ဘယ်လိုနေရမလဲ Candy မသိတော့ဘူး

ပန်းနုJune 21, 20111min30134

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့လူတွေနဲ့ဝေးသွားတဲ့အခါ ဘဝက အိပ်မက်တစ်ခုလိုဖြစ်သွားတယ်။

ညည အိပ်မက်ထဲမှာတော့ အရင်နေရာမှာ အရင်အတိုင်းရှိနေခဲ့တယ်။

မနက်နိုးလာလို့ မျက်စိနှစ်လုံးပွင့်ကတည်းက ဪ ငါသွားလာနေကျနေရာမဟုတ်ပါလားဆိုပြီး အားငယ် ဝမ်းနည်းသွားရတယ်။

အဲဒီခံစားချက်ကြီးက တကယ်ကိုခံရခက်ပါတယ်။

အခုဆိုရင် အမိမြေနဲ့ခွဲခွါခဲ့ရတာ ၄ရက်ရှိပြီ နေသားမကျသေးပါဘူး။

ရွာသူရွာသားတွေထဲမှာလဲ အမိမြေနဲ့ခွဲခွါနေရတဲ့သူတွေရှိပါတယ်။

ဘယ်လိုနည်းနဲ့ ပျော်ရွှင်အောင်နေကြလည်းဆိုတာ သိချင်ပါတယ်။

34 comments

  • bigcat

    June 21, 2011 at 5:01 am

    ကိုယ့်ကိုယ်ကို ကလိထိုးလိုက်ပါလား…

    • PinkCandy

      June 21, 2011 at 5:06 am

      အဲဒီအကြံမကောင်းသေးဘူး 🙁
      အကောင်းမေးနေတာကို ဘဘကြောင်ကြီး ကို့ယို့ကားယားမလုပ်ပါနဲ့

  • ဆူး

    June 21, 2011 at 5:08 am

    ၁လ ကျော် ၁နှစ်လောက် ဖြစ်သွားရင် ချစ်သူ အသစ်နဲ့ အိမ်က လူတောင် မေ့ချင် မေ့သွားမလား တောင် မသိဘူး။
    အိမ်နဲ့ စခွဲခါစကတော့ အိမ်လွမ်းတဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။
    အချိန်က ကုစားပေးမှာပါ။

  • PaukPhaw

    June 21, 2011 at 5:14 am

    အွန်း…
    နောက်မှ အိမ်ပြန်ချင်တော့ဘူး လာလုပ်နဲ ့

  • နွယ်ပင်

    June 21, 2011 at 5:21 am

    Candy ရေ ဒီလိုပါပဲ ။ နေရာအသစ် ပတ်ဝန်းကျင် အသစ်ကိုရောက်ခါစမှ ခံစားနေရတာက အခုလိုပဲဖြစ်နေမှာပေါ့ ။ နေရတဲ့ နေ့ရက်တွေ အချိန်တွေကြာသွားရင် နေသားကျသွားမှာပါ …

  • windtalker

    June 21, 2011 at 5:45 am

    နောက်ကြ မှ …. သန် ့ရှင်း သပ်ရပ်တဲ့ နေရာ ။ စည်းကမ်းအရမ်းရှိတဲ့ နေရာ ။ နိုင်ငံ ကြီးသား ပီသ တဲ ့နေရာ ပါပဲ ဆိုပြီး ..ဆိုပြီး…ဆိုပြီး ။

  • weiwei

    June 21, 2011 at 5:55 am

    ၄ ရက်ထဲရှိသေးတာကိုး … ၄ နှစ်ပြည့်ပြီးရင်တော့ ပြန်ချင်တော့မှာ မဟုတ်ဘူး … 😛

  • sayargyi

    June 21, 2011 at 6:00 am

    နုသေးလို့ပါ…

  • Snowy

    June 21, 2011 at 6:11 am

    ရည်ရွယ်ချက် ကိုယ်စီနဲ့ အမိနိုင်ငံကထွက်လာကြတယ် .. အားငယ်တဲ့အချိန် စိတ်ဓါတ်ကျတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ် ကိုတိုးတက်စေမယ့် စာတွေဖတ် အလုပ်တွေနဲ့ မအားလပ်နိုင်အောင်နေ … သူငယ်ချင်းတွေရှိရင် အားတဲ့အချိန်မှာ အပြင်ထွက်လည် … မိဘတွေနဲ့ဝေးချိန်မှာ အကောင်းစုံး အဖော်မွန်က သူငယ်ချင်းတွေပဲ အကောင်းအဆိုးတိုင်ပင် … တစ်ယောက်ထဲနေတာထက်စာရင် နဲနဲတော့ စိတ်သက်သာရာ ရမှာပါ … 🙂

