သေပြီးမှ..ဒီလိုနေကြမလား

သေပြီးမှ..ဒီလိုနေကြပေမယ့်..မြန်မာမှာလို..သင်္ချိုင်းပြောင်းနေရရင်..မသာလည်းဇိမ်ရှိမှာမဟုတ်ဘူး

10 comments

  • zawthulay

    March 29, 2011 at 4:13 am

    ဘယ်လိုပဲသချင်္ိုင်းအလှဆင်ဆင်….. သေပြီးမှတော့.သိကြမှာမဟုတ်တော့ဘူးလေ
    သေပြီးတဲ့သူက…………ရုပ်တောင်ရှိတော့မှာမဟုတ်တော့ဘူး..ဒါတွေကအလကားလို့ကျွန်တော်ထင်ပါတယ်..
    ပုတ်ခတ်ပြောတာတော့မဟုတ်ဘူးနော်.အရှိကိုပြောတာပါ

  • onlinezz

    March 29, 2011 at 7:00 am

    သေပြီးမှတော့ ဘာလုပ်မှာလဲ .. အလကားကုန်တာပဲ ရှိတယ်။ ဒါမျိုးတွေ လုပ်မယ့်အစား လှူလိုက်တာ ကောင်းပါတယ်။

  • kai

    March 29, 2011 at 8:31 am

    ဒါတွေက .. သေပြီးလူကို ပေးဆပ်နေတယ်ဆိုတာထက်.. ကျန်ခဲ့တဲ့သူတွေက ..သူတို့အမှတ်တရဖြစ်အောင်လုပ်နေတယ်.. တွေးလို့လည်းရပါတယ်..။

    ယူအက်စ်သချိုင်းတွေတော်တော်များများမှာ.. တနင်္ဂနွေ..အားရက်တွေမှာ.. မိသားစုလိုက် ပစ်ကနစ်ထွက်သလို အုပ်ဂူဘေးထိုင်ပြီးစားသောက်နေကြတဲ့ ကျန်ရစ်သူတွေ..မိသားစုတွေတွေ့ဖူးတယ်..။
    အုပ်ဂူလို့ဆိုရမှာထက်.. မြေကြီးထဲမြုတ်ထားတဲ့..ကြေးပြားလေးတွေပေါ့..။ အောက်မှာအရိုးပြာထားတာကိုး..။

    ဆိုတော့..။
    အုပ်ဂူတန်ဆာဆင်တာ… ပန်းလှလှတွေပေးတာ.. အရုပ်..ပန်းခြင်းထားတာတွေက.. ကျန်ရစ်သူက..သူလာသွားကြောင်း..သူတို့ရှိကြောင်း.. စသဖြင့်.. တခြားကျန်ရစ်သူတွေကို ပြောနေတဲ့အဓိပါယ်လည်း ပါတယ်ထင်တာပဲ..။

    ဗဟုသုတရအောင် ..အောက်မှာ..ဦးတင်မိုး(ကဗျာဆရာကြီး) ကွယ်လွန်တော့အမှတ်တရလုပ်ခဲ့တဲ့ သချိုင်းမြေဝက်ဘ်ဆိုက်လင့် ပေးလိုက်ပါတယ်.။ ဘယ်လောက်သာယာသလည်း သိရအောင်… 🙂
    http://www.rosehills.com/dm20/en_US/main/rh/index.page

  • naywoonni

    March 29, 2011 at 2:06 pm

    သေသူကိုအမှတ်တရ ဖြစ်အောင်.. မိသားစု ပစ်ကနစ်ထွက်နိုင်ဖို့ဆိုတာက ကျန်ရစ်သူတွေက လည်း တတ်နိုင်မှကိုး….။ ဒီမှာတော့ ခုတောင်မသာကောင် မြေကြီးထဲရောက်ဖို့ အရပ်ကူပါ လူဝိုင်းပါနဲ့…….က ရာနှုန်းဘယ်လောက်လဲ..။ မြုပ်ရမဲ့ သချိင်္ ီုင်းတွေက လည်း ဝေးမှဝေး …။နာရေးကူ အသင်းနဲ့ ကားတွေရှိနေလို့သာ..။ နို့မို့ သေတာနဲ့ သချိုင်းမှာ သွားပြီး တန်းစီခိုင်းရ တော့မလို့………။

