KOICA ၏ စီမံကိန်းဝင်ဒေသများသို့…………အလည်တစ်ခေါက်

zaw mgMarch 29, 20112min944
လှည်းကူးမြို့နယ်..ခရောင်ကျေးရွာ

KOICA ဝန်ထမ်းများ နှင့် ကျွန်တော်  လိုက်ပါလာစီးနင်းလာတဲ့နောက်ဆုံးပေါ်မော်တော်ကားလေး ဟာ စီမံကိန်းဝင်ဒေသ ခရောင်ကျေးရွာ ကို နံနက် ၉နာရီကျော် မှာရောက်ရှိခဲ့ပါတယ် ။

ခရောင် ကျေးရွာသူကျေးရွာသားတွေ ရဲ့ဖော်ရွေတဲ့ အပြုံး နဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေက……ခရီးစဉ် မနက်ခင်းရဲ့ အလှကို ပိုမို  အသက်ဝင်လှပစေပါတယ် ။

ကျွန်တော် စီးလာတဲ့ကားလေးပေါ်ကနေ………..ခရောင်ကျေးရွာ ခန်းမဆောင်ကြီးကိုလှမ်းတွေ့တော့ အံ့ဩမိပါတယ်….ဘာလို့လဲဆိုတော့ ဒီလိုကျေးရွာလေးမှာ ………ဒီလောက်ကြီးကျယ်ခမ်းးနားတဲ့ ခန်းမကြီး  ရှိလိမ့်မယ်လို့ မတွေးထင်မိလို့ပါဘဲ…………..ကျေးရွာခန်းမကြီးရဲ့ အတွင်းဘက်မှာတော့ ကလေးငယ်လေးများ အတွက် နေ့ကလေးထိန်းကျောင်း နဲ့ ဆေးပေးခန်း တို့ တွဲလျက်တည်ဆောက်ထားပါတယ်။

KOICA ဒုတိယဥက္ကဌ Mr. Chang Hyun Sik ၊ မြန်မာနိုင်ငံဆိုင်ရာ KOICA ဌာနေကိုယ်စားလှယ် Ms. Kim Tae-Eun နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Minister Counselor Mr.Yun Kang Hyeon

နေ့ကလေးထိန်းကျောင်းထဲမှာ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေ……..ပျော်ရွင်ကြည်နုူးစွာ ခုန်ပေါက်ဆော့ ကစားနေတာကိုမြင်ရတော့   ငယ်စဉ်ကလေးဘဝကို ပြန်လည်အောက်မေ့သတိရမိပါတယ်။

………..ခရောင်ကျေးရွာသူ ၊ကျေးရွာသားတွေ.ရဲ့ရင်ထဲမှာ အတိုင်းမသိ………….ဝမ်းသာကြည်နုုးပျော်ရွင်နေကြတာကို …..ကျေးရွာဥက္ကဌဖြစ်သူ ကိုသက်နိုင် က  “ကျွန်တော်တို့ ကျေးရွာလေး ရဲ့မြေနီလမ်းက အရင်ကဆို အခုလို ကားလုံးဝသွားလို့မရဘူး………ခုတော့ အကိုတို့ မြင်တဲ့အတိုင်း…………လမ်းကြီးကဖြောင့်ဖြူးနေတာပဲ “ ဟု အားရပါးရပြောပြပါတယ် ။ KOICA ကစီစဉ်ပေး တဲ့ အစီအစဉ် နဲ့လေ့လာရေးခရီးအဖြစ်  ကျွန်တော်တို့ မရောက်ဘူးသေးတဲ့  ကိုရီးယားနိုင်ငံကို  ခရောင်ကျေးရွားသားလေး ကိုသက်နိုင်ရောက်ခဲ့ပြီးပါပြီ…………

မြန်မာမုန့်ဟင်းခါးကြိုက်တဲ့KOICA ဒုတိယဥက္ကဌ Mr. Chang Hyun Sik

…………ဒီခရီးစဉ်ဟာ သူ့အတွက် ဘဝမှာ…မမက်ခဲ့ဘူးတဲ့အိမ်မက်တစ်ခုလက်တွေ့အကောင်အထည်ပေါ်လာတာပဲလို့  ….ခံစားချက်အပြည့်နဲ့သူကဆိုပါတယ်…………..အဲ့ဒီခရီးစဉ်က တွေ့မြင်ခံစားရလာခဲ့တဲ့..မသိစိတ်တွေရဲ့ယုံကြည်မှု့ကသူ့ နဲ့ရွာသူရွာသားတွေအတွက် ကြိုးစားမှု…… တွန်းအား တွေကိုဖြစ်စေခဲ့သလို အိမ်ခြေ၁၁ဝခန့်ရှိတဲ့  ခရောင်ကျေးရွာမှာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ တိုးပွားစေခဲ့ပါတယ်………

