ပန်းနုJune 21, 20111min33634
ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့လူတွေနဲ့ဝေးသွားတဲ့အခါ ဘဝက အိပ်မက်တစ်ခုလိုဖြစ်သွားတယ်။ ညည အိပ်မက်ထဲမှာတော့ အရင်နေရာမှာ အရင်အတိုင်းရှိနေခဲ့တယ်။ မနက်နိုးလာလို့ မျက်စိနှစ်လုံးပွင့်ကတည်းက ဪ ငါသွားလာနေကျနေရာမဟုတ်ပါလားဆိုပြီး အားငယ် ဝမ်းနည်းသွားရတယ်။ အဲဒီခံစားချက်ကြီးက တကယ်ကိုခံရခက်ပါတယ်။ အခုဆိုရင် အမိမြေနဲ့ခွဲခွါခဲ့ရတာ ၄ရက်ရှိပြီ နေသားမကျသေးပါဘူး။ ရွာသူရွာသားတွေထဲမှာလဲ အမိမြေနဲ့ခွဲခွါနေရတဲ့သူတွေရှိပါတယ်။ ဘယ်လိုနည်းနဲ့ ပျော်ရွှင်အောင်နေကြလည်းဆိုတာ သိချင်ပါတယ်။


ပန်းနုApril 5, 20111min19717
လက်ဘက်ရည်ဆိုင်မှာ တစ်ယောက်တည်းမထိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ လက်ဘက်ရည်ဆိုင်က အစားအစာတွေကိုကြိုက်ပေမယ့် တစ်ယောက်တည်းထိုင်ရမှာကို ကြောက်နေမိတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိပြီးပြောဖြစ်တယ်။ ငါ လက်ဘက်ရည်ဆိုင်မထိုင်ရဲဘူး။ နင်ကျတော့ထိုင်ရဲတယ် အဲဒါ ဘယ်လိုစိတ်ထားလေးနဲ့ထိုင်လဲပေါ့။ သူကပြောတယ် နင်ကရော ဘာလို့မထိုင်ရဲတာလဲတဲ့။ လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ရင်တောင် တခါတခါ အစအနောက်ခံရတာ အဲဒီထဲဝင်ထိုင်ဖို့ဆိုတာ မတွေးရဲဘူး။ အဲဒါတော့ ကိုယ်ရွေးတဲ့ဆိုင်ပေါ်မူတည်ပါတယ်တဲ့။ ပြီးတော့ ကိုယ့်စိတ်ပေါ်မှာလည်းမူတည်ပါတယ်တဲ့။ ဝင်ရမှ ကြောက်တယ်ဆိုတာက တစ်ယောက်ကများ ကိုယ့်ကိုကြည့်နေမလား စနောက်မလားလို့ စိုးရိမ်စိတ်ရှိလို့ပါ။ ဘယ်သူမှ အချိန်ကုန်ခံပြီးကိုယ့်ကို ကြည့်မနေပါဘူး သူတို့လဲ စားဖို့သောက်ဖို့ရည်ရွယ်ချက်နဲ့လာတယ် ကိုယ်လဲစားဖို့သောက်ဖို့ ရည်ရွယ်ချက်နဲ့လာတယ်။ ဒါကြောင့် ရဲရဲကြီးသာ ဝင်လိုက်ပါတဲ့။ သူငယ်ချင်းရဲ့အားပေးစကားကြောင့် အခုတော့ လက်ဘက်ရည်ဆိုင်ထဲမှာ ရဲရဲထိုင်ဝံ့သွားပါပြီ။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ အခုထိ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လူတောမတိုးရဲသလို ခံစားရသေးတယ်။ […]


