စိတ်ကူးယဉ်ခြင်းမှသည် လက်တွေ့ဆီသို့

ပန်းနုApril 5, 20111min1094

ကျွန်မက အရမ်းစိတ်ကူးယဉ်တတ်ပါတယ်။
ငယ်ငယ်တုန်းကတော့ ငါကြီးရင် အင်ဂျင်နီယာကြီးလုပ်မယ် တိုက်တွေဆောက်မယ် ဘာညာပေါ့။
ဆယ်ကျော်သက်အရွယ်ရောက်တော့ သွားချင် လာချင် သုံးချင် ဖြုံးချင်လာတော့ ငါထီပေါက်ရင် ဘာလုပ်မယ်ပေါ့နော်။
ကိုယ့်ဖာသာကိုယ်တွေးတုန်းကတော့ အဆင်ကိုပြေလို့ပါပဲ။ တစ်ရက်ကျတော့ ညနေပိုင်း အင်္ဂလိပ်စကားပြောသင်တန်းမှာ ပြောစရာမစကားမရှိလို့ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတာ ပြောလိုက်မိပါတယ်။ ဗုဒ္စဘာသာ မြန်မာလူမျိုးပီပီ အရင်ဆုံးပြောတာကတော့ လှူမယ် တန်းမယ်ပေါ့နော်။  အဲဒီမှာ ကွိုင်စပတ်တော့တာပဲ။ တခြားသူတွေက ပြောတာပေါ့ ဘာလို့ ထီပေါက်မှ လှူတာလဲ အခုရော မလှူဘူးလားတဲ့။ အခု ပိုက်ဆံမရှိလို့ပါလို့ ပြောတော့ လှူတန်းတယ်ဆိုတာ ငွေပမာဏနဲ့ မဆိုင်ပါဘူး တကယ်လှူချင်ရင် ကိုယ့်ရှိတာလေးနဲ့ကိုယ် လှူဒါန်းလို့ရပါတယ်။ ပြီးတော့ တစ်ချို့အလှူတွေက လုပ်အားဒါနတို့ ပညာဒါနတို့တွေရှိတာပဲပေါ့။ တော်တော်လေး debate လုပ်ခံရပါတယ်။ ကျွန်မလည်း ထင်မထားတဲ့အကွက်ကနေ အလစ်ချောင်းတိုက်ခံရတဲ့ သိုင်းသမားလိုပဲ ဘာမှပြန်မပြောနိုင်တော့ပါဘူး။ ဒါပေမယ့် အသိတစ်ခုတော့ရသွားပါတယ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကသာ ရှိနေရင် လှူလို့ရတယ်။ ဆင်းရဲ ချမ်းသာနဲ့ မဆိုင်ဘူး။ ကဲ ရွာသူရွာသားတို့ရေ ပွိုင့်လေးတွေ လှူလိုက်ကြရအောင်လား 🙂
စိတ်ကူးရင် ဘဝမှ လက်တွေ့ဘဝသို့ဆွဲသွင်းပေးခဲ့သော သူငယ်ချင်းများကို သတိရလျှက်….

4 comments

  • moonpoem

    April 5, 2011 at 6:00 am

    dream ရေ တစ်မြို ့တည်းနေ သူငယ်ချင်းဖြစ်တဲ့သူကိုလည်း လှူလို့ ရတယ်နော်အားမနာနဲ ့

  • dream

    April 5, 2011 at 6:18 am

    မမလမင်းကဗျာ အိပ်မက်က အားနာတတ်တယ်ရှင့် 😛

  • etone

    April 5, 2011 at 8:13 am

    etone ကတော့ စာလေးဖတ်ပြီး နောက်တခု ရလိုက်တာက ကိုယ့်စိတ်ကူး ၊ အကြံစည် မအောင်မြင်သေးသရွှေ့ သူများကို မပြောသင့်ဘူး ဆိုတာလေးပါပဲ …။ ကိုယ် ကိုယ်တိုင်လည်း ဒီလို သင်ခန်းစာမျိုး ရဖူးတယ် … ကိုယ့်အတွေးနဲ့ ကိုယ် စဉ်းစားထားပြီး အစီစဉ်ဆွဲထားပေမဲ့ … သူများက ဟိုလိုလုပ်ပါလား ၊ ဒီလိုလေးလုပ်ပါလား ၊ ဒါဆိုပိုကောင်းမယ် အကြံပေးတာတွေ ရှိလာတဲ့အတွက် … ကိုယ့်စိတ်ကူးလေးကနေ သူများ စိတ်ကူးတွေ အတိုင်း လုပ်ခဲ့ရတာမျိုး ရှိဖူးတယ် … ပြီးမှ မျှော်မှန်းသလောက်ဖြစ်မလာလျှင် ကိုယ့်စိတ်နဲ့ ကိုယ်တွေးသလောက် ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ခဲ့ပါလား စဉ်းစားပြီး ဒေါသထွက်ရတယ်… ။ အခုတော့ စိတ်ကူးယဉ်ဖြစ်ခဲ့ပြီး ၊ ကြံရွယ်ထားတာ ရှိလျှင်လည်း တိတ်လေးပဲ ငြိမ်နေတယ် … ကိုယ့်အတွေးနဲ့ ကိုယ်လုပ်လို့ မှားလည်း ဘယ်သူ့မှ အပြစ်ပြောမှာ မဟုတ်တဲ့ အတွက်ကြောင့်ပါပဲ ။

  • dream

    April 5, 2011 at 8:57 am

    ဟုတ်တယ်မမ etone ရေ
    အားနာတတ်တဲ့သူဆို ပိုဆိုးတယ်
    ကိုယ့်စိတ်ကူးနဲ့ကိုယ်ကို ဘာမှလုပ်လို့မဖြစ်ဘူးဖြစ်နေတယ်။

Leave a Reply