အတုတွေ

အတု……အတု…………အတု
မိတ်ဆွေ………….အတုဆိုသောအရာအားမည်သည့်ပစ္စည်းမျိုးများတွင်အများဆုံးတွေ့ထိဆက်ဆံဘူးပါသလဲ
ပိုက်ဆံအတု….ဆေးအတု…..အရက်အတု…..ရေမွှေးအတု…..Brand အတု….ကားအတု(သင်တို့တွေဘူးပြီသား)
မီးရထားအတု….လေယာဉ်ပျံအတု….လူအတု………………………………….
အတုများစွာတွင်ကျွန်တော်အများဆုံးထိတွေ့ဆက်ဆံဘူးသည်ကတော့….လူအတု
မိတ်ဆွေလူအတုတွေဘူးပါသလား..ကျွန်တော်တွေ့ဘူးပါသည်
တစ်နေ့……အကြောင်းတစ်ခု့ကြောင့်ရန်ကုန်မြို့စံပြမှတ်တိုင်အနီးကသရက်တောကျောင်းတိုက်နားကိုရောက်တဲ့အချိန်
ယခင်နှစ်များစွာထဲကဒီနေရာတွေကိုသွားလာလုပ်ကိုင်နေရလို့ကြားဘူးပြီးသားရင်းနှီးပြီးသား
အသံတစ်ခုကိုပြန်ကြားခဲ့ရပါတယ်
ကျွန်တော်အတွက်..ယခင်မြင်နေကြပုံစံအတိုင်း…ပါပဲ
အသက်နှစ်ဆယ်ခန့်ရှိကောင်လေးတစ်ယောက်ကိုလက်ဆွဲလျှက်…အသက်ငါးဆယ်ခန့်ရှိလူကြီး
လက်တစ်ဖက်ကခြင်းတောင်အဟောင်းထဲမှာလဲ
ဟိုအရင်ကသုံးကြတဲ့..သုံးဆင့်ဒန်ချိုင်ဟောင်းတစ်လုံး….စောင်အဟောင်းခပ်နွမ်းနွမ်းတစ်ထည်….
ထည့်ကာ….ပြောနေကြစကားတစ်ခုဖြစ်တဲ့
ကျွန်တော်တိုသားအဖကဧရာဝတီတိုင်းကပါ…မိန်းမရန်ကုန်ဆေးရုံကြီးမှာဆေးကုနေရလို့…ရန်ကုန်မှာလည်းအသိဆွေမျိုးမရှိလို့
ကျွန်တော်တို့သားအဖနှစ်ယောက်ဒုက္ခရောက်နေရပါတယ်…သနားသဖြင့်ကူညီပါခင်ဗျာ…….တဲ့
ဒီလိုပြောနေခဲတဲ့လူကြီးနဲသူ့သားလေးကိုလွန်ခဲ့တဲတစ်နှစ်ခန့်အချိန်ထဲက..ကျွန်တော်တွေ့နေခဲ့တာပါ…..
ဒီလူကြီးရဲ့မိန်းမဟာ….တစ်ကယ်ပဲရန်ကုန်ဆေးရုံကြီးပေါ်မှာနှစ်အတန်ကြာကုသနေရတာလား…
သူနောက်မှာပါတဲ့သူ့သားဆိုတဲ့ကလေးကရော……ဘာလို့တစ်နေ့တစ်ယောက်ပြောင်းနေရတာလဲ
သူတို့သားအဖ….တစ်ခုခုကိုအတုလုပ်နေကြတာလား………အတုဆိုတာတော့ကြိမ်းသေးပါတယ်……..
ရန်ကုန်မှာနေကြတဲ့သူတိုင်း…ရှစ်မိုင်လမ်းဆုံမီပွိုင့်ကြီးကိုလူတိုင်းသိပါတယ်…….
ကျွန်တော်လုပ်နေရတဲ့..အလုပ်နဲ့ဆက်စပ်မှုရှိတဲ့…ကုမ္ပဏီရုံးခန်းသေးသေးလေတွေအများကြီးရှိတဲ့နေရာပေါ့
တစ်ပတ်ကိုအနည်ဆုံးနှစ်ခေါက်လောက်သွားနေရတဲ့နေရာပါ…ဒါပေ့မယ်အပတ်စဉ်သွားတိုင်းမြင်တွေနေရတဲ့
မြင်ကွင်းတစ်ခုရှိပါတယ်…….အဲဒီမြင်ကွင်းကိုသတိမထားမိခင်က..ကိုတိုင်ကြုံခဲ့ရပါတယ်…တစ်နေ့
