Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


susunosukiJune 1, 20101min1920
အရူးတွေက တော့ စည်မျဉ်း စည်းကမ်းအတိုင်းသာ အလုပ်လုပ်တတ်ကြတယ်။ မှန်မှန်ကန်ကန်လိုက်နာတယ်။ ဒါနဲ့ပဲ ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးကြတယ်။ လူတော်တွေကတော့ သူတို့အလုပ်နဲ့ သင့်တော်တဲ့ စည်မျဉ်း စည်းကမ်းကိုချမှတ်တယ်။ ဒီတော့သူတို့လိုချင်တဲ့ရည်မှန်းချက်ကို တိုက်ရိုက်ရောက်ရှိတယ်။ သို့သော် မကြာခဏဆိုသလို အဲဒီထိန်းချုပ်မှုတွေကြား ပဋိပက္ခ တွေနဲ့ရင် ဆိုင်ရတယ်။ ပညာရှိတွေကတော့ အလုပ်နဲ့ စည်မျဉ်း စည်းကမ်း နှစ်ခုလုံးကို ညှိနှိုင်းကာ ချင့်ချိန်တယ်။ အားလုံးအတွက် လိုအပ်ရင်လိုအပ်သလို ပျော့ပျောင်းစွာ ဆောင်ရွက်တယ်။ သူတို့ဟာ လုပ်ငန်းတွေအတွက် အခွင့်ကောင်းတွေကို ဆုံးရှုံ့းမှုနည်းပါးတယ်။


susunosukiJune 1, 20101min1770
အရူးတွေဟာ ငွေအတွက်အလုပ်လုပ်ကြတယ်။ တန်ဖိုးတစ်စုံတစ်ရာ အတွက်လုပ်ကြတာမဟုတ်ဘူး။ ဒါကြောင့်ငွေကြေးကိုပဲ သူတို့ရကြတယ်။ လူတော်တွေကတော့သူတို့ကိုယ်သူတို့ပြုပြင်ဖို့အလုပ်လုပ်ကြတယ်။ ဒီတော့သူတို့ဟာ ငွေကြေးနဲ့အောင်မြင်မှုကိုရတယ်။ ပညာရှိတွေကတော့ကောင်းကျိုးချမ်းသာနဲ့ အလှူဒါန အတွက်အလုပ်လုပ်ကြတယ်။ သူတို့ဟာ မိတ်ဆွေ၊ ငွေကြေး၊ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတို့ကို ရကြတယ်။


susunosukiJune 1, 20101min2262
အရူးတွေဟာ အမြဲတမ်းသူတပါးကို ပြစ်တင်ပြောဆို တတ်တယ်။ ဒီတော့သူတလို့မှာ မမြင်ရတဲ့ ရန်သူများပြီးတော့ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေတယ်။ လူတော်တွေကတော့ သူတို့ကိုယ်သူတို့ပဲ ပြစ်တင်ပြောဆို ကြတယ်။ အခြားသူတွေက သူတို့ကိုကိုယ်ချင်းစာကြတယ်။ သို့သော် သံသယ ရှိကြတယ်။ ပညာရှိတွေကတော့ ဘယ်သူ့ကိုမှပြစ်တင်ပြောဆိုခြင်းမရှိဘူး။ ဘယ်သူမှ အမှားကို တမင်တကာ မပြုချင်ကြပါဘူး ဆိုတာသိရှိကြတယ်။


susunosukiJune 1, 20101min2380
အရူးတွေဟာ သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ပြောခွင့်ပြုတယ်။ သူတို့ဟာအမှားတွေ ကို ဆက်တိုက်ကြူးလွန်တယ် ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေတယ်။ လူတော်တွေကတော့ သဘာဝကျကျ ပြောတတ်ကြတယ်။ သူတို့ဟာ အမှန်တရားတွေကို ပြောတယ်။ သို့သော် အသက်မပါဘူး။ ပညာရှိတွေကျတော့ ပညာစကားပြောကြားတယ်။ ဒီစကားတွေဟာ စကြာဝဠာရဲ့ အမှန်တရား (သစ္စာတရား) တစ်ပိုင်းတစ်စ ဖြစ်လာတော့တယ်။


