ကျွန်တော့် အတွက်တော့ ဒီတန်းလျားထဲနေတဲ့မိန်းကလေး တစ်ယောက်နဲ့ ကြိုက်ဖို့လမ်း မမြင်ပါဘူး။ကြည့်လိုက်ရင် အားလုံးက ဝတုတ်တုတ်၊ရုပ်ဆိုးဆိုးလေးတွေ ချည်းပဲ။ကျွန်တော့် အချစ်တော် မင်းသမီး ပရီယကပူးနဲ့ကတော့ ကွာချင်တိုင်းကွာတာပေါ့။နောက်ပြီး သူတို့က ခပ်တုံးတုံး ကြောင်တောင်တောင် လေးတွေ လုပ်ကြတယ်။ဒါမျိုးပဲ ကြိုက်တာ.အရုပ်ကလေးတွေနဲ့ဆော့တာမျိုး။ ချတမ်းတို့ စိန်ပြေးတမ်းတို့ဆော့တာမဟုတ်ဘူး။ကျွန်တော် လည်း ပြောသာပြောရ..ဆော့ချိန်မရှိပါဘူးဗျာ.။သတ္တုပုံလောင်း စက်ရုံမှာ တစ်နေကုန်လုပ်နေရတာ။ညနေ ၆နာရီလောက်မှပြန်ရတာလေ။သတ္တုအရည်ကျိုတဲ့အလုပ်က တကယ်ကြမ်းတမ်းတဲ့အလုပ်ဗျ။သံရည်ပူတွေက ခင်ဗျားကို ကောင်းကောင်းကြီး မွန်းကြပ်သွားစေမှာ။ပြီးတော့ လိမ္မော်ရောင်စူးတောက် နေတဲ့ မီးညွန့်မီးလျှံတွေက ခင်ဗျားမျက်စိတွေကို ပြာပြီး ခဏလောက်ကန်းသွားစေနိုင်တာလေ။ “သောမတ်စ်..” ကျွန်တော့်ခေါ်သံကြားလိုက်တယ်။အဲဒါ မစ္စတာ ရာမကရစ်ရှနားပဲ။သူက ဒီတန်းလျားဆောင်မှူးလေ။အဲ..သူက အခရာကျတဲ့လူဗျ။ရေမလာ၊မီးပြတ်ရင် သူ့ဆီသွားပြောရတယ်။အခန်းခမပေးနိုင်သေးရင် သူ့ဆီသွားတောင်းပန်ရတယ်။ အခန်းတွေပြင်ဆင်ဖို့တို့၊အပေါ်ထပ်က တန်းတွေ လက်ရန်းတွေ ယိုင်ရွဲ့လာရင်ပြန်ပြင်ဖို့ သူ့ပြေးပြောရတယ်။ ကျွန်တော် အခန်းထဲက ထွက်ကြည့်တော့ မစ္စတာရာမကရစ်ရှနားကို လူတစ်ယောက်နဲ့တွဲရပ်နေတာတွေ့ရတယ်။ အဲ့ဒီလူက […]


မောင်ရင်းနှမ ကတိစကား “သင်သည် ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်မချမီ ဘက်ပေါင်းစုံမှ သေချာစွာရှုမြင်သုံးသပ်သင့်သည်။အရေးပေါ် အခြေအနေ အနေတွင် အခြားကိစ္စများကို မျက်နှာလွှဲထားရမည်။အိမ်နီးချင်း အသစ်များက သင့်အတွက် ရွှင်လန်းအားတက်မှုကို ဆောင်ယူလာလိမ့်မည်။အိမ်တွင်းရေး ပြဿနာအသေးအမွှားများရှိနိုင်သော်လည်း မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် သင်ဖြေရှင်းနိုင်ပါလိမ့်မည်။သူတစ်ပါး မတောင်းဆိုပဲ မှတ်ချက်ပေးခြင်း ၊အကြံဉာဏ်ပေးခြင်းမျိုး မပြုရ။” အဲဒါက မဟာရာသျှတ္တရ သတင်းစဉ်မှာပါတဲ့ ရာသီခွင်အလိုက် ဗေဒင် ဟောစာတမ်းလေးပါ။ဒီနေ့အတွက် ကျွန်တော့်လို မကာရ ရာသီဖွားတွေဘာဖြစ်မလဲဆိုတဲ့ ဟောချက်လေးပေါ့။ ကျွန်တော် မဟာရာသျှတ္တရ ကို မဖတ်ပါဘူး။သူ့တင်မဟုတ်ဘူး..ကျွန်တော်က ဘာသတင်းစာ ဘာစာစောင်မှ ဖတ်တာ မဟုတ်ဘူး။ဒါကလည်း မစ္စတာ ဘားဗ့် ရဲ့အမှိုက်ပုံးထဲ တွေ့လို့ဆွဲလာတာ။တစ်ခါတလေ သူ့အမှိုက်ပုံးထဲက စာစောင်တို ့ သတင်းစာတို့ကျွန်တော်သွား ဆွဲတတ်တယ်။မီးမွှေးဖို့လေ။အဲဒါတွေကို မီးမမွှေးခင် ဘာရယ်တော့ မဟုတ်ဘူး တောင်လှန်မြောက်လှန် လျှောက်ကြည့်တာမျိုးပါ။ […]


သုံးရက်လောက်ကြာပြီး တစ်ညနေတော့ ဖာသာတီမိုးသီက ဖာသာဂျွန်ကို အိုင်ယန်နဲ့အတူညစာ စားဖို့ဖိတ်တယ်။ တော်တော်ညဉ့်နက်တဲ့အထိပဲ သူတို့ စားကြသောက်ကြ စကားတွေပြောကြနဲ့ ။ဖာသာ တီမိုးတီ ဆို သူ့တယောလေးတောင် ထိုးလိုက်သေးတယ်။ဖာသာဂျွန်ကတော့ သန်းခေါင်ကျော်တော့ ပြန်သွားတာပဲ။ဒါပေမဲ့ ဖာသာတီမိုးသီနဲ ့အိုင်ယန်တို့ နှစ်ယောက်သားကတော့ ပြောဆိုကောင်းတုန်း။ကျွန်တော်ကတော့ အိပ်ယာထဲကနေပြီး သူတို့အသံတွေ ကြားနေရတယ်။ ဖွင့်ထားတဲ့ ပြတင်းကနေ သူတို့ ရီသံမောသံတွေ လွင့် လွင့်လာတာကြားနေရတော့ အိပ်မပျော်နိုင်ဘူးဖြစ်နေတာ။ အဲ့ဒီညက လကသာသာနဲ့ လေက တသုန်သုန်တိုက်လို့ဗျ။နောက် လေ နည်းနည်းကြမ်းလာတော့ ကျောင်းဝင်းထဲက ယူကလစ်ပင်တွေယိမ်းထိုးလာပြီးအရွက်ချင်းပွတ်သံ ခတ်သံတွေ တရှဲရှဲ တရွှမ်းရွှမ်း မြည်လာတာပေါ့ဗျာ..။ကျွန်တော် သေးပေါက်ချင်သလို အိမ်သာတက်ချင်သလိုဖြစ်လာတာနဲ ့အိပ်ယာက ထပြီး အိမ်သာဘက်လျှောက်လာတယ်။အဲဒီမှာ ဖာသာဂျွန့်အခန်းမီးလင်းနေတာ ကျွန်တော်မြင်လိုက်တာ။အသံဗလံတွေတောင် သဲ့သဲ့ကြားရတာနဲ့ သူ့အခန်းဘက် အသာခြေဖျားလေးထောက်ပြီးသွားရော ဆိုပါတော့။တံခါးတော့ ပိတ်ထားတယ်။အဲဒီတော့ […]