  • chitpyae

    June 21, 2011 at 6:31 am

    ဟုတ်ပါတယ် အိမ်နဲ့ခွဲပြီး တနိုင်ငံမှာ လာနေရတဲ့ pinkcandy ကို ကိုယ်ချင်းစာမိပါတယ် ။
    ကို်ယ့်အလှည့်တုန်းကလည်း ဒီလိုပဲဖြစ်ခဲ့တာပဲ ၁ လ ၂ လ လောက်တော့ ငိုလိုက် ရယ်လိုက်နဲ့ ပြီးသွားတာပဲပေါ့ ။သတိရလို့ ငိုချင်လာရင် ငိုပစ်လိုက် ပါ ။ စိ်တ်ထဲ တင်းမထားပါနဲ့။
    Snowy ပြောသလို သူငယ်ချင်းတွေနဲ့လည်း တိုင်ပင် ပြောပြ ပါ။ စကားပြောပေးပါ ။
    တယောက်ထဲနေရင် ငိုပဲငိုနေမိလိမ့်မယ်။ Pinkcandy ကိုဆရာလုပ်တာမဟုတ်ပါဘူးနော် ။
    ချစ်ကလည်း ရောက်တာမှ တနှစ်မပြည့်သေးပါဘူး။ ရောက်ခါစ လတွေကဆို ငိုပဲ ငိုပြီး အိမ်ကို ဖုန်းဆက်တာ။
    အခုတော့လည်း အဆင်ပြေသွားပါပီ လေ ။ ကိုယ့်ရည်ရွယ်ချက်နဲ့ကို်ယ်လာခဲ့ကြတဲ့သူတွေပဲလေ …. စိတ်ထဲမှာ ငါ ရည်ရွယ်ချက် အတိုင်းဖြစ်အောင်လုပ်မယ်လို့လည်း ကိုယ့်ဘာသာ အားပေးပေါ့ …
    ခဏလေးကြာရင် အဆင်ပြေသွားပါလိမ့်မယ်နော် ….. 🙂

  • eros

    June 21, 2011 at 6:48 am

    စိတ်ညစ်စရာ ကောင်းပါတယ်။ ဖိစီးစရာများတယ်။ စားရတာ အဆင်မပြေဘူး။ အစရှိတဲ့ ကိစ္စတွေ နားမဆန့်အောင် ကြားနေရပေမယ့်လည်း ဒီကိစ္စတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အခုလက်ရှိအနေအထားထက် အဆင်ပြေမှာ ယုံကြည်တဲ့ အတွက် ဒါတွေတွေ့ရန် အလွန်အမင်းသွားချင်နေကြောင်းပါ။

    အခုခေတ်ကြီးက အင်တာနက်ခေတ်ပဲ အရင်လို စာစောင့် ဖုန်းမျှော်လုပ်စရာ မလိုတဲ့ အတွက် home sick ဒီလောက်ဖြစ်မယ် မထင်ပါဘူး။ အကောင်းဆုံးက တိုးတက်အောင်ကြိုးစားနေမယ်။ အိမ်နဲ့ အင်တာနက်နဲ့ အဆက်အသွယ်လုပ်၊ ကျောင်းတက်ချိန်ကျောင်းတက် အလုပ်လုပ်ချိန်လုပ်၊ အတွေ့အကြုံတွေ ရွာထဲစာရေးမယ်ဆိုရင် အဆင်ပြေသွားမှာပါ။

  • etone

    June 21, 2011 at 7:02 am

    ကင်းမြီးကောက်ထောင်နေ … အဟဲ 😛 နောက်တာပါ … ။
    သွားရင် အဲ့ဒီလို တွေဖြစ်တတ်မှန်း အစကတည်းက တွေးခဲ့သင့်တလေ… ။ရောက်သွားပြီးပြီဆိုမှတော့ …ပြန်တွေးမနေနဲ့ …. ။ နောက်တော့လည်း နေသားကျသွားမှာပါ … ။

  • PinkCandy

    June 21, 2011 at 7:16 am

    အားပေးတဲ့ ရွာသူရွာသားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ 🙂

  • fatty

    June 21, 2011 at 7:29 am

    ဒါကြောင့် ဟိုနေ့က IT show ဘယ်တော့ပြီးမလဲမေးတာကိုး ….
    ထင်တော့ထင်သားဘဲ …။ မရောက်သေးတဲ့နေရာတွေ ရောက်သင့်တဲ့နေရာတွေ အချိန်ရရင်သွားလည်ပေါ့ဗျာ ..။ လေ့လာမှုတွေစအုံးပေါ့ အခန်းတော့ မအောင်းနဲ့နော် ..။