ရှစ်မိုင်မီးပွိုင့်ကားလမ်းမကြီးကိုဖြတ်ကူးအပြီးပလက်ဖောင်းပေါ်ကိုခြေချမိတာနဲ..အနာကိုကပ်လာတဲ့
ဦးပဇင်းတစ်ပါး…ဒကာကြီး..။။မှန်ပါဘုရား။။။ဦးဇင်းဖိနပ်ပြတ်သွားလို့ဖိနပ်ဖိုးလေးလှူခဲ့ပါကွယ်။။။
ဦးဇင်းရဲခြေအစုံကိုကြည်လိုက်တော့….ဟုတ်ပါတယ်..ဖိနပ်ကပြတ်နေပါပြီး…အလုပ်ရှိတာကြောင့်အနီးအနားက
ဖိနပ်ဆိုင်ကဝယ်ယူလှူဒါန်းချင်ပေမယ့်…အလွယ်တစ်ကူ..ငွေတစ်ထောင်လှူခဲပါတယ်….အဆင်ပြေတန်ကောင်းရဲ့ပေါ့
နောက်တစ်ပတ်..အဲဒီနေရာထပ်ရောက်တဲ့အခါမှာတော့……ဒီဦးဇင်းပါပဲကောင်းကောင်းမှတ်မိနေပါတယ်..ဖိနပ်ပြတ်နေပြန်ပါပြီ
အရင်အပတ်ကျွန်တော်လှူခဲ့တဲ့ငွေနဲ့ဝယ်လိုက်တဲ့ဖိနပ်က..ငွေမလောက်လို့များအညံစားဝယ်မိလို့ထပ်ပြတ်တာများလား…
အခြာသူတစ်ဦးကိုအလှူခံနေတာပါ……နောက်အပတ်တွေနဲရံဖန်ရံခါရက်တွေရောက်ခဲ့တဲ့အခါမှာတော့…..
အကြိမ်ကြိမ်ဖိနပ်ပြတ်နေတဲဦးဇင်ကိုတွေ့လာရတဲ့အခါ…ဖိနပ်ပြတ်တာဟာအတုလား….ဖိနပ်ပြတ်တာဟာအတုဖြစ်ဖိုကြိမ်းသေလို့နေပါတယ်..
ရန်ကုန်မြိုရဲ…..မြဝတီဘဏ်ကြီးကိုမိတ်ဆွေတို့သိမှာပါ
အဲဒီမြဝတီဘဏ်ကြီးရဲအနားကို…ကျွန်တော်ဟာနေ့စဉ်နီးပါးသွားလာလှုပ်ရှားနေရပါတယ်
အဲဒီဘဏ်ကြီးနားကိုရောက်ရင်တော့……..တောကတက်လာတဲ့သူတွေလိုအဝတ်စားခပ်နွမ်းနွမ်းတွေနဲ့
အသက်ကြီးကြီးကျောပိုးအိပ်ကြီးတွေလွယ်လို့…..ခဏခဏလမ်းစရိတ်ပြတ်သွာတတ်တဲ့သူတွေနဲ့
သူတို့ခမြာနေ့စဉ်နီးပါးလမ်းစရိတ်အကူညီတောင်းရင်း…သူတိုတို့ရပ်ရွာကိုပြန်မရောက်ကြရှာပါဘူး
အဲဒီဘဏ်ကြီးနားမှာပဲ…မျက်မှန်တပ်ထားတဲဦးဇင်နှစ်ပါး…သူတိုလဲနယ်ကကြွလာရင်မျက်စိလယ်လမ်းမှားနေကြရှာပါတယ်
မျက်စိလယ်ရင်စရိတ်ပြတ်…မပြန်တတ်တော့တဲဦးဇင်းနှစ်ပါး
ဒါတွေနေစဉ်မြင်ပါများတော့…..မျက်စိလယ်စရိတ်ပြတ်တာအတုလား…ကြိမ်းသေပါတယ်ဒါဟာလည်းအတုပါပဲ
အတုတွေနဲနေ့စဉ်နီးပါတွေ့ထိ…တစ်ခါတစ်ရံသိလျှက်ကြီးနဲတမင်အလှူပေးခဲ့ရတဲကျွန်တော်….
အော်……………..ဒီလူအတုတွေ…..သူတိုရဲ့ဒုက္ခအတုတွေ….သူတိုရဲအားငယ်နေတဲ့မျက်နှာအတုတွေ…သူတိုပြောတဲ့စကားအတုတွေ
ကျွန်တော်လှူလိုက်တဲ့..ဒါနအတုတွေ..အားလုံးအတုတွေ…အားလုံးအတုတွေ



