ကျုပ်လေ ……….. တစ်ခါမှ ဒီလောက်စာရေးချင်စိတ်မဖြစ်ဖူးဘူး အသက်ကြီးလာလို့ ပေါက်ပေါက်ဖေါက်ချင်တာကတော့သဘာဝ။ ဒါပေမယ့် ဒီဟာကတမျိုး ….။ အရင်ကတည်းက စိတ်ထဲမှာတနုံ့နုံ့နဲ့ တဖြည်းဖြည်းဖြစ်နေခဲ့တာ..။ ကျုပ်ကိုယ်တိုင်နဲ့ ကျုပ်နဲ့ပါတ်သက်နေသူတွေ တော်တော်များများ တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများလို့ (အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။ တဖက်ကကြည့်ပြန်တော့ ဆေးရုံဆေးခန်းနဲ့ ဆေးဘက်ဝန်ထမ်းတွေဆိုတာကလဲ ခေတ်စံနစ်ရဲ့ အပြဌာန်းခံ ၊ ဓါးစာခံလိုဖြစ်နေတာကို ဒီအသက်အပိုင်းအခြားမှာ ငြင်းမရအောင်သိမြင်လာတာကြောင့် လက်ညှိုးမှားထိုးဘို့ လိပ်ပြာမလုံတော့တဲ့အပြင် အထူးသဖြင့် ဆရာဝန်ဆိုတာမျိုးကိုက အခြားပရိုဖက်ရှင်နယ်တွေနဲ့စာရင် စုန်းပြူးအနည်းဆုံးတမျိုးမို့ ဆရာဝန်အများစု(တကယ်တော့အကုန်လုံးနီးပါး) ဟာလေးစားစရာကောင်းတဲ့သူတွေမို့ သူတို့ဘက်ကိုနားလည်တာကလဲ တဖက် ………။ ဒီတလော ကျုပ်တို့လူမျိုးများ တသက်လုံးမော့မကြည့် (ဝံ့) ခဲ့တဲ့ ဆရာဝန်တွေကို […]