အီစတာပွဲတော်လည်း ပြီးပြီ။ကျွန်တော့် အီစတာကြက်ဥတွေလည်း စားလို့ကုန်ပြီ။အဲ..မစ္စစ် ဂွန်ဇာလက်ဆိုတဲ့ အဘွားကြီး ငေါ့တော့တော့ရီတာ ကျွန်တော်ကြားတော့- “ဘာဖြစ်တာလဲ မစ္စစ် ဂွန်ဇာလက် ရဲ့” “မင်းမသိဘူးလား..” သူက တောင်ကြည့်မြောက်ကြည့်လုပ်ပြီးမှ ခပ်တိုးတိုးနဲ့- “ဂျိုးဇက်က ဖာသာဂျွန့်ကို တခြားလူတစ်ယောက်နဲ့ ကျောင်းထဲမှာ မိလို့တဲ့..ဟဲ့ ဟဲ့ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်.. ဖာသာ တီမိုးသီကိုလည်း တစ်လုံးတစ်ပါဒ မှသွားမဟနဲ့ ၊ဟဲ့ ကြားလား ..အကုန်သောက်ကျိုးတွေနည်းကုန်မယ်..” ကျွန်တော် နားမလည်ဘူး။ဖာသာဂျွန့်ကို ကျောင်းထဲမှာ လူတစ်ယောက်နဲ့တွေ့တာ ဘာဖြစ်လို့လဲ။ဖာသာတီမိုးသီ ဆိုလည်း ကျောင်းထဲမှာတခြားလူတွေနဲ့ တချိန်လုံးလိုလို ရှိနေတာပဲဟာ။သူတို့ အပြစ်တွေဝန်ခံတာ နားထောင်ရတဲ့ အခါမျိုးဆိုရင်လေ။   ************************ ပထမဦးဆုံးအကြိမ်အဖြစ် အပြစ်ဝန်ခံတဲ့ ဝက်ခြံလေးထဲမှာ ကျွန်တော် ရှိနေတယ်။ဖာသာ တီမိုးသီကတော့ ဘယ်သိမှာလဲ။ “ဟုတ်ပြီ..ဘာပြောဖို့ လာခဲ့သလဲ ငါ့သား” […]


နောက်သုံးရက်လောက်ကြာတော့ ကျွန်တော်နဲ ့ဂျိုးဇက် ဈေးဝယ်ထွက်ကြတယ်။ဝယ်တာတော့ အစုံပဲ..အသားငါး၊ ကြက်ဥ ၊အသီးအရွက်ဂျုံမှုန့်။ညနေစောင်းလို့ ကျောင်းပြန်တော့ ကျွန်တော့်နောက်မှာ ဆိုင်ကယ်သံ တဖုန်းဖုန်း ကြား လို့ လှည့်ကြည့်မိတယ်။လှည့်ရုံရှိသေး ဆိုင်ကယ်ကကျွန်တော်တို့ ကျော်တက်သွားတာ။ဆိုင်ကယ်သမားက ကျွန်တော့် ခေါင်းကို ပုတ်ပြီးအော်ဟစ်ထွက်သွားတာ နောက်မှာ ဖုန်တွေတထောင်းထောင်းထကျန်ခဲ့တာပဲ။သူ့နောက်ကျောတော့ ကျွန်တော် မြင်လိုက်ရတာပေါ့။သားရေ ဂျာကင်ကြီး နဲ့ အနက်ရောင် ဘောင်းဘီအကြပ်ကိုဝတ်လို့ဗျ။နောက် က ထိုင်လိုက်တဲ့လူကလည်း အဲဒီလိုမျိုးပဲ ဝတ်ထားတာ။ကျွန်တော်ကတော့ ဘယ်သူက ငါ့ခေါင်းကို ဘာလို့ပုတ်သွား တာလဲလို့ ထွေထွေရာရာ စဉ်းစားနေတာ။ဖာသာဂျွန်များလား ရယ်လို့တော့ လုံးလုံး မဥပါဒ် မိတာပါ။ ဪ ..