သင့်အေးရိပ်December 4, 20177min17472
        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


သင့်အေးရိပ်October 10, 20171min42688
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


    နယ်ဘက်က ကားလမ်းမတွေပေါ်မှာ … အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့် ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။   ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင် ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့ အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။ အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့ ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့ ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို … အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။ အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ […]


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


ဆုတောင်းနှင့် နောင်တ ———- ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင် ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။ ”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏” ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . . ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု သိလိုက်သည်။ ရုပ်တု ကိုယ်ထည်ပေါ်တွင် . . . . . . . . . . . . . . . ကျွန်တော့်လက်မှ အညစ်အကြေးတို့ကြောင့် ညစ်ထေးသွားတာကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ————————– သင့်အေးရိပ်


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


alinsettApril 6, 20171min2072
                                                ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့  လွင့်ပျံ့လာတဲ့ အရောင် ———————————————– ကြားလိုက်သလား။ ဟိုး. . . အဝေးဆီက. . . ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊ ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . . နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့ လင်းတလက်လက်ကြယ်ပွင့်တချို့တောင် … ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။ ——– ကြားနေရတဲ့ ဂီတထဲကနေ တစ်သက်မမေ့ချင်စရာ […]


alinsettJanuary 19, 20171min45212
                                      ”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း” တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။ ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . . ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .   ကြွေမှာကြောက်ရတယ်… နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . . ဒါပေမဲ့ ”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး… နည်းနည်းတော့ အချိုပေါ့ထားတယ်။   ပြီးပါလေရော. . . ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. […]


alinsettNovember 25, 20161min2282
                                                  ”ဓါးတွေကို ထိုင်မျှားမိတဲ့သူ”   ——————————— ငါ့ဘက်အခြမ်းဆီကိုမှ ဓါးနဲ့ ပစ်ပေါက်ရတာ ကြိုက်တယ်ဆိုတဲ့သူတွေ ရှိလာလို့. . . ဓါးဖမ်းနည်းကိုပဲ ငါသင်ထားလိုက်ရတယ်။ ဓါးနဲ့ပေါက်မယ့်သူတွေ မရှိအောင် နေထိုင်နည်းက. . . ငါ့အတွက်တော့. . . သိပ်ခက်လွန်းတယ်လေ။ ——————————– သင့်အေးရိပ် ၂၀၁၆၊နိုဝင်ဘာ ၂၄         […]


alinsettNovember 22, 20161min53116
                    “မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ——————————————————- (ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။ ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။) ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့် မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး […]


alinsettNovember 15, 20161min21710
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တစ်ရက်နေ့က စပြီး ရန်ကုန်မြို့ထဲမှာ ကားမောင်းသူတွေ ထိုင်ခုံ ခါးပတ် မပတ်ရင် အရေးယူ ဒဏ်ရိုက်မယ်။ အဲ့လို ကြေညာလိုက်ပြီးနောက် ဆယ့်ငါးရက်အကြာမှာတော့ ရန်ကုန်မြို့ထဲ မိန်း လမ်းမကြီးတစ်ခုပေါ်ကနေ မောင်းနေတဲ့ကားတွေကို တစ်နာရီလောက် ထိုင်ကြည့်နေမိတယ်။ ကားမောင်းသူ တော်တော်များများကတော့ ထိုင်ခုံခါးပတ်တွေကို ပတ်ထားကြပြီ။ အရင်တုန်းက ”စည်းမရှိကမ်းမရှိ ပစ်စလက်ခတ် မောင်းတယ်လို့ နာမည်ထွက်နေတဲ့ Taxi မောင်းသူတွေ”တောင်မှ ခါးပတ်လေးတွေ ပတ်ထားလျက်သား တွေ့ရတယ်။ (BRT ကလွဲရင် တခြား ဘတ်စ်ကား မောင်းသူတွေကတော့ ခါးပတ် မပတ်ကြဘူး။ ပတ်စရာ ခါးပတ်လည်း အဲ့ဒီဘတ်စ်တွေမှာ မပါလောက်ဘူး။ အင်မတန်မှ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ကားအို ကားဟောင်း အစုတ်ကြီးတွေကို မောင်းနေရတဲ့ ဘတ်စ် မောင်းသူတွေလည်း ဒဏ်ငွေရိုက်မှာ […]


alinsettNovember 9, 20161min1392
                                  ”အစွယ်ပျောက်သွားလို့ လိုက်ရှာနေတဲ့မြွေ” *************************** မိုးမှုန်အစက်အပြောက်တို့ ရီဝေဝဲရစ်သော မနက်ခင်းတစ်ခုမှာ ငါ ပြန်လည် နိုးထချင်ပါသည်။ ဖြစ်နိုင်လျှင် ငါ့အား လက်တို့ ဝှေ့ဝှေ့သွဲ့သွဲ့ ယိမ်းနွဲ့ကာ ပြကြပါ။ အဲသည် သင်္ကေတသည် မည်သည့်အဓိပ္ပာယ်ဖြင့် ဖြစ်နေပါစေဦး. . . ငါ့ခံယူချက်ဖြင့် ငါ. . .ငါ့အား ချစ်မြတ်တွယ်တာစွာ လှမ်းကြို ခေါ်လင့်သည်ဟု ယုံကြည်ပြီး သင်တို့အနားသို့ . . .ငါ လာပါမည်။ သင်တို့အနီထံပါးတွင် သင်တို့၏ အသုံးအဆောင်တစ်ခုကဲ့သို့ အဆင်သင့်ဖြစ်စွာ […]