13 comments

  • R Ga

    April 5, 2011 at 7:30 am

    ရန်ကုန်မှာကတော့ ဒါမျိုးတွေ မကြာခဏကြုံနေရတာပါပဲ။ ကျွန်တော်တောင် ဒီအကြောင်းတွေချရေးမလို့..။ ဒါတွေကို ကျွန်တော်ကတော့ အေးဓါးပြတိုက်တယ် လို့ပဲမြင်လာတယ်။ အရင်တုန်းက မကြာခဏကြုံဖူးပါတယ် ။နောက်ပိုင်းကျတော့ လမ်းလျောက်နေရင်တောင် ကိုယ့်ကိုမသိတဲ့လူလှမ်းခေါ်ရင် မသိချင်ယောင်ဆောင်ပြီးထွက်ထွက်သွားရတာ ခဏခဏပဲ.။ ဟိုနေ့ကတောင် အဖြစ်ပျက်တစ်ခုကြုံသေးတယ်။ သားအဖနှစ်ယောက် တကယ်လားတော့မသိဘူး။ ၅ထပ်ကြီးဘုရားနားမှာတွေ့တာ သူတို့ကပိုက်ဆံလည်းမတောင်းဘူး။မြေနီကုန်းကိုလမ်းလျောက်သွားမယ့်ပုံပါပဲ..။ ခပ်နွမ်းနွမ်းပုံစံလေးတွေနဲ့ပေါ့။ကျွန်တော်ကိုလာမေးတယ် မြေနီကုန်းက ဒီတည်တည်လျောက်သွားရတာလားတဲ့..။ ကျွန်တော်ကလည်း ပိုက်ဆံတောင်းတဲ့ လူထင်လို့ ဟုတ်ကဲ့တည်တည့်လျောက်လို့ပဲပြောလိုက်တယ်။ ..သူတို့ကလည်းကျေးဇူးပဲဆို ပြီးထွက်သွားတယ်။ဘာအကူအညီမှတောင်းမသွားဘူး…။ အဲဒီတော့မှ ကျွန်တော် စိတ်ထဲမကောင်းဖြစ်သွားတယ်။ ငါ ပိုက်ဆံလေး နည်းနည်းထုတ်ပြီးကားစီးသွားလို့ပြောလိုက်ရင်…ဆိုပြီးတော့လေ.။ ခင်ဗျားပြော သလိုအတုတွေအတုတွေ တွေ့နေရဖန်များတော့ …..တကယ်ဖြစ် နေတဲ့လူကျတော့ မကူညီနိုင်တော့ဘူးလေ…။

  • I am koshan.I like MG

    April 5, 2011 at 8:03 am

    ် စီးပွားရေးလုပ်သလိုလုပ်လာကြပြီ…..။သူတို ့တွေလုပ် ပုံတွေနဲ တကယ်ဒုက္ခရောက်တဲ ့ လူတွေပို်ဒုက္ခရောက်ကုန်ပြီ။

  • shwe ni

    April 5, 2011 at 8:23 am

    ဟုတ်တယ် ဖြစ်ပါများလာတော့ ကိုယ့်စိတ်ကို ပြန်သင်ထားတယ် .လုပ်ချင်တာကို လုပ်မယ်ဆုံးဖြတ်ပြီး လုပ်ပြီးရင်နောင်တမရဘို့ .
    ကလေးချီတဲ့ သားအဖကိုတော့ မမြင်ချင်ရောင်ဆောင်ရတော့တာဘဲ။