    • PinkCandy

      June 21, 2011 at 7:32 am

      လျှောက်သွားတာများသွားလို့ MRTကဒ်ထဲက ပိုက်ဆံတွေ တောင်ပံပေါက်ကုန်ပြီ လေးလေးဖက်ရေ 🙁

  • kai

    June 21, 2011 at 9:05 am

    ရှေးကပြောကြတာလေ… ဂျပန်ကလူတွေပေါ့..
    ပျင်း-ပျော်-ပျက်-ပြေး တဲ့..။
    ရောက်စက.. စိတ်ဓါတ်ကျမယ်..။လွမ်းမယ်..။ပျင်းမယ်..။
    နောက်တော့…. ပျော်လာသတဲ့..။
    ထပ်ကြာတော့… အပျော်တွေလွန်ပြီး… ပျက်တဲ့ဖက်ရောက်သတဲ့..။
    နောက်ဆုံးတော့… ပြေး(ပြန်)ရပါလေရောတဲ့လေ…။
    ဂျပန်မှာ ..အလုပ်ကြမ်းနဲ့..ထောင်ဒဏ်ကျသလိုနေရတဲ့… ၁ဝနှစ်အတိုင်းအတာကို ပြောကြတာပါ.။
    စင်္ကာပူနဲ့ မတူတာက… ဂျပန်က အခြေချနေထိုင်ဖို့..အင်မတန်ခက်ပါတယ်..။

    စင်္ကာပူကတော့…
    ပျင်း-ပျော်-ပျက်-ပျောက်..ဖြစ်မလားပဲ..။
    ကြာရင်..စင်္ကာပူရီယန်ကြီးဖြစ်ပြိး.. မြန်မာအသိုင်းအဝိုင်းကနေ ..ပျောက်သွားတာမျိုး..။ 🙂

    • PinkCandy

      June 21, 2011 at 9:10 am

      ပျင်း-ပျော် လောက်ဆိုတော်ပါပြီ သူကြီးရယ်
      ပျက်-ပျောက်တော့ မဖြစ်ချင်ပါဘူး။
      ပျက်အောင်လည်းမနေဘူး
      ပျောက်အောင်လည်း မလုပ်ပါဘူး။
      အကြောင်းကြောင်းကြောင့် အမိမြေကခွါခဲ့ပေမယ့် အမိမြေမှာပဲ ခေါင်းချဖို့စိတ်ကူးပါတယ်။ 🙂

  • Neos

    June 21, 2011 at 9:12 am

    အလုပ်ထဲသာ အာရုံစူးစိုက်ပြီး လုပ်နေလိုက်ပါ
    သိပ်မတွေးပါနဲ့ …. နောက်တော့လည်း နေသားကျသွားမှာပါ … ။

  • natthamee

    June 21, 2011 at 9:32 am

    ကြာရင်ပျော်သွားမှာပါ ညီမလေးရယ် …

  • king

    June 21, 2011 at 10:22 am

    ဘာကိစ္စနဲ့ သွားမှန်းမသိပေမယ့်
    ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်ခဲ့ပါ …
    ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုသလို
    ပျော်ရွှင်တဲ့ နေရာမှာ နေချင်မှ နေရမယ် ဒါပေမယ့် ရောက်တဲ့နေရာမှာ ပျော်အောင်နေကြည့်ပါ
    ဘာလုပ်ရမှန်းမသိရင် ကိုယ့်အတွက် အထောက်အကူပြုမယ့် စာအုပ်စာပေတွေဖတ်ရှု့ပါ (သူများသာ ပြောနေတယ် ကိုယ်တောင် ဖတ်စရာ စာအုပ်မရှိ) 😛 … အပျင်းအပြေ မိဘဆွေမျိုး/သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောပါ … ပတ်ဝန်းကျင်သစ်ကို အထာကျအောင် လေ့လာကြည့်ပါ … သူတို့နဲ့ လိုက်လျောညီထွေအောင် နေထိုင်ပါ … ကျန်းမာရေးကို ဂရုစိုက်ပါ … သူငယ်ချင်းအသစ်တွေကို သေချာလေ့လာ ဆုံးဖြတ်ပြီး ပေါင်းသင်းဆက်ဆံပါ … မသွားသင့် မသွားအပ် မပေါင်းသင့် မပေါင်းအပ် မလုပ်သင့် မလုပ်အပ် အစရှိတာတွေကို ရှောင်ကြဉ်ပါ (တစ်ချို့တွေက သိတာသိတာ မကျင့်ကြဘူး တိုက်ဆိုင်မှုရှိရင် ခွှင့်လွှတ်ကြပါ .. ဟီးးးးး :P) ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားရဲ့ မွန်မြတ်တဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံ နေထိုင်ပါ .. အင်း တော်တော် များနေပီထင်တယ် …. အခုမှပဲ ကြည့်မိတယ် အဖေက သမီးကို ခရီးသွားခါနီး ဆုံးမနေတာကြနေတာပဲ
    ဟီးးးးးးးးးးးးးး
    😛 😀 🙂