KOICA ဒုတိယဥက္ကဌ Mr. Chang Hyun Sik ၊ မြန်မာနိုင်ငံဆိုင်ရာ KOICA ဌာနေကိုယ်စားလှယ် Ms. Kim Tae-Eun နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Minister Counselor Mr.Yun Kang Hyeon တို့ပါဝင် တဲ့အဖွဲ့သားအားလုံး .ရဲ့ ရင်ထဲမှာ ်ဖြစ်ပေါ်နေတဲ့ ပီတိများက သူတို့ ရဲ့ မျက်လုံးများထဲမှာ ် ဖုံးကွယ်၍ မရနိုင်အောင် အထင်းသားမြင်နေရပါတယ်…………………..

ကျေးရွာဥက္ကဌ ကိုသက်နိုင်

အခမ်းအနား အစီအစဉ်ကျင်းပနေစဉ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်ခဲ့တဲ့ KOICA ဒုတိယဥက္ကဌ Mr. Chang က “ သူ့အနေနဲ့မွေးရပ်မြေကျေးရွာကလေးကိုပြန်လည်ရောက်ရှိသွားသကဲ့သို့ခံစားရကြောင်းနဲ့ ယခုစီမံကိန်းအောင်မြင်သကဲ့သို့ နောင်တွင်မြန်မာနိုင်ငံရဲ့ အခြားကျေးရွာများလည်း တိုးတက်အောင်မြင်လာမည်ဟုမျှော်လင့် တဲ့အကြောင်း “ ပြောကြား လိုက်တဲ့အချိန်မှာ တက်ရောက်လာတဲ့ခရောင် ကျေးရွာသူူ၊ ကျေးရွာသားများ ရဲ့ရင်ထဲကပျော်ရွင်ခြင်းတွေဟာ……..လက်ခုပ်သံတွေအဖြစ်လေထဲပျံဝဲသွားပါတယ်……………………………

…..ဒီလိုနဲ့ အခမ်းအနားအစီအစဉ်ပြီးဆုံးတော့ ခရောင်ကျေးရွာသူ ၊ကျေးရွာသားများရဲ့ စေတနာတွေနဲ့ချက်ပြုတ်ထားတဲ့ “ နံနက်စာ မုန့်ဟင်းခါး “ ကိုမြန်မာပြည်ပထမဆုံးရောက်ရှိလာတဲ့  Mr.Chang နဲ့ တက်ရောက်လာသူများကို တည်ခင်းဧည့်ခံကျွေးမွေးကြပါတယ်။

“ ကိုရီးဟား အစားအစာတွေလောက်မကောင်းပေမယ့် စေတနာနဲ့ စားစေချင်လို့ ချက်ထားတာကို အခုလိုအားရပါးရနဲ့စားတာ တွေ့ရတော့ အရမ်းကိုကျေနပ်ဝမ်းသာမိတယ် ” လို့ ချက်ပြုတ်ဧည့်ခံကျွေးမွေးတဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးရဲ့ ပီတိစကားသံကိုကြားရပါတယ်။

KOICA ရဲ့တာဝန်ရှိသူများကို ဌာနဆိုင်ရာအရာရှိများနဲ့ဒေသခံများက ကျေးရွာအတွင်းရှိရေပေးဝေမှုစနစ်များကိုလိုက်လံပြသခဲ့ပါတယ်။ ယခင်ကနှစ်ပေါင်းများစွာတရွာလုံးအသုံးပြုလာတဲ့သောက်ရေကန်အိုကြီးကိုရွာဦးဘုန်းကြီးကျောင်းသွားရာလမ်းနံဘေးမှာမြင်တွ့ရတော့လက်ရှိလွယ်ကူစွာတစ်ရွာလုံးရေသွယ်တန်း အသုံးပြုနေနိုင်ပြီဖြစ်တဲ့ ရေရရှိခြင်းအကျိုးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

“ ဒီရေကန်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွားကတည်းက…သောက်ရေကန်အဖြစ် အသုံးပြုလာခဲ့တာ…အခုတော့အသုံးမပြုတော့ပါဘူး…….ဒါပေမယ့်ကန်ကြီးတိမ်ကောသွားမှာဆိုးလို့ ပြန်လည်တူးဖေါ်ပြီး ငါးကန်လုပ်နိုင်အောင်စီစဉ်ဖို့ အကြံပြုထားတယ်လို့ “ ဒေသခံဝန်ထမ်းတစ်ဦးက ဧည့်သည်များကို ရှင်းပြပါတယ်။