  • shweminthar

    April 5, 2011 at 2:08 pm

    သူငယ်ချင်း ဒါန အတုတော့ မကြားဖူးသေးဘူးကွ။
    မန္တလေး ဘုရားကြီးမှာ မိန်းမတစ်ယောက်ရှိတယ် ၊ အဲဒီ မိန်းမက နိုင်ငံခြားသားတွေ ကသူကို မိတ်ကပ် တွေ လက်ဆောင်ပေးသွားလို့ ဆိုပြီး မိတ်ကပ်အတုတွေ ကို လိုက်ရောင်းနေတာလေ။
    သူလဲ အတုတော့ အတု ဘဲ ဒါပေမယ့် အတု ပါပဲ။

  • nature

    April 5, 2011 at 5:13 pm

    ရိုးရိုးသားသားလုပ်ကိုင်စားတာထက် ဝင်ငွေပိုဖြောင့်တော့သံသရာမကြောက်ပဲ သံသရာကြွေး ရဲရဲကြီးယူသူတွေပေါ့၊မြန်မာလူမျိုးတွေရဲ့သနားတတ်တဲ့ အပေါ် အခွင့်ကောင်းယူပြီးလုပ်စားနေသူတွေပါပဲ။တချို့သူတောင်းစားတွေဆို အိမ်မှာTV တွေဘာတွေရှိတယ်ဆိုဘဲ။

  • nigimi77

    April 5, 2011 at 5:56 pm

    မမြင်ချင်ယောင်ဆောင်ဖို ့မလိုဘူးလေ။

    ရပ်ကွက် တခုမှာ လူတရာရှိတယ်ဆိုပါဆို ့။ ၉၉ ယောက်က မပေးလဲ တစ်ယောက်သော သူက ပေးရင်
    ကယ်ပါက ကယ်ပါဦး ခိုင်းမှာပဲ။

    လှည်းတန်းက ငါးကင်ဆိုင်မှာ ကျုပ်ရောင်းရင်းက အရင်ရောက်နှင့်ပြီး ကျုပ်ကို လာဖို ့ ခေါ်သပေါ့။

    ကျုပ်ရောတော့ ဘာလွေးရမလဲ စဉ်းစားပြီး မှာတုံးရှိသေးတယ်။

    တစ်ခုသော ကယ်ပါက ……အကိုကြီးရယ် ဗိုက်ဆာလို ့ပါ……။ ဖျန် ့ထားတဲ့ လက်ဝါးထဲကို ကျုပ်ရောင်းရင်းမှာထားတဲ့ ငါးကင်ကို တူနဲ ့ အကြီးဆုံးရအောင် ဖဲ့ပြီး ကယ်ပါ ရဲ ့ ဖျန် ့ထားတဲ့ လက်ဝါးထဲကို ထည့်လိုက်ပြီး သကာလ………။

    ဘေးနားက ဝိုင်းမှ စားသုံးနေသူများမှ ကျုပ်အား….

    (၁)ဟယ်….ငရဲကြီးတော့မှပဲ……။
    (၂)ဟယ်….မိုက်ရိုင်းလိုက်တာ….။
    (၃)ဟယ်….ဘာကြီးလဲ….။
    (၄)ဟယ်….သနားပါတယ်…အဲလိုတော့ မကောင်းပါဘူး…။

    ဟု ဆိုသော အသံများအား၎င်း

    ကျုပ် ရောင်းရင်းနှင့် သူ ့လေဒီမှ

    (၁) ဟေးရောင်… မလုပ်ပါနဲ ့ကွာ…ငရဲကြီးလိမ့်မယ်…..။
    (၂) ဟယ်…နင်ကလဲ…သူ မရှိလို ့ တောင်းစားနေတာကို အဲလို မလုပ်ပါနဲ ့…….။

    ဟု ၎င်း

    ကြားပြီး သကာလ……….

