zaw mgMarch 29, 20112min1034
KOICA ဝန်ထမ်းများ နှင့် ကျွန်တော်  လိုက်ပါလာစီးနင်းလာတဲ့နောက်ဆုံးပေါ်မော်တော်ကားလေး ဟာ စီမံကိန်းဝင်ဒေသ ခရောင်ကျေးရွာ ကို နံနက် ၉နာရီကျော် မှာရောက်ရှိခဲ့ပါတယ် ။ ခရောင် ကျေးရွာသူကျေးရွာသားတွေ ရဲ့ဖော်ရွေတဲ့ အပြုံး နဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေက……ခရီးစဉ် မနက်ခင်းရဲ့ အလှကို ပိုမို  အသက်ဝင်လှပစေပါတယ် ။ ကျွန်တော် စီးလာတဲ့ကားလေးပေါ်ကနေ………..ခရောင်ကျေးရွာ ခန်းမဆောင်ကြီးကိုလှမ်းတွေ့တော့ အံ့ဩမိပါတယ်….ဘာလို့လဲဆိုတော့ ဒီလိုကျေးရွာလေးမှာ ………ဒီလောက်ကြီးကျယ်ခမ်းးနားတဲ့ ခန်းမကြီး  ရှိလိမ့်မယ်လို့ မတွေးထင်မိလို့ပါဘဲ…………..ကျေးရွာခန်းမကြီးရဲ့ အတွင်းဘက်မှာတော့ ကလေးငယ်လေးများ အတွက် နေ့ကလေးထိန်းကျောင်း နဲ့ ဆေးပေးခန်း တို့ တွဲလျက်တည်ဆောက်ထားပါတယ်။ နေ့ကလေးထိန်းကျောင်းထဲမှာ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေ……..ပျော်ရွင်ကြည်နုူးစွာ ခုန်ပေါက်ဆော့ ကစားနေတာကိုမြင်ရတော့   ငယ်စဉ်ကလေးဘဝကို ပြန်လည်အောက်မေ့သတိရမိပါတယ်။ ………..ခရောင်ကျေးရွာသူ ၊ကျေးရွာသားတွေ.ရဲ့ရင်ထဲမှာ အတိုင်းမသိ………….ဝမ်းသာကြည်နုုးပျော်ရွင်နေကြတာကို …..ကျေးရွာဥက္ကဌဖြစ်သူ ကိုသက်နိုင် က  […]