susunosukiJune 1, 20101min1590
အရူးတွေဟာ ငြင်းခုန်ရတာကို သဘောကျတယ်။ သူတို့ဟာ ပညာရရှိဖို့ ဆောင်ရွက်ရမယ့်အစား အတိုက်အခံနဲ့ အခြေအတင်ဖြစ်အောင် ဖန်တီးကြတယ်။ လူတော်တွေကတော့ မေးခွန်းတွေမေးတတ်ကြတယ်။ သူတို့ဟာဆက်သွယ်မေးမြန်းရာမှာ ပညာတွေတတ်လာကြတယ်။ ပညာရှိတွေကတော့ ဆိတ်ဆိတ်နေလေ့ရှိကြတယ်။ သူတို့ဟာ နက်နဲစွာလေ့လာဆန်းစစ်တယ်။ နောက်သင့်တော်တာကို အကြံပြုတယ်။


susunosukiMay 15, 20101min1760
အရူးတွေဟာ သူတော်ကောင်းတရားကို အထင်သေးတယ်။ သူတို့ဟာ အလွန်အမင်း မကောင်းမြင်ဝါဒီများ ဖြစ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရသမျှပစ္စည်းတွေကို အဆိုးဆုံးအနေနဲ့ လက်ခံထားကြတယ်။ တစ်သက်မှာတစ်ခါ အခွင့်ကောင်းများရလာတဲ့အခါ ဒါတွေကိုသူတို့ မရလိုက်ကြဘူး။ လူတော်တွေကတော့ အမှန်တရားကို ကိုးကွယ်တယ်။ မှန်ကန်စွာနေထိုင်တယ်။ သူတို့ဟာ ဘာမဆိုအကောင်းဖက်ကိုသာမြင်ကြတယ်။ ဒီတော့သူတို့ဟာ အကောင်းဆုံးပစ္စည်းတွေကိုရရှိကြတယ်။ သို့သော် သူတို့ဘဝမှာ ကံဆိုးမိုးမှောင် ကျတဲ့အခါမှာ သူတို့ အနေနဲ့မထိန်း နိုင်တော့ဘူး။ ပြိုကွဲပျက်စီးကာ ဝမ်းနည်းကြေကွဲမှုတွေနဲ့နေသွား ကြရတယ်။ ပညာရှိတွေကတော့ အဆိုးအရွားတွေကို မထင်မှတ်ပဲဖယ်ရှား နိုင်ကြတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့သဘာဝ ကိုက ဘာလုပ်လုပ်ကောင်းနေလို့ပါပဲ။ သူတို့ဟာ အကောင်းတွေကို အမှတ်ထင်ထင်ဖယ်ရှားပြီး အမှန်ကိုရှာတယ်။ ဒီအခါအရာတိုင်းမှာ အကောင်း၊ အဆိုး နဲ့ ကြားနေ (အကောင်းမဆိုး) ဆိုတာရှိကြောင်း အမှန်ကိုမြင်လာကြတယ်။ ဒါကို သူတို့လက်ခံကြတယ်။ […]


susunosukiMay 15, 20101min1881
အရူးတွေဟာအတွေးတွေနဲ့ မဆုံးနိုင်တဲ့ ခရီးမှာ လွင့်နေကြတယ်။ သူတို့ဟာ အတွေးရေယာဉ်ကြောမှာ အဆုံးအစမရှိ လွင့်မြောနေတတ်တယ်။ လူတော်တွေကတော့ အတွေးသစ်တွေကိုဖန်တီးတယ်။ များသောအားဖြင့် အဲဒီအတွေးတွေဟာ ဆန်းကြယ်လှတယ်။ သို့သော်လက်တွေ့ကျကျ ဖြစ်လာဖို့တော့ခက်ခဲတယ်။ ပညာရှိတွေကတော့ သူတို့ရဲ့အတွေးတွေကို သူတို့စီမံထိန်းသိမ်းနိုင်တယ်။ အခြေနေပေါ်မူတည်ပြီး၊ လိုအပ်သလိုတီထွင်မယ်။ စိတ်ကူးညဏ်ကွန့်မြူးမယ်။ ဒါမှမဟုတ်ဖျက်ချင်လည်း ဖျက်ပစ်လိုက်မှာပဲ။ သူတို့တွေဟာ အဲဒီကနေ အကောင်းဆုံးရလာဒ် ကိုယူမယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးကနေ ပျော်ရွှင်မှုတွေ ရရှိစေမှာ ဖြစ်တယ်။ XXXXX ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။ ကျွန်တော်က ရလာတဲ့ဘဝ တိုတိုလေးမှာ […]