  • Gong Zhu

    April 5, 2011 at 6:32 pm

    ကြားပြီးသကာလ နဲ့ ကြားပြီးသခိုက် ကတူတူပဲလား … ကြားကြားပြီးချင်းလို့ပြောတာလား ရှင်းပြပါဦး နီငိမိ77 ရေ

  • nigimi77

    April 5, 2011 at 6:58 pm

    မျှော်နေတာ အတော်ပဲ ပြည်ကြီးမလေးရေ။ ကြုံတုန်း တာဝန်သိ (တကယ်ကိုသိတာ) ရွာသား တစ်ယောက် အနေနဲ ့ လူပျိုစကား ပြောလိုက်ဦးမယ် ……ရှင်းပြရရင်ဖြင် ့ နိကို ဝေါ အိုက်နီ ဝေါ့ကို နီ အိုက်မလား…။

    အဟမ်း… ကျုပ်လဲ ကိုရင်ပုနဲ ့ သောက်ပါများတော့ နဲနဲ လွတ်ချင်နေပြီ…။
    ကြားပြီး သကာလ ဆိုတာနဲ ့ ကြားပြီး သခိုက် ဘာကွဲပြားလဲဆိုတော့……

    မနက်ကျ အမူးပြေရင် တိုးတိုးလေး ရှင်းပြမယ်။ လဖက်ကောင်းစားချင်ရင် စီလုတ်မ တောင်တက်နှေးလိုက်။

  • Gong Zhu

    April 5, 2011 at 9:44 pm

    တစ်ကယ်မူးနေတာလား … နောက်နေတာလား …

  • shweminthar

    April 5, 2011 at 11:54 pm

    အဟိ….
    လူပျိုစကားပြော နေတယ်။
    အပြော ခံရတဲ့ ကောင်မလေးက လဲ နောက် နေတာလားတဲ့။
    ဝမ်းသာပါတယ်ဗျာ ။ ချစ်ချစ်ခင်ခင်ရှိတယ် ဆိုတော့ ကောင်းတာပေါ့

  • char too lan

    April 6, 2011 at 4:24 am

    တာမွေဈေးနားနဲ့ ယုဇနပလာဇာဝန်းကျင်မှာလဲ အမြဲတမ်းကားမှားစီးပီး လှိုင်သာယာကို
    ရွှေဧည့်သည် စီးပြန်ဖို့ စရိတ်မလောက်တဲ့ အဒေါ်ကြီးတစ်ယောက် ဘီလူးကိုတွေ ့ရင် ဘယ်ချိန်ရှိပီလဲသား လို့မေးဖို့စောင့်နေတယ်……………..

  • researcher

    April 6, 2011 at 5:47 am

    R Ga ကြုံသလိုပဲ ကျွန်တော်လဲ ကြုံဖူးတယ်၊ တထေရာတည်းပဲ။ အဲဒီ ငါးထပ်ကြီးဘုရားနားမှာပဲ။ အဲဒီလိုပဲ နွမ်းနွမ်းဖတ်ဖတ်နဲ့ သားအဖနှစ်ယောက်၊ မြေနီကုန်းသွားဖို့ မေးတာပဲ။ ပိုက်ဆံမတောင်းဘူး၊ လမ်းလျှောက်သွားမလို့ပုံစံနဲ့။ ကျွန်တော်က ဝေးသေးတယ် ကားစီးသွားရမှာ ဆိုတော့မှ ပိုက်ဆံမရှိလို့ ဆိုတာ ပြောတာ၊ စိတ်ထဲမှာတော့ တမျိုးဖြစ်သွားတယ်။ ဒါပေမယ့် ကားခလောက်ပဲလေ ဆိုပြီး ကျွန်တော်လဲ ထုတ်ပေးလိုက်တယ်။

  • parlayar46

    April 7, 2011 at 6:38 pm

    ကျုပ်လဲ ( အဲဒီအသုံးအနှုံးက အသက်ကြီးမှန်းသိအောင်လို့) ဒီpost မှာပါတာမျိုးရော တခြားဟာမျိုးတွေရော တော်တော်များများကြုံဘူးတယ်။ comment အနေနဲ့ အရမ်းရှည်မှာမို့ တနေ့လောက်အားခဲပြီး post တင်ကြည့်ဦးမယ်။ အဲဒါမျိုးတွေကို ဘယ်လိုတုန့်ပြန်သင့်တယ်တို့ ဘယ်လိုတားဆီး အရေးယူဆောင်ရွက်သင့်တယ်တို့ ဝိုင်းပြီးအကြံပြုကြရင် အတော်အကျိုးရှိမယ်။

Leave a Reply