ကျွန်တော်က မိဘမဲ့ ငပိန်းလေးတစ်ယောက်ပဲဟာ။   *********************** တစ်ပတ်လောက်ရှိတော့ ဖာသာဂျွန့်ဆီ ကျွန်တော် စာတစ်စောင်သွားပေးဖို့ အကြောင်းဖန်လာတယ်။သူ့အခန်း ရောက်တော့ သူရေချိုးနေတယ်လေ။ကျွန်တော် ပြောလိုက်တော့ […]


ဖာသာ တီမိုးသီ နဲ့ကျွန်တော် သွေးသားမတော်စပ်ဘူးဆိုတာရယ် ၊ကျွန်တော့်ကို ဒီကျောင်းထဲမှာ နေခွင့်ပြုတာ သူ့စေတနာကြောင့်ဆိုတာကျွန်တော် ကောင်းကောင်း နားလည်လာတဲ့အခါ ကျွန်တော့်အပေါ်တင်နေတဲ့ သူ့ကျေး ဇူးကြွေးတွေ ပြန်ဆပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။အဲဒီမှာကျွန်တော် သူ့အတွက် တောက်တိုမယ်ရ အိမ်အလုပ်လေး တွေ စလုပ်ပေးတယ်။အဝတ်ဟောင်း ခြင်းထဲက အဝတ်တွေယူပြီး အဝတ်လျှော်စက်ထဲထည့်တယ်။အဝတ်လျှော် စက်ရှေ့ ငုတ်တုတ်ထိုင်ပြီး အထဲက စည် လည်နေတာကြည့်ပြီး ဒီအဝတ်တွေ ဘယ်လိုများ ဖြူစင်သန့်ရှင်းသွားပါလိမ့်လို့ ကျွန်တော် တွေးတွေးနေတာ။ဖုန်တွေတက်နေတဲ့ စာအုပ်တွေ အဝတ်လျှော်စက်ထဲ တစ်ခါထည့်ကြည့်ဖူးတယ်။ မီးဖိုချောင်ထဲက ပန်ကန်းဆေးကန်မှာ ပန်းကန်တွေဆေးပေးတယ်။ကြွေထည်တစ်ချို့တော့ ကွဲတာပေါ့ဗျာ။ အသီးအရွက်တွေလှီးချွတ်ပေးတယ်။လက်တွေဘာတွေ ပြတ်တာရှတာတော့ရှိသပေါ့လေ။ ဖာသာ က ဘုရားကျောင်းပုံမှန်တက်တဲ့ လူတွေနဲ့ ကျွန်တော့် ပေးတွေ့တယ်။မစ္စစ် ဘန်နီဒစ် ဆိုတဲ့ အဘွားကြီးဆို ဘာသာရေး သိပ်လုပ်တာပဲ။ဘုရားကျောင်းကိုနေ့တိုင်းလာတယ်။နေပူပူ မိုးရွာရွာ […]