susunosukiMay 15, 20101min1900
အရူးတွေဟာ အတွေးတွေနဲ့ မဆုံးနိုင်တဲ့ ခရီးမှာ လွင့်မျှောနေကြတယ်။ သူတို့ဟာ အတွေးရေယာဉ်ကြောမှာ အဆုံးအစမရှိ လွင့်မြောနေမိတက်တယ်။ လူတော်တွေဟာ အတွေးသစ်တွေဖန်တီးတယ်။ များသောအားဖြင့်အဲဒီအတွေးတွေဟာ ဆန်းကြယ်လှတယ်။ သို့သော်လက်တွေကျကျ ဖြစ်လာဖို့တော့ခက်ခဲတယ်။ ပညာရှိတွေကတော့ သူတို့ရဲ့ အတွေးတွေကို သူတို့စီမံ ထိန်းသိမ်းနိုင်တယ်။ အခြေနေပေါ်မူတည်ပြီး၊ လိုအပ်ရင်လိုအပ်သလိုတီထွင်မယ်။ စိတ်ကူးညဏ်ကွန့်မြူးမယ်။ ဒါမှမဟုတ်ဖြတ်ချင်လည်း ဖျက်ပစ်လိုက်မှာပဲ။ သူတို့ဟာ အဲဒီကနေ အကောင်းဆုံးရလာဒ် ကိုရယူမယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးကနေ ပျော်ရွှင်မှုတွေရရှိစေမှာ ဖြစ်တယ်။ Xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။ ကျွန်တော်က ရလာတဲ့ဘဝ […]


susunosukiMay 15, 20101min1680
အရူးတွေဟာ သူတို့ရထားတဲ့ဘဝကို သူတို့ နားမလည်ကြဘူး။ ဒီတော့သူတို့ဟာမိမိဘာသာ လုပ်ဆောင်ရမှာတွေကို ကြောက်နေကြတယ်။ မကြာခဏ ဆိုသလိုသူတို့ဟာ ဝမ်းနည်းနေတတ်ကြတယ်။ လူတော်တွေကတော့ သူတို့ကိုယ်သူတို့နားလည်ကြတယ်။ ဒါပေမယ့် သူတို့ဘဝပြင်ပ ကောင်းကျိုးချမ်းသာတွေကို နားမလည်ကြဘူး။ သူတို့ဟာသူတို့ကိုယ်သူတို့ အတော်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်မှုတွေ နဲ့သာ အလုပ်များနေတတ်ကြတယ်။ ပညာရှိတွေကတော့ ဘဝရဲ့အတ္တတည်ရာ ခဏတာကို သိနားလည်ကြတယ်။ သူတို့ဟာဘဝရဲ့အင်အားကြီးသော ပူစီပေါင်းတွေထဲမှာ လုပ်ဆောင်သင့်သည်များကို ဆောင်ရွက်နေကြတယ်။ သူတို့ဟာဘဝ ပူစီပေါင်းများ ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြတယ်။ ဒီပူစီပေါင်းတွေ မကြာမှီပျောက်သွားမှာကို လည်း သိကြတယ်။ Xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ […]


