weiweiApril 26, 20113min1929
သတ္တမမြောက်နေ့ ခရီးစဉ်ကတော့ ထူးထူးခြားခြား မရှိပါဘူး။ ရှီဂစီမြို့ကနေ မနက်စောစောပြန်ထွက်ခဲ့ကြတယ်။ မနက် ၅ နာရီလောက် စထွက်ခဲ့ကြတာဆိုတော့ မှောင်မှောင်မဲမဲမှာ ကျွန်မတို့လဲ အိပ်ရင်းနဲ့ လိုက်လာကြပါတယ်။ မနက် ၁၁ နာရီလောက်မှာ တိဗက်မြို့တော် လားဆားမြို့ကို ပြန်လည်ရောက်ရှိပါတယ်။ လာဆားမြို့နားရောက်မှ တစ်ရေးနိုးပြီး ဓါတ်ပုံထရိုက်ဖြစ်တယ်။ အဲဒီနေ့ ညနေဖက်ကို ကိုယ်ပိုင်အချိန်သတ်မှတ်ထားတယ်။ နေ့လည်စာ ထမင်းဆိုင်ကောင်းကောင်းတစ်ခုမှာ ထမင်းဟင်းငတ်လာသမျှ အတိုးချပြီး ထမင်းစားလိုက်ကြတယ်။ ပြီးတာနဲ့ တစ်မြို့လုံး လျှောက်လည်ကြပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်ကြပါတယ်။ လက်ဆောင်ပစ္စည်းတွေကို ဈေးရုံကြီးတစ်ခုထဲမှာလဲ ဝယ်လို့ရသလို ဘုရားပွဲဈေးတန်းလိုမျိုးမှာလဲ ဝယ်လို့ရပါတယ်။ ခရီးသွားတွေ အရမ်းနဲနေတဲ့အချိန်ဆိုတော့ ဈေးဝယ်ရတာ ကြိုက်သလောက်ဈေးဆစ်လို့ရနေပါတယ်။ တိဗက်ကထွက်တဲ့ အပြာရောင်ကျောက်တစ်မျိုးနဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ၊ တိဗက်ရိုးရာပစ္စည်းတွေ၊ နွားနောက်ချိုနဲ့ အရိုးတွေကနေလုပ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ ရိုးရာစတိုင်ဆွဲထားတဲ့ ပန်းချီကားတွေ၊ ကောဇောတွေ၊ […]


weiweiApril 26, 20115min53610
တိဗက်ခရီးစဉ် (၆) တိဗက်စတိုင်ရွက်ဖျင်တဲမှာအိပ်ပြီး မနက်မိုးလင်းတာနဲ့ တဲအပြင်ကို ထွက်ကြည့်ပါတယ်။ အေးစက်နေတဲ့ ရာသီဥတုနဲ့ ဖြူဖွေးနေတဲ့ နှင်းတောင်ကြီးက တခြားဂြိုလ်တစ်ခုကို ရောက်နေသလိုပါပဲ။ ကျွန်မတို့ယူသွားတဲ့အဝတ်အစားတွေက သိပ်မထူလို့ ချမ်းနေပါတယ်။ မနက်စောစောပေမယ့် နေမထွက်သေးပါဘူး။     ရွက်ဖျင်တဲနေရာကနေ လမ်းလျှောက်သွားရင် တောင်ခြေနဲ့အနီးဆုံးနေရာကို ရောက်နိုင်ပေမယ့် လမ်းလျှောက်သွားခွင့်မရှိဘူးလို့ လမ်းညွှန်ကပြောပါတယ်။ သူတို့အထူးစီစဉ်ထားတဲ့ ကားဖြင့်သာသွားခွင့်ရှိပါတယ်။ ကားက မီနီဘက်စ်ဖြစ်ပြီး တစ်ယောက်ကို အသွားအပြန် တရုတ်ငွေ ယွမ် ၂ဝ ပေးရပါတယ်။ မနက် ၈ နာရီလောက်မှ ပထမဆုံးကားစထွက်မှာဆိုတော့ တဲထဲမှာပဲ ရေနွေးတောင်းပြီး ကော်ဖီနဲ့ မုန့်နဲ့ပဲ စားရင်း အချိန်ကို စောင့်နေလိုက်ကြပါတယ်။ မျက်နှာသစ်ဖို့ရေမလုံလောက်လို့ ရေသန့်ဗူးနဲ့ပဲ သစ်လိုက်ရတယ်။ မီးမရှိတဲ့နေရာမှာ တည်းခိုမိလို့ ကင်မရာအတွက် ဒုက္ခရောက်ခဲ့ရပါတယ်။ ဘတ်ထရီအပိုမပါသွားလို့ အရမ်းလှတဲ့ရှုခင်းတွေကို […]


weiweiMarch 20, 20116min2249
တိဗက်ခရီးစဉ် (၅) မနက်စောစော ဟိုတယ်မှာ မနက်စာစားပြီးနောက် ခရီးထွက်ဖို့ စိတ်စောနေမိပါတယ်။ မနက်စာစားရင်း တခြားခရီးသွားတွေဆီက ကြားမိတဲ့သတင်းတစ်ခုက လမ်းမှာ အကြီးစားလမ်းပြင်နေတဲ့နေရာတစ်ခုရှိတယ်။ အဲဒီနေရာက မနက် ၁ဝ နာရီကနေ နေ့လည် ၁၂ နာရီလောက်အထိ လမ်းပြင်နေတုန်း လမ်းပိတ်ထားမှာမို့ ခရီးသွားတွေက မနက်စောစောအချိန်မီ အဲဒီနေရာကို ဖြတ်နိုင်အောင်သွားကြတယ်လို့ ပြောတာကို ကြားမိလိုက်တယ်။ ကျွန်မတို့လမ်းညွှန်ကတော့ စောစောထွက်လို့မဖြစ်နိုင်သေးကြောင်း … ဧဝရတ်တောင်အထိသွားဖို့ ဖြတ်သန်းခွင့် ဗီဇာရမှသာ သွားနိုင်မှာဖြစ်လို့ ရုံးဖွင့်ချိန်အထိစောင့်ပြီး တုံးထုပြီးမှသာ ထွက်နိုင်မှာမို့လို့ ကျွန်မတို့ကို ဟိုတယ်မှာပဲ စောင့်နေဖို့ပြောပြီး သူကရုံးကိုသွားပါတယ်။ ကျွန်မတို့က အခြေအနေကို နားလည်ထားပြီးသားဖြစ်နေလို့ စိတ်ပူနေမိတယ်။ ညနေနေမဝင်ခင် ဧဝရက်တောင် ရှုခင်းကို မမှီမှာကိုလဲ စိုးရိမ်နေမိတယ်။ ညနေ နေဝင်ရှုခင်းနဲ့ မနက်စောစော နေထွက်ရှုခင်းကြည့်ပြီးတာနဲ့ ပြန်မယ့် […]


weiweiJanuary 17, 20115min27411
တိဗက်ခရီးစဉ် (၄) ဒီကနေ့မနက်မှာတော့ ၃ ညအိပ်ခရီးတစ်ခုအတွက် လိုအပ်တာတွေကို အဆင်သင့်ပြင်ဆင်ထားကြပါတယ်။ ဧဝရတ်တောင်ခြေမှာ တစ်ညအိပ်ဖု့ိအတွက် အချမ်းဒဏ်ခံနိုင်မဲ့ အဝတ်အစားတွေ၊ လမ်းခရီးမှာစားဖို့ စားစရာတွေနဲ့ လိုအပ်မဲ့ဆေးဝါးတွေကို အပြည့်အစုံစီစဉ်ထားလိုက်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာစားပြီး မနက် ၈ နာရီမှာ ခရီးစထွက်ကြပါတယ်။ ဒရိုင်ဘာရယ် ခရီးသွားလမ်းညွှန်ရယ်၊ ကျွန်မတို့ သုံးယောက်ရယ် ကားတစ်စီးနဲ့ စထွက်ခဲ့ပါတယ်။ လားဆားမြို့က စထွက်လိုက်တာနဲ့ လမ်းခရီးက တောင်တွေ ကွေ့ပတ်ပြီးသွားရတယ်။ ပတ်ဝန်းကျင်က အရမ်းသာယာတယ်။ လာဆားကနေ နိပေါလ်ကိုသွားတဲ့ Sino-Nepal friendship Highway road ကနေ သွားရပါတယ်။ အဲဒီလမ်းမကြီးက လာဆားကနေ နိပေါလ် ခေတ္တမန္ဒူမြို့အထိပေါက်ပြီး ကီလိုမီတာ ၉၀ဝ ကျော်ရှိပါတယ်။ ယနေ့ခရီးစဉ်ကတော့ လားဆားကနေ တိဗက်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse ရှီဂစီ မြို့အထိပါပဲ။ […]


weiweiJanuary 3, 20114min2659
ဒီကနေ့မနက် ပိုတာလာကို သွားလည်ရမှာဖြစ်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာပဲစားပြီး ဟိုတယ်ဧည့်ခန်းထဲကနေ လမ်းညွှန်ကောင်မလေးအလာကို စောင့်နေလိုက်ပါတယ်။ မနက် ၈ နာရီကျော်ကျော်လောက်မှာ သူရောက်လာပါတယ်။ ပိုတာလာက ကျွန်မတို့တည်းတဲ့ဟိုတယ်ကနေဆို တော်တော်လေးနီးပါတယ်။ တက်စီနဲ့သွားရင် ၁ဝ ရွမ်ပဲ ကျလို့ ကျွန်မတို့ကို တက်စီနဲ့ပဲ ခေါ်သွားပါတယ်။ ဟိုရောက်တော့ လက်မှတ်ဝယ်တဲ့ ဝင်ပေါက်ကနေ လက်မှတ်အရင်ဝယ်ရပါတယ်။ လက်မှတ်ဝယ်တာတောင်မှ ပက်ပို့စ်ကိုပြရပါတယ်။ လမ်းညွှန်က သူလိုက်ဝင်လို့မရဘူးလို့ပြောတယ်။ ကျွန်မတို့ကို ဝင်ပေါက်ကို လိုက်ပို့တယ်။ ဘယ်လိုသွားရမယ်ဆိုတာကိုရှင်းပြတယ်။ ဝင်ပေါက်နဲ့ ထွက်ပေါက်က မတူဘူး။ စစ်ဆေးရေးကလဲ လေဆိပ်ကထက်တောင် ပိုတင်းကြပ်နေပါသေးတယ်။ သောက်ရေဗူးအထဲကို ယူခွင့်မရှိဘူး။ တခြားမိတ်ကပ်နဲ့ပတ်သက်တဲ့ပစည်းမျိုးတွေလဲ မယူရဘူး။ လမ်းညွှန်က ထွက်ပေါက်ကနေ ၁၁ နာရီမှာ စောင့်နေမယ်လို့ပြောပါတယ်။ သူ့ဖုန်းနံပါတ်ကိုလဲ ပေးထားတယ်။ ကျွန်မတို့က သူမပါလဲ ပြသနာမရှိပါဘူး။ သူရှင်းပြလဲ […]


weiweiDecember 19, 20102min3868
တိဗက် ခရီးစဉ် (၂) လာဆားမြို့က ပေကျင်းစံတော်ချိန် ည ၈ နာရီကျော်ပေမယ့် အလင်းရောင်အနဲငယ်ရှိနေပါသေးတယ်။ ကျွန်မကတော့ ခေါင်းမထောင်နိုင်အောင် မူးနေပါပြီ။ ကိုယ်ခံအားနည်းနေတာကြောင့် အောက်စီဂျင်နဲပါးမှုဒဏ်ကို မခံနိုင်ဖြစ်နေပါတယ်။ ဆေးလဲမယူသွားမိဘူး။ ကျွန်မသူငယ်ချင်းယူလာတဲ့ဆေးကလဲ မလုံလောက်တာနဲ့ အဲဒီညမှာပဲ ဟိုတယ်ကဝန်ထမ်းကို အကူအညီတောင်းပြီး ဆေးဆိုင်မှာ ဆေးသွားဝယ်ရပါတယ်။ ဆေးကတော့ အထူးတလည်မဟုတ်ပါဘူး။ ဂလူးကို့စ်အမှုန့်ကို ရေကျက်အေးထဲထည့်ဖျော်ပြီး များနိုင်သလောက်များများသောက်ရပါတယ်။ အက်စပရင်ဆေးပြားလဲ သောက်ရပါတယ်။ ဘာမှမစားနိုင်အောင်မူးနေလို့ ညနေစာမစားပဲ အိပ်လိုက်ပါတယ်။ နောက်တစ်နေ့မိုးလင်းတော့ မနက်စာကို ဟိုတယ်က ကျွေးပါတယ်။ တရုတ်ပြည်က ဟိုတယ်တော်တော်များများရဲ့ မနက်စာတွေက ခပ်ဆင်ဆင်တူပါတယ်။ မန်းထိုလို့ခေါ်တဲ့ အသားမပါတဲ့ပေါက်စီ၊ ကြက်ဥကိုလက်ဖက်ခြောက်ရည်နဲ့ပြုတ်တဲ့ ကြက်ဥပြုတ်၊ ဆန်ပြုတ်ခပ်ကျဲကျဲ၊ ပဲနို့ရည်နဲ့ ချဉ်ဖတ်မျိုးစုံကို ကြိုက်သလောက် အဝစားလို့ရပါတယ်။ ကျွန်မတို့ကတော့ မနက်စောစော အစားမစားတတ်တာကတစ်ကြောင်း၊ သူတို့အစားအစာတွေကို မကြိုက်တာကတစ်ကြောင်းမို့ […]


weiweiDecember 10, 20101min2358
2005 ခုနှစ်တုန်းက အိန္ဒိယ ဗုဒ္ဓဂါယာကို မိဘနှစ်ပါး၏ ကျေးဇူးဖြင့် ဘုရားဖူးသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အသွင်မတူတဲ့ ကိုးကွယ်ဆည်းကပ်မှုတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ တိဗက်ဘုန်းတော်ကြီးတွေရဲ့ ဘုရားရှိခိုးပုံနဲ့ တိဗက်ဘုန်းကြီးကျောင်းတွေကို အထူး စိတ်ဝင်စားမိပါတယ်။ တိဗက်ကို ကိုယ်တိုင်သွားပြီး ကြည့်ချင်လိုက်တာလို့ ဆန္ဒပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ အဲဒီဆန္ဒရဲ့ စေ့ဆော်မှုကြောင့် တရုတ်ပြည်မှာ ကျောင်းသွားတက်စဉ် နွေရာသီကျောင်းပိတ်ရက် (2008 ဇူလိုင်လ) မှာ ကျွန်မတို့ သူငယ်ချင်း (၃) ယောက် တိဗက်ကို သွားလည်ဖို့ စီစဉ်ကြပါတယ်။ ခရီးကလဲဝေး ကုန်ကျစရိတ်ကလဲများမှာဆိုတော့ အသက်သာဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် အမျိုးမျိုးနည်းလမ်းတွေနဲ့ ကြံစည်ကြရပါတယ်။ လေယာဉ်နဲ့သွားရင် လေယာဉ်ခက ဈေးကြီးတယ်။ ရထားနဲ့သွားပြန်ရင်လဲ ပေကျင်းကနေ (၄၈) နာရီ စီးရမှာ .. နောက်ဆုံးတော့ ရထားနဲ့သွားပြီး လေယာဉ်နဲ့ […]