ဖာသာ တီမိုးသီး က အရပ်ရှည်ရှည် အသားဖြူဖြူ နဲ ့ သက်လတ်ပိုင်းအရွယ် သန်တုန်းမြန်တုန်းပေါ့။ဘုရားကျောင်းဝင်း ထဲမှာ သူ့အိမ်ကြီး ရယ်၊သီးပင်စားပင်တွေ တပြန့်တပြောနဲ့ ဥယျာဉ်ကြီးရယ်ရှိတယ်။ဒီလိုနဲ ့နောက်ခြောက်နှစ်လောက်ကြာတော့ ဖာသာတီမိုးသီ က ကျွန်တော့်ရဲ ့ အဖေ ဆိုလည်းဟုတ်၊အမေဆိုလည်း ဟုတ်၊ဆရာဆိုလည်းဟုတ်၊သခင်ဆိုလည်းဟုတ်၊ နောက်ဆုံး ဘုန်းတော်ကြီးဆိုလည်း ဟုတ်တာပဲ။ကျွန်တော့်ဘဝမှာ ပျော်စရာရယ်လို့ ရှိခဲ့မယ်ဆိုရင် ဖာသာ နဲ ့အတူနေခဲ့တဲ့ အချိန်တွေကိုပဲ ပြောရမှာ။ ဖာသာက အင်္ဂလန်မြောက်ပိုင်း ယော့ခ် နယ်ဘက်ကတဲ့။နောက်တော့ အိန္ဒိယမှာ အခြေချတာ ခုဆိုကြာလှပေါ့။ဗြိတိန်သားတစ်ယောက်လို အင်္ဂလိပ်စာကို ရေးတတ် ဖတ်တတ်အောင်ကျွန်တော့်ကို သင်ပေးတာ အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်။သူက ကျွန်တော့်ကို ငန်းမေမေ ပုံပြင်တွေ နဲ့ ကလေးကဗျာလေးတွေ သင်ပေးခဲ့တာ။ကျွန်တော်ဆို ကလေးကဗျာလေးတွေ ကောင်းကောင်းရွတ်တတ်ခဲ့တာပေါ့ဗျာ။“မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးရယ်..သင်ဘယ်သူလဲကွယ် ငါမသိတယ်” […]


သောမတ်စ် ဇနီးမောင်နှံ နှစ်ယောက် ကျွန်တော့် မွေးစားတဲ့ကိစ္စအတွက် စာရွက်စာတန်း ဘာညာတွေပြီးအောင်လုပ်ရတာ နှစ်လလောက် ကြာသွားတယ်။ကျွန်တော့်ကို အိမ်ခေါ်သွားပြီး ၃ရက်လောက်ပဲရှိဦးမှာ။ခရစ်ယာန်ထုံးစံအရ ကင်ပွန်းတပ်မင်္ဂလာလေးတောင် မပြုရသေးဘူး ၊မစ္စတာ သောမတ်စ်တစ်ယောက် သူ့မိန်းမ အလိုပြည့်သွားတဲ့ အကြောင်းသိသွားပါရောဗျို့။ဘယ်ကသာ..ကျွန်တော့်မွေးစားလို့ အလိုပြည့်သွားတာမဟုတ်ဘူး ဗျ။သူ့မိန်းမ အလိုကို ဖြည့်ပေးတဲ့သူက မူဆလင် လူကြီးလူကောင်းတစ်ယောက်ပဲ။မတ်စတန် ရှိတ်ခ် တဲ့။သူက အမျိုးသမီး အဝတ်အစားတွေ ချုပ်တဲ့ လူ။အထူးသဖြင့် စကတ်တိုတိုလေးတွေဆို သူချုပ်တာ တော်တော်ကောင်းဆိုပဲ။မစ္စစ် ဖီလိုမီနာ က အဲဒီငနဲကြီးနဲ့လိုက်ပြေးသွားတာ။ သူ့ယောက်ျားနဲ့ မွေးစားသား အသစ်စက်စက်လေးကို ထားခဲ့ပြီး ခြေရာ ဖျောက်သွားခဲ့တာပေါ့ဗျာ..။ပြောကြတာတော့ ဘိုပယ်လ် ဘက်ပြေးသလိုလိုဆိုလားပဲ။ခုများတော့ဘယ်သောင် ဘယ်ကမ်း ဆိုက်နေမလဲဆိုတာ မသိတော့ပါဘူး။ မစ္စတာသောမတ်စ် ဒါလည်း သိရော ဒေါသတွေ အလိပ်လိပ်ထွက်လာတာပေါ့။ကျွန်တော့်ကို ပုခက်ထဲကနေ ဆွဲခေါ်လာပြီး ဘုန်းတော် […]


