လက်ဘက်ရည်ဆိုင်မှာ တစ်ယောက်တည်းမထိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ လက်ဘက်ရည်ဆိုင်က အစားအစာတွေကိုကြိုက်ပေမယ့် တစ်ယောက်တည်းထိုင်ရမှာကို ကြောက်နေမိတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိပြီးပြောဖြစ်တယ်။ ငါ လက်ဘက်ရည်ဆိုင်မထိုင်ရဲဘူး။ နင်ကျတော့ထိုင်ရဲတယ် အဲဒါ ဘယ်လိုစိတ်ထားလေးနဲ့ထိုင်လဲပေါ့။ သူကပြောတယ် နင်ကရော ဘာလို့မထိုင်ရဲတာလဲတဲ့။ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ရင်တောင် တခါတခါ အစအနောက်ခံရတာ အဲဒီထဲဝင်ထိုင်ဖို့ဆိုတာ မတွေးရဲဘူး။ အဲဒါတော့ ကိုယ်ရွေးတဲ့ဆိုင်ပေါ်မူတည်ပါတယ်တဲ့။ ပြီးတော့ ကိုယ့်စိတ်ပေါ်မှာလည်းမူတည်ပါတယ်တဲ့။ ဝင်ရမှ ကြောက်တယ်ဆိုတာက တစ်ယောက်ကများ ကိုယ့်ကိုကြည့်နေမလား စနောက်မလားလို့ စိုးရိမ်စိတ်ရှိလို့ပါ။ ဘယ်သူမှ အချိန်ကုန်ခံပြီးကိုယ့်ကို ကြည့်မနေပါဘူး သူတို့လဲ စားဖို့သောက်ဖို့ရည်ရွယ်ချက်နဲ့လာတယ် ကိုယ်လဲစားဖို့သောက်ဖို့ ရည်ရွယ်ချက်နဲ့လာတယ်။ ဒါကြောင့် ရဲရဲကြီးသာ ဝင်လိုက်ပါတဲ့။ သူငယ်ချင်းရဲ့အားပေးစကားကြောင့် အခုတော့ လက်ဘက်ရည်ဆိုင်ထဲမှာ ရဲရဲထိုင်ဝံ့သွားပါပြီ။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ အခုထိ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လူတောမတိုးရဲသလို ခံစားရသေးတယ်။ […]