susunosukiMay 15, 20101min1810
အရူးတွေဟာ ဘဝမှာပန်းတိုင်မရှိပဲနေထိုင်ကြတယ်။ သူတို့ဟာရည်ရွယ်ချက်မရှိပဲမျှောလွင့်နေကြတယ်။ မကြာခဏဆိုသလို ဘာဆိုဘာမှ မလုပ်ရသေးတဲ့အနေအထား (အလုပ်ရဲ့အစ)မှာပဲ ရှိနေတတ်ကြတယ်။ လူတော်တွေကတော့ သူတို့မရောက်လှမ်းနိုင်တဲ့ ပန်းတိုင်ကို ချမှတ်ထားလေ့ ရှိကြတယ်။ သူတို့ဟာ အဲဒီလိုဝန်ထုတ်ကြီးကို ပုခုံးထက်မှာ ထမ်းထားတတ်ပြီး ဘယ်သောအခါမှာ ကျေနပ်ရောင့်ရဲတယ်လို့ မရှိကြဘူး။ ပညာရှိတွေကတော့သူတို့ ရဲ့ အနိ္တမပန်းတိုင်ကိုသိကြတယ်။ သူတို့ဟာဘဝမှာ သေးငယ်တဲ့ပန်းတိုင်များကို လှေခါးလိုဆင့်ကာ အောင်မြင်မှုကိုရကြတယ်။ သူတို့ဟာဘဝတလျှောက်လုံးမှာ သူတို့မျှော်လင့်တာတွေနဲ့ ပျော်ရွှင်မှုတွေကိုရကြတယ်။ xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။ ကျွန်တော်က ရလာတဲ့ဘဝ တိုတိုလေးမှာ အများကြီး […]


susunosukiMay 3, 20101min2712
မနေ့ညက မင်းရောက်မလာဘူး။ ငါစောင့်နေသေးတယ်။မင်းရောက်မလာဘူး။ အရင်နေ့က မင်းနဲ့တွေ့ခွင့်ရတယ်။အဲဒီနေ့တုန်းက ငါ့ရဲ့အိပ်ရာဝင်ချိန်ဟာ အကြောင်းတစ်ခုခု နဲ့ စိုလက်တောက်ပနေခဲ့တယ်ဆို အဲဒီအကြောင်းက မင်းပေါ့။ မင်းဟာ ငါ့ရဲ့အိပ်ရာဝင်တေးဖြစ်တယ်။မင်းဟာ ငါ့အိမ်မက်တွေရဲ့ သိုက်စောင့်တစ်ယောက်။ မင်းဟာ ငါ့ရဲ့ မိုးသောက်မှာ အသာတကြည်နိုးထစေတဲ့ ရောဒ့်သီချင်းတစ်ပုဒ် ဖြစ်တယ်။ မင်းဟာ ငါ့ရဲ့ အလိုအပ်ဆုံးတစ်စုံတစ်ရာပါ……..။ ငါကိုယ့်ငါမင်းမရှိလည်းဖြစ်ပါတယ်လို့ အားတင်းပြီး အိမ်ပြန်လမ်းကိုစတင်လိုက်တော့ ငါ့ခြေထောက်တွေက လေးလံနေတယ်။ စိတ်ညစ်တဲ့အခါတိုင်း ပျော်တဲ့အခါတိုင်း တီးခတ်လေ့ရှိတဲ့ဂစ်တာ အိုလေးက ဒီညတော့ငါ့ကို မဆွဲဆောင်နိုင်ရှာဘူး။ တခြားလုပ်စရာလည်းမရှိ စာအုပ်လည်းမဖတ်ချင်လို့ ဂစ်တာကိုပဲကောက်ကိုင်လိုက်မိတယ်။ `ဟိုအရင်လို ပျော်ရွှင်ချင်များ ရာထောင်ချီတိမ်တွေရဲ့ကြား မျောလွင့်နေခရီးရှည်များနဲ့ ရာသီတွေဖြတ်သန်းခဲ့ကြxxx…… ဆက်တီးလို့မရတော့ပါဘူး။ဂစ်တာလေးလဲသွားတော့ ချောင်ကို။ ငါမရတော့ပါဘူး။ စကော်ပီယမ်သီချင်းလိုပဲ I lose control b’coz you babe…… ဒီညကမင်းကိုတွေ့ခွင့်မရတဲ့ညပါ