ဘုန်းတော်ကြီး ရဲ့ ဝန်ထုပ် တကယ်လို့ ဒေလီကိုရထားစီးပြီး ရောက်ဖူးမယ်ဆိုရင် ခင်ဗျား ပဟာဂျန် ကိုရောက်မှာပဲ။သေချာသလောက်ပြောရရင် ခင်ဗျား လူသံဆူ ဆူ ဖုန်ထူထူနဲ့ ပဟာဂျန် ဘူတာကို ရောက်သွားမှာပဲ။အဲ့သလိုဆို ခင်ဗျား ဘူတာရုံထဲကနေထွက်လာခဲ့လိမ့်မယ်။ပြီးရင် ဘယ်ဘက်ကိုချိုး ကွန်းနော့ ဘက် ဦးတည်ပြီးတော့လေ။နောက် လူရှုပ်လွန်းတဲ့ ဈေးကိုဖြတ်။အဲဒီမှာတော့ အပျော်ခရီးသွားတွေအတွက် ဈေးပေါပေါ ဧည့်ဂေဟာတွေ နဲ ့ ဈေးပေါ ပေါ မိန်းမ တွေရှိတာပေါ့။ဒါပေမဲ့ ခင်ဗျား ညာဘက်ကို သွားခဲ့ရင်တော့ “မားသား” နို့နှင့်နို့ထွက်ပစ္စည်းရောင်းတဲ့ဆိုင်ရယ် ၊ဂျေဂျေ အမျိုးသမီး ဆေးရုံ ရယ်ကိုကျော်လိုက်ရင် ဧရာမလက်ဝါးကပ်တိုင်ကြီးနဲ့ အဆောက်အအုံ နီနီကြီးတစ်ခုတွေ့မှာ။အဲဒါ စိန့်မေရီ ဘုရားကျောင်းပေါ့။အဲဒီနေရာမှာ လွန်ခဲ့တဲ့ ၁၈နှစ် ခရစ်စမတ်နေ့မှာ ကျွန်တော့်ကိုမွေးခဲ့တာပဲ။ပိုတိကျအောင်ပြောရရင်တော့ ဒီဇင်ဘာလ ၂၅ရက် အလွန်အေးစိမ့်နေတဲ့ညတစ်ညမှာ ကျွန်တော့် […]


ကျွန်တော် တန်းလျားထဲဝင်လိုက်တော့ ကျွန်တော်တို့ မီးဖိုဆောင်ဘက် မှာ မီးများလောင်နေသလားလို့ ထင်နေတာ..ဘယ်ဟုတ်မလဲ ဆလင်းဆိုတဲ့ကောင် စက္ကူတွေကို မီးရှို့နေတာပဲ။ပါးစပ်ကလည်း လူယုတ်မာတွေ ခွေးသားတွေ ဘာညာကျိန်ဆဲနေပြီးတော့ ဆေးရောင်စိုစိုနဲ့ စက္ကူတွေတထပ်ကြီးကို တစစီဆုတ်နေတာ။ကျွန်တော် နည်းနည်းတောင်လန့်သွားပြီး- “ဟကောင် ဆလင်း မင်းဘာလုပ်နေတာလဲ” “အာမန်းကို သွားပုပ်လေလွင့် ပြောတဲ့ သေချင်းဆိုးတွေကို လက်စားချေနေတာကွ” ပြောရင်းဆိုရင်းနဲ့ စက္ကူစတွေ မီးပုံထဲ ထပ်ပစ်ထည့်လိုက်သေးတယ်။ဩော..ဒီကောင် ဒီစာရွက်တွေကို မဂ္ဂဇင်းတစ်စောင်က ဆုတ်လာခဲ့ တာကိုး။ “ဘယ်မဂ္ဂဇင်းက ဖြုတ်လာတာလဲ..