susunosukiApril 28, 20101min641
ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဧပြီလ ၂၈ ရက်မှ စတင်ပြီး မေလ ၁ရက်နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပမယ်လို့ ပြည်တွင်းဂျာနယ်အချို့မှာ ဖော်ပြထားပါတယ်။ ပြပွဲကိုတော့ Milky Way International Co,Ltd မှ MD ဒေါ်နန်းဆုရတီစိုး မှ ဦးစီးကျင်းပကြောင်းသိရပါတယ်။ ပြပွဲမှာ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရောနစ် နှင့်နည်းပညာဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးနှင့်ပတ်သက်သောပစ္စည်းများကို ပြသရောင်းချမည်ဖြစ်ကြောင်းသိရပါတယ်။ ကုမ္ပဏီပေါင်း ၆ဝ ကျော် မှ ပြခန်းပေါင်း ၁၁ဝ ကျော်ခင်းကျင်းပြသမည်ဖြစ်ပြီးအနုပညာရှင်များရဲ့ဖျော်ဖြေမှု့အစီ အစဉ်များလည်းပါဝင်မည်ဟုသိရပါတယ်။ source အင်တာနက်သတင်းဂျာနယ်


susunosukiApril 24, 20101min923
အောက်မင်္ဂလာဒုံလမ်း အင်းစိန်မြို့နယ်မှာ ဘုရင်နောင်အော်တိုမိုဘိုင်း Bayint Naung Auto Mobile အမည်နဲ့ ကားစက်ပြင်လုပ်ငန်းတစ်ခု ကိုဖွင့်လှစ်လိုက်ပါတယ်။ မော်ဒယ်နိုမ့်မြင့် ကားပေါင်းစုံကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ ကားပစ္စည်းက အစစအရာရာတစ်နေရာတည်းမှာ ရနိုင်တဲ့အတွက်ကြောင့် ကားပိုင်ရှင်တွေအတွက် ပိုပြီးအချိန်ကုန်ငွေကုန် သက်သာလာမယ်လို့ထင်ကြောင်းကားပိုင်ရှင်တစ်ယောက်ကပြောပါတယ် ကားပြင်တဲ့ပစ္စည်းများကိုအီတလီ နိုင်ငံကမှာယူထားကြောင်းသိရပါတယ် တည်နေရာကတော့ အောက်မင်္ဂလာဒုံလမ်းနဲ့ ဗဟိုလမ်းဆုံရာမှာတည်ရှိပါတယ်။


susunosukiApril 22, 20101min1043
ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) ပြည်တွင်း အချိုရည် ဈေးကွက်ရဲ့ အဓိကထုတ်လုပ်သူ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Pinya Manufacturing Company Limited နဲ့ Loi Hein Company တို့က ပြီးခဲ့တဲ့ နှစ်ဦးပိုင်းလောက်ကစပြီး ဂါတ်စ်ပါအချိုရည် ဈေးကွက် ကို တမျိုးတဖုံ ဆန်းသစ် လိုက်ကြပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ 285 ml အရွယ်အစားရှိတဲ့ ဖန်ပုလင်းများနည်းတူ တစ်ခါသုံး ကော်ပုလင်းများ ကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။အရင်ထုတ်လုပ်ခဲ့တဲ့ ဖန်ပုလင်းများနဲ့ တော့ အရွယ်အစားရော ဈေးနှုန်းများပါ ကွာခြားမှု့ ရှိပါတယ်။ ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) Pinya Manufacturing Company Limited ကထုတ်လုပ်တဲ့ Max Plus အချိုရည်ကော်ဗူးများဟာ အရင်အတိုင်း […]