  • nature

    March 29, 2011 at 3:25 pm

    သေတဲ့လူ ကိုသတိရလွမ်းဆွတ် နေတယ်ဆိုရင် မကျွတ်မလွတ်လို့ အိမ်ပြန်လာလည်ရင်လက်ခံနိုင်ပါ့မလား။ သေသွားတဲ့လူရဲ့ပြုခဲ့ဘူးတဲ့ကျေးဇူးတရားတွေကို အမှတ်ရစေဘို့လုပ်တာဆိုရင်တော့ ကောင်းပါတယ်။

    • kai

      March 29, 2011 at 4:45 pm

      ဘယ်လောက်ဆင်းရဲနေပစေ..
      အဲဒီမိသားစုထဲ..တယောက်ယောက်သေ.. မကျွတ်မလွတ်နဲ့ အိမ်ပြန်လာနိုင်လို့ကတော့… (အထောက်အထား ဗီဒီယိုတကွက်လောက် ပြနိုင်လို့ကတော့..) အဲဒီကျန်ရစ်သူတွေ… ချမ်းသာသွားစေဖို့အာမခံတယ်..။ 🙂

  • nature

    March 29, 2011 at 4:54 pm

    ဒါတော့သူကြီးညစ်တာဘဲ။

  • nigimi77

    March 29, 2011 at 5:05 pm

    ငါ့ အဖွားသေတော့ ငါ့ အဖေ လုပ်ဇာတ်။
    သူ ့အမေ သေတော့ သူ ့အိမ်လိုက်လာတယ်ပေါ့။
    အဖေက အငယ်ဆုံး ဩဇာ မရှိဆုံး။
    ဒို အဲကွန်းတပ်ထားတဲ့ ငါတို ့အိမ် ငါ့ အဖေ ဝင်လာတော့ မွှေးကြိုင်ပျံ ့သင်း။
    သူ ့ အမေကို သူခေါ်လာတယ်ပေါ့။ အမေက သီလ သီတင်း စောင့်ခြင်းတွေကြောင့် သေတောင် ဝိညာဉ်က မွှေးတယ်ပေါ့။
    အမေက ဘာကြောင့်လိုက် ငါ့ သားအငယ်ဆုံး စိတ်မချဆုံးမို ့ ငါသေရင်ဖြင့် ငါ့ အချစ်ကို ပြမယ်ပေါ့။
    အိမ်တခါးဖွင့်ချင်း အဲဒီ အနံ ့သင်းကို သေချာ ရှုရှိုက်လိုက်တော့….လားလား။

    အဖွား အသုဘမှာ ငါနိုင်လို ့ ငါရထားတဲ့ ငါ့ ပိုက်ဆံနဲ ့ ငါ့ မိဘ မသိအောင် ငါခိုးဝယ်ထားတဲ့ ငါ့ ရေမွှေးနံ ့ပါလား။

  • nature

    March 29, 2011 at 5:06 pm

    အပေါ်ဆုံးပုံက ဥက္ကဌ ကြီးမိန့်ခွန်းပြောရင်းဆုံးသွားပုံရတယ်၊
    တတိယပုံကဓါက်လိုက်ပြီးသေသွားတဲ့လူလား မီးလုံးတီထွင်သူလားမသိဘူး အောက်ဆုံးကပုံကဆိုင်ကယ်ပြိုင်ပွဲမှာမှောက်ပြီးသေတဲ့လူထင်တယ်။

  • mzm

    June 29, 2011 at 2:44 pm

    လုပ်ကြပေါ့ရှင်တို့ခေတ်ပဲ

Leave a Reply