  • antimoe

    June 21, 2011 at 11:55 am

    အဖေပြီးတော့ ကြီးဒေါ်အလှည့်….
    ပျင်းဖို့အချိန်ရနေတာကိုက….လုပ်စရာတွေမလုပ်သေးဘူး..ဆိုတဲ့အဓိပ္ပါယ်ပါ။
    အလုပ်နဲ့သွားတယ်ဆိုရင်တော့..ဒီဆိုက်ကိုမွှေဖို့…ဒီလောက်..အားနေမှာမဟုတ်ဘူး။
    ပညာသင်ဆိုရင်တော့
    ၁) မိဘတွေချမ်းသာရင်…အလုပ်လုပ်စရာမလိုဘူးလေ…ထိုင်ပျင်းနေယုံပဲ။
    ၂) ချေးငှားလာတာဆိုရင်…ပြန်ဆပ်နိုင်အောင်…ပြာလောင်ခပ်နေရပြီ။
    ၃) အစိုးရက…လွှတ်တာဆိုရင်…လူရွေးမှားပြီထင်တယ်။

    မိဘတွေသွားလို့ မလွဲသာလို့ နေရတာဆိုရင်လည်း..ပိုပြီး..လေ့လာစရာတွေ..အများကြီးပါ။
    ဘာပဲဖြစ်ဖြစ်….ကိုယ့်အတွက်ကိုယ်..စဉ်းစားပြီး..လုပ်စရာရှိတာ…မြန်မြန်ပေါ့။
    ချစ်လို့ပြောတာနော…။

  • PinkCandy

    June 21, 2011 at 12:51 pm

    ဖေကြီးကင်း နဲ့ အန်တီမိုး တို့ရဲ့ အဆုံးအမကို နာခံလျှက်ပါ။ 🙂

    • king

      June 21, 2011 at 1:00 pm

      အင်း ကောင်းလေစွ ကောင်းလေစွ
      ဒီဆိုဒ်ထဲရောက်တော့မှပဲ သမီးတစ်ယောက်ကောက်ရတော့တယ်
      သမီးမိန်းကလေးရှိပြီဆိုပြန်တော့ အရင်လို ပေါက်ကရ နေလို့မဖြစ်ပြန်တော့ဘူးးးးး
      သမီးသိက္ခာကရှိသေးပြန်တော့ အင်းးးးး…
      အတည်အတံ့ပဲ လုပ်ရတော့မှာပါလား …. 😀

  • nature

    June 21, 2011 at 2:54 pm

    ကြည့်ရတာအိမ်နဲ့ တခါမှ အကြာကြီး ခွဲမနေဘူးဘူး ထင်တယ်။ first time မှာတော့ ဒါမျိုးဖြစ်တတ်ပါတယ်။ ဒါကိုဖြေဖို့ ကိုနှစ်သက်စိတ်ဝင်စားတဲ့ အကြောင်းအရာတခုဘက်ကို သတိရတိုင်းအာရုံ ပြောင်းပေးသင့်တယ်ထင်ထယ်။