susunosukiMay 1, 20101min2190
Charles Akara ရေးသားပြီး ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) မြန်မာပြန်တဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။ The Foolish, The Clever, The Wise ဆိုတဲ့အင်္ဂလိပ်လိုကို ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) က အရူး၊လူတော် နှင့် ပညာရှိ ဆိုပြီးဘာသာပြန်ထားပါတယ်။ Planet Forum မှာတော့` တူဒေး အယ်ဒီတာအဖွဲ့ က ဘာသာပြန် ထုတ်တဲ့ ဘာသာပြန်စာအုပ်လေးတစ်အုပ်ပါ..´ လို့ရေးထားတယ်။ ဘာပဲဖြစ်ဖြစ် စာအုပ်ပါအကြောင်းအရာကတော့ တော်တော့်ကို စိတ်ဝင်စား စရာကောင်းပါတယ်။ စာအုပ်ကိုဖတ်ပြီးသွားတော့ ကိုယ့်ကိုယ်ကို တော်တော်လေးပြန်ကြည့်မိသွားပြီး ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ နှိုင်းယှဉ်တတ်လာပါတယ်။ အမှားတွေအများကြီးတွေ့လာပါတယ်။ ကျွန်တော်အချိန်ရရင် ရသလို မြန်မာပြန်လေးရေးတင်ပေးမယ် ဆိုတဲ့အကြောင်း ကြိုတင်အကြောင်းကြားပေးတာပါ။ Myanmar Book Shop Site ကတော့စာအုပ်ကိုခုလိုညွှန်းထားပါတယ်။ `Charles Akara၏ The Foolish, The […]


susunosukiApril 28, 20101min1800
အင်တာနက်လူမှု့ကွန်ယက် ဝဘ်ဆိုဒ်ကြီးface book ဟာ ၎င်းတို့ရဲ့ fan pages ပုံစံမျိုး Community Pages လို့ခေါ်တဲ့feature အသစ်တစ်ခုကို စတင်ဖို့ရှိနေကြောင်းကြေငြာလိုက်ပါတယ်။အဆိုပါ Community Pages ဟာခေါင်းစဉ်တပ်ပေးထားတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ user တွေအကြား အသိ်ပညာတွေ ၊ စိတ်ကူးအမြင်တွေကို မျှဝေနိုင်ဖို့ရည်ရွယ်ထားတာပါ။ဥပမာ Page မှာ ဟင်းချက်ခြင်းလို့ခေါင်းစဉ်တပ်ထားရင် အဆိုပါအကြောင်းနဲ့ပတ်သက်လို့wikipedia ကဆောင်းပါးတွေအပါအဝင် user တွေရဲ့စိတ်ကူးအမြင်တွေ၊အတွေ့အကြံးတွေကိုပါဖော်ပြဖလှယ်နိုင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ face book က“သင်ဟာဟင်းချက်ခြင်း သို့မဟုတ် ဘာသာစကားတစ်ကိုလေ့လာခြင်းစတဲ့ ခေါင်းစဉ်အောက်မှာ face book ထဲကကိုယ့်အသိုင်းအဝိုင်းတွေနဲ့အတူအတွေ့အကြုံတွေအသိပညာတွေပါမျှဝေနိုင်တော့မှာပါ။ကျွန်ုပ်တို့ဟယယခုတော့Wikipedia သတင်းအချက်အလက်တွေကိုစတင်အသုံးပြုပြီးလုပ်ဆောင်နေပါတယ်။ဒါပေမယ့်ဒီခေါင်းစဉ်တွေနဲ့ပတ်သက်လို့စိတ်ဝင်တစားရေးသားမယ့်sign up လုပ်ပြီးဝေမျှမယ်အခြား user တွေကိုလည်းရှာဖွေနေပါတယ်။ ဒါပေမယ့် face book ဟာယခု Community Pages ကိုစမ်းသပ်ဆဲ အဆင့်မှာပဲရှိနေသေးကြောင်းသိရပြီးအောင်မြင်မှု့ရဖို့ရာဆက်လုပ်စရာတွေရှိသေးကြောင်းသိရပါတယ်။ သတင်း-အင်တာနက်သတင်းဂျာနယ်