ပန်းနုApril 5, 20111min1094
ကျွန်မက အရမ်းစိတ်ကူးယဉ်တတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ငါကြီးရင် အင်ဂျင်နီယာကြီးလုပ်မယ် တိုက်တွေဆောက်မယ် ဘာညာပေါ့။ ဆယ်ကျော်သက်အရွယ်ရောက်တော့ သွားချင် လာချင် သုံးချင် ဖြုံးချင်လာတော့ ငါထီပေါက်ရင် ဘာလုပ်မယ်ပေါ့နော်။ ကိုယ့်ဖာသာကိုယ်တွေးတုန်းကတော့ အဆင်ကိုပြေလို့ပါပဲ။ တစ်ရက်ကျတော့ ညနေပိုင်း အင်္ဂလိပ်စကားပြောသင်တန်းမှာ ပြောစရာမစကားမရှိလို့ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတာ ပြောလိုက်မိပါတယ်။ ဗုဒ္စဘာသာ မြန်မာလူမျိုးပီပီ အရင်ဆုံးပြောတာကတော့ လှူမယ် တန်းမယ်ပေါ့နော်။  အဲဒီမှာ ကွိုင်စပတ်တော့တာပဲ။ တခြားသူတွေက ပြောတာပေါ့ ဘာလို့ ထီပေါက်မှ လှူတာလဲ အခုရော မလှူဘူးလားတဲ့။ အခု ပိုက်ဆံမရှိလို့ပါလို့ ပြောတော့ လှူတန်းတယ်ဆိုတာ ငွေပမာဏနဲ့ မဆိုင်ပါဘူး တကယ်လှူချင်ရင် ကိုယ့်ရှိတာလေးနဲ့ကိုယ် လှူဒါန်းလို့ရပါတယ်။ ပြီးတော့ တစ်ချို့အလှူတွေက လုပ်အားဒါနတို့ ပညာဒါနတို့တွေရှိတာပဲပေါ့။ တော်တော်လေး debate လုပ်ခံရပါတယ်။ ကျွန်မလည်း ထင်မထားတဲ့အကွက်ကနေ […]

Rooster.jpg

ပန်းနုApril 4, 20111min14912
လူတိုင်းလူတိုင်း ကိုယ့်မွေးနေ့ကို သာမာန်နေ့ထက် ထူးခြားပြီးဖြတ်ကျော်ချင်ကြမယ်ထင်ပါတယ်။ အိပ်မက်လည်း မွေးနေ့ပွဲကျင်းပချင်တဲ့ရောဂါက မှတ်မှတ်ရရ ၃ တန်းနှစ်လောက်မှာ စဖြစ်ခဲ့ပါတယ်။ မွေးနေ့လုပ်ချင်လို့ အိမ်ကို ပူစာပါတယ်။ နောက်ဆုံ မေမေက အိမ်နီးနားချင်းတွေကို ကြာဆံဟင်းခါး(ရန်ကုန်အခေါ် – ကြာဆံချက်) ချက်ကျွေးမယ်ဆိုတော့ သူငယ်ချင်းတွေကိုလိုက်ဖိတ်ရတာ မောတောင်မောတယ်။ ဖိတ်ရင်းနဲ့ တခါတည်းမှာလိုက်တယ် မွေးနေ့လက်ဆောင်ယူခဲ့ပါလို့ 🙂 အဲလိုနဲ့ မွေးနေ့လည်းရောက်ရော သူငယ်ချင်းတွေ မွေးနေ့လက်ဆောင်လေးတွေကိုင်ပြီး လာကြတာပေါ့။ အဲဒီထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့လက်ဆောင်က ထူးခြားနေတယ်။ ကြက်ဖြူဖြူလေးတစ်ကောင် လက်ဆောင်ပေးပါတယ်။ သူ့မိဘတွေက ကြက်ခြံရှိတော့ သူလဲ ခြံထဲက ကြက် ယူလာတယ်ထင်ပါတယ်။ ကြက်ကလေးက ကြက်တောင်ပြန်လေးပါ။ အတောင်တွေအကုန်ကော့နေတာလေ။ သူပြောတာတော့ အဲဒါ အိမ်သစ်မှာ မွေးရင် စီးပွားတက်တယ်ဆိုပါတယ်။ သူ့ကြက်ခြံမှာ ဒါမျိုးမွေးတာရှားပါတယ်တဲ့။ အထူးအဆန်းလဲဖြစ် တစ်ခါမှလည်း မမွေးဖူးတဲ့ကြက်ကို […]


