ကနဦး တပ်ဆင်ခ မလိုသော မိုလ်ဘိုင်းဖုန်းများ တပ်ဆင်ပေးရန် အစီအစဉ်ရှိဟုဆို

ပန်းနုMarch 18, 20111min15911

မြန်မာနိုင်ငံတွင် မိုလ်ဘိုင်းဖုန်းများအား ကနဦး တပ်ဆင်ခများ ပေးသွင်းရန် မလိုသည့် ဝန်ဆောင်မှုကို ပုဂ္ဂလိကနှင့် ပူးပေါင်းကာ ချထားပေးသွားရန် အစီအစဉ်များ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ရရှိသည်။  ကနဦး တပ်ဆင်ခများ ပေးသွင်းနေရသော အဆိုပါ မိုလ်ဘိုင်းဖုန်း အသုံးပြုမှုများအား အထက်ပါအတိုင်း အဝင်၊ အထွက် ခေါ်ဆိုခများသာ ပေးဆောင်ရပြီး လျှောက်ထားသုံးစွဲခ (ကနဦး တပ်ဆင်ခ) များ ပေးဆောင်ရန် မလိုအပ်သည့် စနစ်သည် အစိုးရ၏ ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များတွင် ပါဝင်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးကလည်း ၂၀၁၁ ခုနှစ်၊ မတ်လ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ မိုလ်ဘိုင်းဖုန်းများအား ကနဦး တပ်ဆင်ခ ပေးဆောင်ရန် မလိုအပ်ဘဲ သင့်တော်သည့် နှုန်းထားများအလိုက် ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ ဟူသည့် အဆိုကို အဆိုပါ လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ်(၄) မှ ဒေါက်တာ မြတ်ဉာဏစိုးက မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။  အစိုးရ အနေဖြင့် ၎င်းတို့ စီမံကိန်းများ ရေးဆွဲထားသည့် အဆိုပါ ဝန်ဆောင်မှုကို အမှန်တကယ် ဝန်ဆောင်မှု ပေးလာနိုင်မည် ဆိုပါက ပြည်တွင်း တယ်လီဖုန်း အသုံးပြုနိုင်မှု အခြေအနေသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာနိုင်မည် ဖြစ်ကြောင်းလည်း ကွန်ပျူတာ ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု အခြေအနေမှာ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ ယခုအချိန်ထိ နှစ်သိန်းကျော် ဝန်းကျင်အထိ တိုးတက်လာခဲ့သည်။ ကျပ်ငါးသိန်းတန် ဖုန်းများ ပေါ်ထွက်လာပြီး နောက်ပိုင်း တိုးတက်လာသည့် ဖုန်းသုံးစွဲနိုင်မှုတွင် လက်တလော အသုံးပြုနေကြသည့် မိုလ်ဘိုင်းဖုန်းများသည် ကနဦး တပ်ဆင်ခ ကျပ်ငါးသိန်း ပေးသွင်းပြီး ကြိုတင် ငွေဖြည့်ကတ်များဖြင့် အသုံးပြုနေကြရသည့် စနစ် ဖြစ်သည်။

 

copy from: http://news.yatanarpon.com.mm/news/news-11882

11 comments

  • nozomi

    March 18, 2011 at 10:16 am

    အိပ်မက်က အိပ်မက်တွေပြောတာတော့ မလုပ်နဲ့နော်

  • dream

    March 18, 2011 at 10:22 am

    အိပ်မက်လဲ အိပ်မက် မက်ကြည့်တာပါ။ 😛
    အမျိုးသာအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ကြီးက ကူးယူဖော်ပြတာပဲ 😀
    မှန်သင့်တာပေါ့နော်
    မကြာမီ လာမည် မျှော် တဲ့

  • Yin Nyine Nway

    March 18, 2011 at 5:02 pm

    အိမ်မက်တွေ လည်း တကယ်ဖြစ်လာပါစေ….

  • Hello Everyone

    March 18, 2011 at 10:00 pm

    ဒါမျိုးလေး ဆိုရင်ရော ”http://myanmargazette.net/43790/economic-news-international-news-news-industry-people-in-the-news-us-news-news ”

  • meelay

    March 19, 2011 at 4:51 am

    ဟုတ်တယ် Dream ရေ … ဒီသတင်းကို အစ်မလည်း 7Days News Journal မှာ ဖတ်လိုက်ရပါတယ် … အဲလိုဖြစ်လာရင်တော့ ကောင်းပါတယ် ….

  • morenyan

    March 22, 2011 at 6:47 am

    အစီအစဉ်ရှိပါတယ်
    ဘယ်သူ ဘယ်လိုစားပေါက်သေချာအောင်လုပ်တာ မသေချာသေးလို့ပါ
    အဆင်မပြေရင်ကြာမယ်

  • photwenty

    March 22, 2011 at 7:51 am

    လုပ်အုူံးမယ်လုပ်အုံးမယ် စားပေါက်တွေ

  • etone

    March 22, 2011 at 9:51 am

    နေကြပါဦးဟယ်… သူတို့ခမျာ ငါးသိန်းဖုန်းတွေတောင် လုပ်စားလို့ မပြီးသေးဘူး… ။ အဲ့ဒါတွေ ဝယ်မဲ့လူ ကုန်တော့မှ … သုံးသိန်းတန်လောက်စထုတ်… ပြီးတော့… တစ်သိန်းခွဲတန်…. နောက်ဆုံး ဟန်းဆက်ဖိုးပဲ ပေးပါ… ခေါ်ဆိုခ 1လ ဖရီးတွေဘာတွေလုပ်ပြ ီးများ ရသလောက် ရိုက်စား လုပ်ဦးမလား မသိ … နောက်ဆိုဆိုက်ကားသမားတောင်ဝယ်နိုင်တော့မှာ 😀 အဲ့ဒီလောက်ကို ဈေးပေါလာမှာတဲ့…. ။

  • moethidasoe

    March 22, 2011 at 10:30 am

    တကယ်က အင်တာနက်ရော ဟင်းန်းဖုန်း အစက ဦးနေဝင်းရဲ့ မြေးတော်များ အစီအစဉ်ပါ ..
    တကယ်ဖြစ်လာမယ့် အခြေအနေ ရှိတယ်ဆိုတာကို သိသိချင်း .. ဆက်သွယ်ရေး အင်တာနက်တွေကို အစိုးရကသာ လုပ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်ကြောင့် အဲဒီအချိန်တုန်းက တစ်သိန်းသာသာနဲ့ handset ပါ ရပြီး pre-paid card နဲ့ ထုတ်မယ် ဆိုတဲ့ အသံ ကြားခဲ့သေးတယ် နောက်မှ ဆယ်လူလာ ပေါ်လာတယ် .. နောက်ပိုင်းတော့ သိတဲ့အတိုင်းပါပဲ

Leave a Reply