  • pan pan

    June 24, 2011 at 5:25 am

    အသားမကျသေးလို့ နေမှာပေ့ါ…
    ဘာပဲဖြစ်ဖြစ် အားတင်းထားပေ့ါ
    🙂

  • manawphyulay

    June 24, 2011 at 5:50 am

    ဘယ်လိုနေရမလဲဆိုတော့ ခုလက်ရှိ ရောက်ရှိနေတဲ့ဝန်းကျင်ကို အရင်ဆုံး လေ့လာပါ။ လိုက်လျောညီထွေရှိမယ့်သူတွေနဲ့ အရင်ဆုံးမိတ်ဖွဲ့ပါ။ နောက် ဝန်းကျင်အသစ်မှာ ပျော်မွေ့အောင် နေကြည့်ပါ။ အိမ်ကို မကြာမကြာ ဖုန်းဆက်ပေါ့။ ဝန်းကျင်သစ်မှာ ပျော်မွေ့ဖို့ ကိုယ်နေတဲ့နေရာမှာ တွေ့တဲ့သူနဲ့အဆင်ပြေအောင် နေကြည့်ပြီး ပိတ်ရက်တွေမှာ အနီးဝန်းကျင်ကို သွားလည်ပေးပေါ့။ တဖြည်းဖြည်းနဲ့ နေတတ်သွားမှာပါ။ လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာပါဆိုတဲ့ မနောရဲ့ လက်ကိုင်စကားလေးကို လက်ဆောင်ပါးလိုက်ပါတယ်ရှင်။

  • PinkCandy

    June 24, 2011 at 5:58 am

    ဟုတ်ကဲ့ candy ကြိုးစားပြီး အသားကျအောင် နေကြည့်နေပါတယ်ရှင့်။
    အခုလို အားပေးစကားပြောတဲ့သူတွေရော လက်ကိုင်စကားလေးပြောပြပေးတဲ့ မမ မနောကိုပါ ကျေးဇူးတင်ပါတယ်။
    ရွာထဲကို နေ့တိုင်းဝင်ဖြစ်တယ်ဆိုတာလဲ အခုလို ရွာသူရွာသားအချင်းချင်း စည်းလုံးပြီး တစ်ယောက်အပူကို တစ်ယောက် စာနာပေးတတ်သလို တစ်ယောက်ပြသနာကို တစ်ယောက်ဖြေရှင်းပေးတတ်တဲ့ စိတ်ထားလေးတွေကို သဘောကျလို့ပါ။ 🙂

    • king

      June 24, 2011 at 6:10 am

      သမီးရဲ့ Facebook အကောင့်ပဲဖြစ်ဖြစ် .. Gmail လိပ်စာပဲဖြစ်ဖြစ် သိချင်ပါတယ်..
      ဖေကြီး Gmail ကတော့ ecpgdma11@gmail.com ပါ သမီးလေး
      လိုအပ်တဲ့ အကူအညီရှိရင်ပြောပါ တတ်စွမ်းသလောက် ကူညီပေးပါ့မယ် …
      ကြိုစားထား …. 😀

      • PinkCandy

        June 24, 2011 at 6:20 am

        google browsing လုပ်ပြီး ရလာသော data များအရ ဖေကြီးကင်းသည် သမီးထက် ၃နှစ်ငယ်၏ 🙁

        • king

          June 24, 2011 at 7:52 am

          အဖေ့ထက် သမီး ၃ နှစ်ကြီး၏
          ” ခေတ်သစ် ” ….. 😀 😛 🙂

  • manawphyulay

    June 24, 2011 at 6:52 am

    နေရာအသစ်မှာ အရင်ဆုံး ပြုပြင်ရမှာက အစားအသောက်ပါပဲ။ ကိုယ့်အရင်ဝန်းကျင်က အစာနဲ့ မတူတာကို အရင်ကြုံရမယ်။ နောက် ရောက်ရှိနေတဲ့ဝန်းကျင်လေ့လာပြီးမှ ကိုယ့်နဲ့အဆင်ပြေမယ်ထင်တဲ့ မိတ်ဆွေ သူငယ်ချင်းကို ရှာဖွေပါ။ နောက် တစ်ယောက်ထဲရှိနေချိန်မှာ ကျောင်းတက်တယ်ဆိုရင် ကျောင်းစာပေါ့ အလုပ်ဆိုရင်တော့ တစ်ယောက်ထဲရှိနေချိန်မှာ သီချင်းနားထောင်တာတို့ ဘာတို့ စိတ်ကို အာရုံတစ်ခုရောက်နေတဲ့အရာကိုလုပ်လို့ရသလို ညပိုင်း တရားထိုင်ကြည့်ပါ။ အေးချမ်းမှုကို ရရှိလာပါလိမ့်မယ်။

  • နီလေး

    June 24, 2011 at 8:15 am

    စီနီယာတွေက တစ်ယောက်တစ်မျိုးအားပေးကြပြီးသားဆိုတော့ အထူးထပ်အားပေးစရာမလိုတော့လောက်ပါဘူးလေ ရည်မှန်းချက်အောင်မြင်အောင်ကြိုးစားပေါ့

Leave a Reply