Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သုံးကိုယ် ဘယ့်နှယ် ခွဲပါ့မယ်

ကျုပ်လေ ………..

တစ်ခါမှ ဒီလောက်စာရေးချင်စိတ်မဖြစ်ဖူးဘူး

အသက်ကြီးလာလို့ ပေါက်ပေါက်ဖေါက်ချင်တာကတော့သဘာဝ။

ဒါပေမယ့် ဒီဟာကတမျိုး ….။

အရင်ကတည်းက စိတ်ထဲမှာတနုံ့နုံ့နဲ့ တဖြည်းဖြည်းဖြစ်နေခဲ့တာ..။

 

ကျုပ်ကိုယ်တိုင်နဲ့ ကျုပ်နဲ့ပါတ်သက်နေသူတွေ တော်တော်များများ

တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများလို့

(အရင်းအချာထဲမှာတင် အသက်သုံးချောင်း)

အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။

 

တဖက်ကကြည့်ပြန်တော့ ဆေးရုံဆေးခန်းနဲ့ ဆေးဘက်ဝန်ထမ်းတွေဆိုတာကလဲ

ခေတ်စံနစ်ရဲ့ အပြဌာန်းခံ ၊ ဓါးစာခံလိုဖြစ်နေတာကို

ဒီအသက်အပိုင်းအခြားမှာ ငြင်းမရအောင်သိမြင်လာတာကြောင့်

လက်ညှိုးမှားထိုးဘို့ လိပ်ပြာမလုံတော့တဲ့အပြင်

အထူးသဖြင့် ဆရာဝန်ဆိုတာမျိုးကိုက အခြားပရိုဖက်ရှင်နယ်တွေနဲ့စာရင် စုန်းပြူးအနည်းဆုံးတမျိုးမို့

ဆရာဝန်အများစု(တကယ်တော့အကုန်လုံးနီးပါး) ဟာလေးစားစရာကောင်းတဲ့သူတွေမို့

သူတို့ဘက်ကိုနားလည်တာကလဲ တဖက် ………။

 

ဒီတလော

ကျုပ်တို့လူမျိုးများ တသက်လုံးမော့မကြည့် (ဝံ့) ခဲ့တဲ့ ဆရာဝန်တွေကို

SSC မှာတခါဖြစ်တာကနေ ပြောရင်းဆိုရင်းအရှိန်ရလာပြီးတော့

“မှားပလားဟင် ၊ မှားရဲရင်မှားကြည့်၊ မှားပြီမဟုတ်လား၊ မှားပြီတဲ့ဟေ့ ……… ” …စသည်ဖြင့်

ကလောင်တကိုင်ကိုင်နဲ့ ဝိုင်းချိန်ထားကြတာတွေ ………..

ဆရာဝန်တွေဘက်ကလဲ ဖြေရင်းရှင်းရင်းနဲ့ အရှိန်လွန်ပြီး

အတင်းကာ အတင်းကွယ် ကြေးတိုက် စကားနိုင်လုသလိုဖြစ်ကုန်တာတွေ………..

အဲဒါတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်မိရင်း

ကြားကနေကြည့်ဖြစ်တဲ့ ကြားအမြင်လေးတွေလဲ စိတ်ထဲမဆံ့အောင်ဖြစ်လာ…။

 

အဲဒီဝေဒနာသုံးမျိုးကို

သုံးကိုယ်ခွဲပြီး ဖွင့်ထုတ်ချင်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို – သူကြီးမင်းကလဲပြောသား

“ဒီလူမျိုးက တယောက်ထဲ သုံးကိုယ်ကွဲနေတာ… ဆိုလား”

(ကြည့်ရတာ သူကနေ့စဉ်တရားထိုင်နေတာဆိုတော့ ပရစိတ္တ ဝိဇာနန အဘိညာဉ်များရနေသလားမသိဘူး..)

အင်း  …တော်သေးတာတခုက အခုဆို လကုန်ရက်ရောက်ပြီ

ကျုပ်ဘဝက လကုန်ခါနီး သုံးရက်အလိုလောက်ဆို

ကျန်တာတွေပစ်ထားပြီး ပရိယေသန ကိစ္စတွေဘက်လှည့်ရတော့တာ။

နောက်လဆန်းဆို အတိတ်မေ့သွားလောက်ပါရဲ့

မမေ့သေးရင်တော့ ရွာသားတွေကိုသာ အကြံတောင်းရတော့မယ်…..

သုံးကိုယ်ဘယ့်နှယ် ခွဲပါ့မယ်……… ဆိုတာလေး ………….

11 comments

  • kai

    October 27, 2011 at 3:55 am

    အောင်မငှေး.. ကိုရင်ပါလေရာရယ်..။
    မွှားနေပြီ..။ 👿

    ကျုပ်ပြောတဲ့ ..၃ကိုယ်တွေ့ချင်ရင်.. မြန်မာပြည်က.. ကြိုက်တဲ့.. ဘာသာရေးမဂ္ဂဇင်းဆွဲကြည့်…။
    နာဂစ်အထိမ်းအမှတ်စာအုပ်ဆွဲကြည့်.. တွေ့လိမ့်မယ်..။