အသစ်ကြီးရှိဦးမယ်” “အဲဒါ နောက်ဆုံးထုတ် စတားဘတ် မဂ္ဂဇင်းကပဲ။ငါ့လက်နဲ့နိုင်သရွေ့ငါ ဆုတ်ပစ်ဦးမှာပဲ..ငါဆယ်အုပ်လောက်တော့ဝယ်နိုင်မှာပဲကွ..” မဆုတ်ရသေးတဲ့ တစ်စောင်ကို ကောက်ယူပြီး ကျွန်တော်ကြည့်တော့ မျက်နှာဖုံးမှာ အာမန်းအလီပုံနဲ့ဗျ။အောက်မှာလည်း ပြူးပြူးပြဲပြဲ စာလုံးကြီးနဲ့ “ဒီလူရဲ့ တကယ့် အမှန်တရား” တဲ့။ “နေပါဦး မင်း အသဲစွဲဇာတ်လိုက်ကြီးပုံနဲ့ပဲဟ […]


ဘာသာရေး တီးလုံးလေးက နောက်ခံတီးနေတယ်။အာမန်း နဲ့ သူ့အမေက ဗိဿနိုး နတ်ကွန်းဆီသွားဖို့ လှေကားပေါ်တက်နေပြီ။ “ ဗိဿနိုးမယ်တော်ကြီး ဆီမှာ ရိုးရိုးသားသားနဲ့ ဆုတောင်းရင် ပြည့်တယ်လို့ ပြောကြတာပဲ။မင်းဆို ဘာဆုတောင်းမလဲ။” “မင်းရော ဘာဆုတောင်းမလဲ” သူကတောင် ကျွန်တော့် ပြန်မေးနေသေးတယ်။ “ငါတော့ ပိုက်ဆံရဖို့ပဲ တောင်းမယ် ထင်တယ်” “ငါကတော့ အာမန်း နဲ့ အူရ်ဝါရှီ ပြန်ပေါင်းထုပ်ပါစေ လို့ပဲ ဆုတောင်းမှာ” စဉ်းတောင်မစဉ်းစားဘူး။ဆလင်း ချက်ချင်း အဲ့ဒီလို ပြန်ပြောတာ။ဟော..ပိတ်ကားမှာအနီရောင်စာလုံးထူထူတွေနဲ့ အားလပ်ချိန် တဲ့။ ********************************************************************************* ဆလင်း နဲ့ကျွန်တော် ခြေဆန့်လက်ဆန့် လုပ်ကြတယ်။နောက် မုန့်ရောင်းတဲ့ကောင်လေးတစ်ယောက်ဆီကနေ ပျော့စိစိ စမူဆာ နှစ်ခု ဝယ်စားကြတယ်။ကောင်လေးကတော့ ခုံအလွတ်တွေကြည်ု့ပြီး စိတ်ပျက်နေပုံပဲ။သူ့ကြည့်ရတာ ဒီနေ့အမြတ်ကောင်းကောင်း မရလောက်သေးဘူး။ ကျွန်တော်တို့လည်း အိမ်သာသွားဖို့ လုပ်ကြတယ်။အိမ်သာက […]


ဆလင်း တအားကုန်ပြေးလာပြီး သူ့အခန်းထဲက အိပ်ယာပေါ်မှာ မျက်နှာမှောက်ထားတာ။ကျွန်တော်လည်း ထိတ်ခနဲဖြစ်သွားတာပေါ့။ “စလင်း..စလင်း..မင်းဘာဖြစ်လာတာလဲ..ဘာလို့ဒီနေ့အစောကြီး ပြန်လာတာလဲ” သူက အိပ်ယာပေါ်မှာ မှောက်ခုံကြီးလုပ်နေတော့ ကျွန်တော်လည်း စိုးရိမ်ပြီး အော်တောင်မေးမိတယ်လေ။မေးတော့လည်းပြန်မပြော။ ဒါနဲ့ သူ့ဆွဲလန်လိုက်တော့ သကောင့်သားက မျက်ခွက်ကြီး ပြုံးလို့ဗျ။ “တကယ့်ကို အံဩစရာကောင်းတဲ့ဟာ ဒီနေ့ဖြစ်လာတာဟ..