစ်ခဲ့မယ်ဆိုရင်..ခင်ဗျားကို ကျွန်တော် အကြံပြုချင်တာက မလိုမုန်းထားမှုတွေ အာဃာတအမြင်တွေနဲ့ အသားကျဖို့ ကျင့်ယူရလိမ့်မယ်။ဆည်းပူးရလိမ့်မယ်။ အသားဝါရောဂါက တော်တော်လေးဆိုးတဲ့ ရောဂါပါ။ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ အသားဝါဖြစ်ရင် ကောင်းချက်လေး တစ်ခုတော့ရှိတယ်။ဘာလို့လဲဆိုတော့ အသားဝါဖြစ်ပြီဆို ခုလိုအိပ်စင်လေးတွေနဲ့ ကြပ်ညပ်နေတဲ့နေရာကနေ ခင်ဗျား တစ်ယောက်အတွက် အခန်းကျယ်သက်သက်တစ်ခန်းထဲကို ပို့လိုက်လိမ့်မယ်။အဲဒီအခန်းက တော်တော်လေးကျယ်သဗျ။ […]


နောက်တစ်နေ့ ညဦးပိုင်း ရှမ်တာရမ်ကြီး ပြန်လာတဲ့ အချိန်မှာ ကျွန်တော်ပေးထားတဲ့ ကတိကို အကောင် အထည်ဖော်တော့တာပဲ။ငနဲကြီးကထုံးစံအတိုင်း မူးပေပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ လှေကားကို အနိုင်နိုင် တက်လာ တယ်။လှေကားကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ခနော်ခနဲ့ရယ်။ဝီစကီနံ့လေး တသင်းသင်းနဲ့ ငနဲကြီး လှေကား ထိပ်တော့ရောက်လာပြီ။နောက်တော့ ကျွန်တော်မှန်းထားတဲ့နေရာကို ဖြတ်တော့မယ်။အဲ့ဒီနားက လက်ရန်းက မစ္စတာ ရာမကရစ်ရှနားက ပြင်ဖို့ကျန်နေသေးတာလေ။လက်ရန်းက တော်တော်လေး ယိုင်ရွဲ့နေတာ။အဲဒါကို ကျွန်တော်သိလို့ ငနဲကြီး အဲဒီနားရောက်တဲ့အထိ စောင့်နေတာပဲ။သူလည်း အဲဒီလက်ရန်းနားကပ်ရော ကျွန်တော်နောက်ကနေ ဆောင့်တွန်းပစ်လိုက်တယ်။ကျွန်တော်တွန်းလိုက်တဲ့ အရှိန်နဲ့ သူ့ကိုယ်လုံးက ယိုင်နဲ့နဲ့လက်ရန်းကို ခပ်ပြင်းပြင်းတိုက်မိတော့ ဘာခံနိုင်မလဲ။ဖြောင်းခနဲ ကျိုးထွက်သွားပြီး မစ္စတာရှမ်တာရမ် ခမျာ အော်တောင်မအော်နိုင်ဘူး လွင့်ကျသွားတာပဲ။ ရုပ်ရှင်တွေထဲမှာတော့ လူကြမ်းတွေ မိုးမျှော်တိုက်ကြီးတွေပေါ်က ပြုတ်ကျရင် ဘယ်လိုပြသလဲ။ သိတယ်မို့လား။လေဟုန်စီးနေသလိုလို ဘာလိုလိုပြ၊ခြေတွေလက်တွေကလည်း ကို့ယိုးကားယား ဗလပွေရှုပ်အောင် […]


ဂူဒီယာ အိမ်ပြန်လာပြီတဲ့။ကျွန်တော်တော့ မြင်ကိုမမြင်မိသေးဘူး။သူ့အဖေကြီးက သိတယ်မဟုတ်လား.. သူတို့အိမ်ထဲ ဘယ်ငနဲမှ အဝင်ခံတာမှမဟုတ်တာ။ဘွားတော်ကတော့ ပြောရှာပါတယ်။သူ့ယောက်ျားက သူလုပ် တာတွေမှားမှန်း သိသွားပါပြီ။သူ့ကိုယ်သူလည်း ပြုပြင်ဖို ့လုပ်နေပါပြီ..ဘာညာနဲ့။သူ့ယောက်ျား အဖတ်ဆယ်လို့မရတော့ ဘူးဆိုတာ သူ့စိတ်ထဲ ကောင်းကောင်းကြီး သိနေပေမဲ့ ဖာထေးပြီး ပြောတာပဲဖြစ်မှာပါ။အဲ..ဘွားတော် မသိတာက သူ့ ယောက်ျား ဘယ်လောက်ထိ မိုက်တွင်းတူးနိုင်ဦးမလဲဆိုတာပဲဗျ။ ဘာကြာလို့တုန်း..ဂူဒီယာ ဆေးရုံကဆင်းပြီးလို့ တစ်ပတ်လောက်ပဲရှိဦးမှာ ဘိုးတော်က ဂူဒီယာ့ကို ကိုင်ချင် တွယ်ချင် လုပ်လာသတဲ့ဗျာ..။အဲ..ကိုင်တယ် တွယ်တယ်ဆိုလို့ အဖေတစ်ယေက်လိုမထင်နဲ့။ဒီငနဲကြီး ခွေးဇာတ်ခင်းချင်နေတာ။ပထမတော့ ကျွန်တော်လည်း အူလည်လည်နဲ့ပဲ။ကြားရတာ ဘိုးတော်က သူ့သမီးကို သနားသလိုလို စိတ်မကောင်းဖြစ်ရသလိုလိုနဲ့ ပြောနေပုံမျိုးဗျ။နောက် ဘွားတော်က ထအော်ပါလေရော။နောက် ဂူဒီယာကလည်း အော်ပြန်ရော။သူ့ကိုမထိနဲ့ဆိုပြီး သူ့အဖေကို အော်နေတာ။ ဂူဒီယာရဲ့ ငိုညည်းသံကြားတော့ ကျွန်တော့်ခေါင်းထဲ တစ်ခုခုက ဆတ်ခနဲ ပုတ်လိုက်သလိုမျိုးဖြစ်သွားတာပဲ။ […]