    နာဂစ်ဖြစ်တော့.. အရင်ဘဝက ကံကြောင့် အခုဘဝကငါ ခံရတာဖြစ်ပြီး.. နောင်ဘဝကောင်းအောင်.. မရှိရှိတာလေး.. ခြစ်ချုပ်လှူဦးမှ.. ဆိုတဲ့ သဘောတရားတွေချည်း တွေ့ရမယ်..။
    ၁)အရင်ဘဝကငါရယ်.. ၂)အခုငါရယ်..၃) နောင်ဘဝက ငါရယ်ချည်းပဲ..။
    သေသေချာချာ လိုက်ရှာဖတ်ကြည့်..။ 😉

    ဘာလုပ်လုပ်.. အဲဒီ၃ယောက်နဲ့.. ထွေးရှုပ်နေတဲ့ ငါတွေဟာ.. ဘယ်တော့မှ.. (ဘုရားစကားငှားပြောရရင်) တက်နေတဲ့..(မြှား)အဆိပ်မပြေဘူး..။

    • parlayar46

      October 27, 2011 at 9:56 am

      ဟုတ်ပါတယ်သူကြီးရယ်-
      ကျုပ်က ရာသီဥတုကို ပိုစ့်နဲ့ ဖြည်ပြီး
      ပိုစ့်ကို သူကြီးစကားဆွဲသုံးပြီး ဖြည်ဘို့ ကြိုးစားတာပါ။

      ဒါထက်စကားမစပ်-
      သူကြီးပြောနေကျ သုံးကိုယ်ကိစ္စ အကြောင်းညီညွတ်တဲ့တနေ့ အကျယ်လေးပွားရင် ကောင်းမလားလို့…..;)

  • padonmar

    October 27, 2011 at 6:48 am

    မြင်ရခဲတဲ့ ဦးပါလေရာ၊
    ကျွန်မလည်း သုံးကိုယ်ခွဲလိုက်ချင်တာပါဘဲ။

  • thit min

    October 27, 2011 at 7:04 am

    “တာဝန်တွေမလစ်ဟင်းအောင်လဲ လုပ်ချင်တယ်၊ ကြင်နာသူ့မေ့အနားမှာလဲ ရှိချင်တယ်၊
    အဆင်ပြေစွာနေနိုင်ပြီးတော့၊ဘဝတခုရဲ့ အဓိပ္ပာယ်ပြည့်ဝပျော်ရွှင်ချင်တယ်၊
    ဒါကြောင့် ရုပ်ရှင်ထဲကလိုဘဲ နှစ်ကိုယ်ခွဲချင်တယ်”~~~~~~~~~~~~~~~~

    • htoosan

      October 27, 2011 at 8:50 am

      သုံးကိုယ် .. သုံးကိုယ် မဟုတ်ဘူးလား ကိုသစ်မင်း .. MG ကို သစ္စာ မဖောက်နဲ့ လေ။

  • MaMa

    October 27, 2011 at 7:14 am

    အင်းးးး ဒီနေရာမှာ ကယ်တင်ရှင်ဝင်လုပ်ရရင်ဖြင့် (ကိုယ့်အတွက်လည်း တွက်ခြေကိုက် ပွိုင့်လေးတွေ တိုးနိုင်တယ်လေ။) ပြောချင်တာကို အသံဖိုင်သွင်းပြီး send လိုက်ရင် ကိုယ်တိုင်ရေးလိုလို ဘာလိုလိုနဲ့ ရှဲဒိုး ရေးပေးနိုင်ပါတယ်။ 😛

    • parlayar46

      October 27, 2011 at 9:49 am

      MaMa ရေ..
      ဒီတော့ပစ်ကမလွယ်ဘူး
      ခဲတွေကျလာမှဖြင့်နော်….. 🙂

  • blackchaw

    October 27, 2011 at 9:17 am

    “နေ့တစ်နေ့မှာ အချိန်ကုန်တာတွေ အကျိုးရှိချင်
    စိတ်တစ်စိတ်ဟာ လူနှစ်ကိုယ်ဆိုရင် ကောင်းလိမ့်မယ်
    တစ်ခါတစ်လေဆို ပတ်ဝန်းကျင်ကို အားနာတယ်
    ကြင်နာသူရဲ့ အပါး ထာဝစဉ်ရှိချင်တယ်
    တစ်ကိုယ်စီဆိုရင်ပြီးရော မျှတတဲ့ အဓိပ္ပါယ်လည်းရှိ အဆင်ပြေမယ်
    ဒါကြောင့် ရုပ်ရှင်ထဲကလိုပဲ နှစ်ကိုယ်ခွဲချင်တယ်။
    ကိုင်ဇာ သီချင်းလေးပါ ကိုနေဝန်းနီရေ။”
    အပေါ်မှာ ကိုသစ်မင်းကလည်း တစ်ပိုင်းတစ်စ ရေးထားပါတယ်။

  • blackchaw

    October 27, 2011 at 9:18 am

    ကိုပါလေရာရေ။ ဆောရီးပါဗျာ။
    ကိုနေဝန်းနီနာမည်နဲ့ အကြီးအကျယ် မှားသွားပါတယ်။
    ခွင့်လွှတ်ပေးပါ ဆရာရေ။

    • parlayar46

      October 27, 2011 at 9:47 am

      ဒါလေးများ…
      အဲဒါကျုပ်လဲ မှားနေကျ

  • ကြောင်ကြီး

    October 27, 2011 at 10:54 am

    သုံးကိုယ်ခွဲ
    ဂတုံးကိုပဲ
    အမုန်းစိုရွှဲ
    နှလုံးပြိုကွဲ
    အရှုံးပိုဆဲ..။

Leave a Reply