ဒီနေ့ကတော့ ငါ့အပျော်ဆုံးနေ့ပဲကွာ” “ဘာလဲ မင်းထီပေါက်လို့လား” “ဟင့်အင်း..ထီပေါက်တာထက်တောင် ကောင်းသေး..ငါ အာမန်းအလီနဲ ့တွေ့ခဲ့တယ်ကွ” အသက်တောင်မရှူနိုင်ဘူး သူ့အဲဒီနေ့အဖြစ်ပြောပြတာ။ဂက်ကိုပါ မှာ သူ့အလုပ်နဲ့လှည့်ပတ်နေတုန်း အာမန်းအလီကို သူရိပ်ခနဲ မြင်လိုက် ရတာ။ သူ့ဇာတ်လိုက်ကျော်က မာစီဒီးကားပေါ်က ဆင်းပြီး ကြယ်ငါးပွင့် ဟော်တယ်ကြီးထဲ ဝင်တော့မလို့ဘဲ။ဆလင်းက ဘတ်စ်ကားပေါ်မှာလေ။ သူ့အလုပ်ဖြစ်တဲ့ ထမင်းဘူးလေးတွေ အစာပြေမုန့်ဘူးလေးတွေလိုက်ပို့တဲ့ အလုပ်လုပ်နေရင်းပေါ့။သူ့လက်ထဲ နောက်ဆုံးတစ်ဘူး ပဲ ပို့ဖို့ကျန်တာ လေ။အာမန်း ကိုမြင်လိုက်ရော သွားနေတဲ့ ကားပေါ်က […]


သူရဲကောင်း ၏ ကျဆုံးခန်း တတိယ ဘဲလ် မြည်သွားပြီ။ခရမ်းရောင် ကတီပါ ကားလိပ်ကြီး ဖွင့်တော့မယ်။မီးတွေလည်း တော်တော်ကြီး မှိန်ကျသွားတာ ထွက်ပေါက်ဆို တဲ့ မီးနီနဲ့ ဆိုင်းဘုတ်ကလေးသာ ကောင်းကောင်းကျန်တော့တာ။မီးခဲစ ရဲရဲလေးလိုပဲ အမှောင်ခန်းထဲမှာ တောက်နေပုံများ။ပေါက်ပေါက်တွေ အအေး တွေ ရောင်းတဲ့လူတွေလည်း အကုန်ထွက်ကြရပြီပေါ့။ကျွန်တော် နဲ ့ဆလင်း ကိုယ့်ခုံလေးတွေမှာ ကိုယ်စီထိုင်လိုက်ကြတယ်။ ခင်ဗျား ဦးဆုံးသိဖို့လိုတာက ဆလင်းက ကျွန်တော့်သူငယ်ချင်း။အရင်းခေါက်ခေါက်ကြီးပေါ့။နောက်တစ်ခုက သူက ဟိန္ဒူရုပ်ရှင်တွေ တအား ကိုကြိုက်တာ။အဲ..အကုန်လုံးတော့ဘယ်ဟုတ်မလဲ။အာမန်း အလီ ပါတဲ့ ကားတွေပဲပေါ့။ ပြောကြတာတော့ လက်ဦး နာမည်ကြီးတာ အမီတာ ဘာဂျမ်းပေါ့ဗျာ။နောက် ရှရွတ်ခန်း။ခုကျတော့ အာမန်းအလီတဲ့ဗျ။ဟာ တကယ့် ဇာတ် ကြမ်းမင်းသားပဲ။အိန္ဒိယ သားတွေရဲ့ နတ်ဘုရားတစ်ပါး။သန်းပေါင်းများစွာသော ပရိသတ်တွေရဲ ့သွေးခုန်နှုန်းကို တဒုတ်ဒုတ်တိုးစေတဲ့သူ။ ဆလင်းက အာမန်းအလီ […]