ဆေးရုံထဲ ဝင်လိုက်တာနဲ့ ပထမဆုံး စိတ်ညစ်ရတာ အနံ့တွေပဲ။ခင်ဗျားတို့လည်း ကြုံဖူးမှာပေါ့။ပိုးသတ်ဆေး တွေကို ညစ်ညစ်ပတ်ပတ် အဆောင်တိုင်းရဲ့ ထောင့်တွေမှာ ဖျန်းထားတာ အခန်းတိုင်း နေရာတိုင်း အဲဒီပိုးသတ်ဆေး နံ့ကြီးက စူးအီ ပျံ့နှံ့ နေတာ ကျွန်တော်ဆို အန်တောင်အန်ချင်လာတယ်။နောက်တစ်ခုက မြင်ရတွေ့ရတာ စိတ်မချမ်း သာစရာချည်းပဲ။လူနာတွေဆိုတာ သံကုတင်စိမ်းစိမ်းလေးတွေပေါ်မှာ ညည်းငြူအော်ဟစ်နေကြတာ။ပြုံးနိုင်ရယ်နိုင် တဲ့သူဆိုတာ ကျွန်တော်တော့ မြင်ကို မမြင်မိတာ။အဲ..ဆရာဝန်တွေ နာစ့် တွေကတော့ အကုန်လုံး မျက်နှာတွေက ခပ်မာမာချည်းပဲ။အဆိုးဆုံးက ဗျာ.. သူတို့(ဆေးရုံဝန်ထမ်း)တွေ ဂရုတစိုက်မရှိတာများ ဥပေက္ခာပြုနေကြတယ် လို့တောင် ပြောလို့ရမယ်။ကျွန်တော့် စိတ်ထဲတွေးခဲ့တာက ဆရာဝန်တွေ နာစ့် တွေ ဂူဒီယာ့နားမှာ ဝိုင်းအုံပြီး ပြုစုကုသနေကြမယ်လို့လေ။တွေ့လည်းတွေ့ရော ဂူဒီယာက သူ့ကုတင်လေးပေါ်မှာလှဲလို့။တာဝန်ယူထားတဲ့ နာစ့်တစ်ယောက်တောင်မရှိဘူး။သူ့မျက်နှာကတော့ ပတ်တီးတွေအပြည့်နဲ့ သူ့မျက်လုံးနက်နက်လေးပဲ မြင်ရတော့တယ်။ “ဂူဒီယာ..ဒီမှာကွယ်..သမီးကို ဘယ်သူလာကြည့်လဲဆိုတာ..” […]


ည ကိုးနာရီထိုးပြီ။ဆလင်းက ရုပ်ရှင် မဂ္ဂဇင်းတစ်စောင်ကို ဟိုလှန်ဒီလှန်နဲ့ကြည့်နေတယ်။ကျွန်တော်ကတော့ အိပ်ယာပေါ်မှာ ဒူးထောက်ပြီး ဟိုဘက်အခန်းက အသံတွေကို နားထောင်မလို့ ခွက်ကလေးနဲ့ နံရံမှာ ကပ်နေတယ်။ ခွက်ဖင်လေးမှာ ကျွန်တော့် ဘယ်ဘက်နားကိုကပ်ပြီး နားထောင်ကြည့်တော့ ..ဟော မစ္စတာ ရှမ်တာရမ် သူ့သမီးကို စကားပြောနေတာကြားရတာ။ “သမီး ဂူဒီယာ ဒီမှာလာကြည့်..အဖေ တယ်လီစကုပ်ကို ညှိလိုက်ပြီ..အဲ..အနီရောင်တောက်နေတဲ့ဟာလေး တွေ့လား..အလယ်မှာလေ..အေး အဲဒါ..အင်္ဂါဂြိုဟ်ပေါ့ သမီးရဲ့..” ကျွန်တော် ဆလင်းကို တိုးတိုးလှမ်းခေါ်လိုက်တယ်။ “ဟေ့ကောင် ခွက်တစ်လုံးယူပြီး လာနားထောင်လှည့်..” ဆလင်းလည်း ခွက်လေးတစ်လုံးပြေးယူပြီး လာနားထောင်တယ်။နောက် နာရီဝက်လောက်ကြာအောင်တော့ ကျွန်တော်တို့လည်း မစ္စတာရှမ်တာရမ်ရဲ့ နန်းစတော့ပ် လက်ချာတွေ နားထောင်နေရတာပေါ့။နတ္ခတ်တာရာတွေ ကြယ်တွေ ဂြိုဟ်တွေအကြောင်းတို့၊ဂလက်ဆီ လို့ခေါ်တဲ့ ကြယ်စုကြီးတွေအကြောင်းတို့၊ကြယ်တံခွန်တွေအကြောင်း တို့ ပါတယ်ဗျ။နောက် တာရာတွေဆိုရင်လည်း ဝက်ဝံကြီးတာရာ ဝက်ဝံလေးတာရာ တို့အကြောင်း […]