ပန်းနုApril 1, 20111min941
gmail ကို လှုပ်ရှားမှုနဲ့ ထိန်းချုပ်နိုင်ပြီလို့ဆိုပါတယ်။ ဒီလင့်ကို ကြည့်ပါ။ https://mail.google.com/mail/help/motion.html လှုပ်ရှားလိုက်ကြစို့ ရွာသူရွာသားတို့ရေ


ပန်းနုMarch 18, 20111min16411
မြန်မာနိုင်ငံတွင် မိုလ်ဘိုင်းဖုန်းများအား ကနဦး တပ်ဆင်ခများ ပေးသွင်းရန် မလိုသည့် ဝန်ဆောင်မှုကို ပုဂ္ဂလိကနှင့် ပူးပေါင်းကာ ချထားပေးသွားရန် အစီအစဉ်များ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ရရှိသည်။  ကနဦး တပ်ဆင်ခများ ပေးသွင်းနေရသော အဆိုပါ မိုလ်ဘိုင်းဖုန်း အသုံးပြုမှုများအား အထက်ပါအတိုင်း အဝင်၊ အထွက် ခေါ်ဆိုခများသာ ပေးဆောင်ရပြီး လျှောက်ထားသုံးစွဲခ (ကနဦး တပ်ဆင်ခ) များ ပေးဆောင်ရန် မလိုအပ်သည့် စနစ်သည် အစိုးရ၏ ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များတွင် ပါဝင်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးကလည်း ၂၀၁၁ ခုနှစ်၊ မတ်လ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် […]


ပန်းနုMarch 18, 20111min21610
မန္တလေးမှာ တက္ကသိုလ်တတ်တုန်းက ကဲခဲ့တဲ့အကြောင်းလေးတွေ နဲ့ hmee ရဲ့ ဇာတ်ပွဲနဲ့ ပတ်သက်တာလေးတွေဖတ်ရတော့ သတိရပြီး ရွာသူရွာသားတွေကို မျှဝေတာပါ။ dream တို့ ကျောင်းတက်တုန်းက အဆောင်နားကို ဇာတ်ပွဲတစ်ပွဲလာက ပါတယ်။ မိန်းခလေးပီပီ ဇာတ်မင်းသား ချောလား စပ်စုတာပေါ့နော်။ သတင်းအရတော့ ဇာတ်မင်းသားချောတယ်၊ ပွဲပြီးရင် အဆောင်ရှေ့က လမ်းကနေ ကားလေးနဲ့ အိမ်ပြန်တယ်တဲ့။ ဒီတော့ အဆောင်က မမတစ်သိုက်ကလည်း ဘာရမလဲ မင်းသားကိုသွားမိတ်ဆက်မယ်ပေါ့လေ။ ဒါနဲ့ နံနက် ၄ နာရီလောက် ဇာတ်ပွဲနောက်ဖက်ကို သွားတယ်။ ပြီးတော့ ကားနားရပ်နေတဲ့ ခပ်ချောချောအစ်ကိုကြီးကို အစ်ကို ဇာတ်ကတာ အရမ်းကောင်းတာပဲ ညီမတို့ လာအားပေးတယ်နော် ဘာညာနဲ့ သွားပြောတယ်။ သူကလည်း ညီမတို့ဘယ်ကလဲလို့မေးပြီးစကားတွေပြောတာပေါ့နော်။ ပြီးတော့ အဲဒီကား အဆောင်ရှေ့ဖြတ်သွားတဲ့အချိန်ထိ စောင့်ကြည့်မယ်ပေါ့။ […]


ပန်းနုMarch 17, 20111min1958
800MHz CDMA နဲ့တွဲသုံးဖို့ Modem ဝယ်ချင်ပါတယ် ဘယ်အမျိုးအစားကောင်းမှန်းမသိပါ။ ဘာအချက်တွေကို ကြည့်ပြီးရွေးချယ်ရမှန်းလဲမသိပါ။ အတွေ့အကြုံရှိသော ရွာသူရွာသားများထံမှ အကြံဉာဏ်လိုချင်ပါတယ်။