အခုဆိုရင်……ခရောင်ကျေးရွာအတွင်းမှာရှိတဲ့ အဝီစိ ရေပေးဝေမှုစနစ်တွေကိုလည်း ရေစုပ်စက်နဲ့မောင်းတင်ကာရေပေးဝေနိုင်ပြီးတရွာ လုံးမီးလင်းစေဖို့ လာမယ့်မတ်လ (၂ရ ) ရက်နေ့မှာထရန်စဖော်မာ တစ်လုံး တပ်ဆင်ဖွင့်လှစ်နိုင်တော့မယ်ဆိုတာ သိရလို့….ဝမ်းသာပီတိဖြစ်ရပါတယ်……

ဒီလိုဆို KOICA ရဲ့လှည်းကူးစီမံကိန်းဝင် ဒေသတစ်ခုဖြစ်တဲ့ခရောင်ကျေးရွာဟာ မကြာတော့မယ့်ကာလမှာ လျှပ်စစ်မီးရောင်များအောက်မှာဖွံ့ဖြိုးမှုတွေဝေဆာတဲ့  စံပြကျေးရွာတစ်ရွာအဖြစ်မြင်တွေ့ရဖို့ ယုံကြည်မျှော်လင့်ဆန္ဒပြု ….ဆုတောင်းရင်း…………………………………………………………………………………………………………………………………………………………………………………………………..

အောင်ကျော်ခန့်

4 comments

  • bigcat

    March 29, 2011 at 4:51 am

    အပြန်အလှန်အားဖြင့် မြန်မာအစိုးရမှလည်း ကိုရီးယားနိုင်ငံအတွက် ခေတ်မှီနိုင်ငံတကာလေဆိပ် အသစ်ကြီးတခုနှင့် အာကာသလေ့လာရေး ဒုံပျံစခန်းကြီးတခုကို တည်ဆောက်ပေးရန်ရှိကြောင်း။ သို့ပေမဲ့ ကိုရီးယားနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားပါက ပေးအပ်မည့် အကူအညီများ ပျက်ဆီးဆုံးရှုံးမည်စိုးသောကြောင့် တောင့်နှင့်မြောက်နှစ်နိုင်ငံ ပေါင်းစည်းသည့်အခါတွင်မှ ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

  • hmee

    March 29, 2011 at 7:58 am

    ကျေးရွာတွေမှာ အခုနောက်ပိုင်း ဘွဲ.ရလူငယ်တွေကို ဥက္ကဋ္ဌ ခန်.တာတွေ.ရပါတယ်။ အသက်အရွယ်ကငယ်တော. ကျောင်းကသင်တဲ့ သင်ညာရှိပေမဲ့ ဘဝကသင်တဲ့ ပညာမလုံလောက်သေးဘူးလို.ထင်တယ်။ တကယ်လက်တွေ. အမှုကိစ္စကြုံလို. ဖြေရှင်းတဲ.အခါ အတွေ.အကြုံစုံနေတဲ. လူကြီးတွေကို မမှီနိုင်ဘူးလေ။ ကောသလမင်း အိမ်မက် (၁၆) ချက် မှန်နေပြီလားလို. တခါတခါ တွေးမိတယ်။

  • kai

    March 29, 2011 at 8:09 am

    သာဓုဗျာ…။
    လူအတွက်… ရေကအရေးအကြီးဆုံးဆိုတာမှာ.. အခုတော့…ရေအပြင်..လျှပ်စစ်မီးပါရတာမို ့.. သာဓုခေါ်လို်က်ပါတယ်.။
    ဓါတ်ပုံထဲ..ကွန်ကရစ်ဓါတ်တိုင်တွေ့ရတာမို ့.. မီးက ရှိပြီးသားကို အစိုးရက မပေးနိုင်တာလား.. ကိုရိးယားကပဲ..တခါတည်း ဓါတ်တိုင်ပါလှူလိုက်သလား.. သိချင်မိသား..။

  • nigimi77

    March 29, 2011 at 11:17 am

    ကျုပ် ဓါတ်ပုံကို အစွမ်းကုန် ချဲ ့ကြည့်တာ ဓါတ်ကြိုး မတွေ ့ရဘူး။ တိုင်ပဲ ရှိတယ်ထင်တယ်။

Leave a Reply