susunosukiApril 22, 20101min965
ကော်ဖီကင်းဓါတ်ပုံ(အင်တာနက်) ပြည်တွင်း အကြွေရှားပါးမှု့ကို အရင်ကလက်လီဆိုင်တွေ ရောင်းချရာမှာ ချိုချဉ်များပေးလို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးမျိုးဖြည့်ယူ စေလို့ပဲဖြစ်ဖြစ် ဖြေရှင်းခဲ့ကြပါတယ်။ အခုအချိန်မှာ တော့ ချိုချဉ်တွေ တစ်ရူးထုတ်တွေအစား တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေ ဈေးကွက်ထဲကို ဝင်ရောက်လာပါပြီ။ ဥပမာ – အကြွေ ငါးဆယ် အမ်းဖို့ အခက်အခဲရှိတယ် ဆိုပါစို့ ၊ ကော်ဖီမစ် ငါးဆယ်တန်တစ်ထုတ် ဖြည့်ယူသွား နိုင်ပါပြီ။ စူပါကော်ဖီမစ်( ဓါတ်ပုံ-အင်တာနက်) လက်လီဆိုင်ရှင်တွေကတော့ ဒီလိုငါးဆယ်နဲ့ရောင်းပေးရတာဟာ သူတို့အတွက် အမြတ်အစွန်းသိပ်မရှိပေမယ့် ဝယ်သူတွေရဲ့ အကြွေအခက်အခဲ ကိုဖြေရှင်းပေးနိုင်လို့ သူတို့အနေနဲ့ကျေနပ်ကြောင်း ပြောဆိုကြပါတယ်။ ငါးဆယ်ကျပ်နဲ့ရောင်းပေးတဲ့ တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေကို တော့ စူပါကုမ္ပဏီနဲ့ မီကိုကော်ဖီမစ်ကိုထုတ်လုပ်တဲ့ မီကို ဖုမားကတ်တင်း တို့ကနေထုတ်လုပ်ပါတယ်။ စူပါကင်းတံဆိပ်နဲ့ ရှယ်အမှတ်တံဆိပ်များပဲဖြစ် ပါတယ်။ စူပါကုမ္ပဏီက သိပ်မကြာယခင်ကမှ ကဖီးတူးဂိုး တံဆိပ် […]


susunosukiApril 22, 20101min894
ဖြောင်း´ `ဖြောင်း´ `အ´ `အင့်´ အင်း…လက်သံပြောင်သားပဲ။ ဆိုင်ရှင် ကိုပေသီးရဲ့ ဘယ်လက်ထဲမှာ ပိုက်ဆံ အကြွေတချို့ကို ကို်င်ထားပြီ်း.. ညာလက်ကတော့ လေထဲ မှာ ….လက်ကအောက်ကို တောင်မရောက်သေး။ စောစောက ကလေး နှစ်ယောက်ရဲ့နားရင်းကိုရိုက် ပြီးတဲ့အနေအထား နဲ့ ပဲ ရှိသေးတယ်။စောစောက ကိုပေသီးရှေ့မှာလက်နောက်ပစ်ပြီး ရို့ ရို့ ကလေးရပ်နေကြတဲ့ ကလေး နှစ်ယောက်ဟာ တိုင်ပင်ထားသလို တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းသွားကြတယ်…………..။ လေကြမ်းဝင်သွားတဲ့ .. စပါးတော လေးလိုပဲ။ တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းလို့ ၊နားရွက်တွေရဲလို့ မျက် နှာ တွေကတော့ ငိုမဲ့မဲ့ နဲ့ ့။ ……………. …………….. ………… `ဟေ့ကောင်တွေ..မင်းတို့ နားလေးနေလား´ `ဗျာ´ […]


susunosukiApril 16, 20101min1828
လူတွေဟာ ပစ္စည်း ပစ္စယာတွေကို ဝယ်ယူ အသုံးပြုကြတယ်။ လိုအပ်ချက်အရရော ၊ လိုချင်တာသက်သက်ကြောင့်ရော ပေါ့။ တန်ဖိုးအနည်းအများသင့်တော် သလိုပေးပြီး သုံးကြတာပေါ့။ ဒါကို ကျုပ်က အသုံးပြုတယ် လို့နာမည်ပေးတယ် ဗျ။ ကျုပ်တို့နေ့စဉ် အသုံးပြုကြတဲ့ ပစ္စည်း ပစ္စယာတွေက အများသားကလား။ စားသောက်ကုန်ဆို လည်း ဆန် ဆီ ဆား ကအစ အဝတ်အထည်လည်း ပါသပေါ့။ ရေလာထည့်သူကို လည်း ရေဖိုးပေး ရသလို လျှပ်စစ်မီး အတွက်လည်း မီတာခပေးရတာပဲလေ။ လူပြောများတဲ့ စကားတစ်ခု လိုဆိုရရင် “ အလကားတော့ ဘာမှ မရဘူးဟေ့လူ” ပေါ့ဗျာ။ ဟုတ်တယ်မို့လား။ အဲ ဟုတ်ပြီ။ ဒီလိုမှ မဟုတ်ပဲ အပိုအမြတ်ထုတ်ချင်တဲ့ ထိုက်သင့်တဲ့ အခကြေးငွေ မပေးပဲ အမြတ်ထုတ်တဲ့ […]