Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၃ ) ( အဆ တစ်ထောင် ကွာတော့ ဘာဖြစ်လဲ )

Foreign ResidentOctober 27, 20114min52116

Voice Journal ရဲ့ ရှယ်ဖွချက် နှင့်

အတွေးများ ( ၃ )

 

ထုံးစံအတိုင်း ပါပဲ ။

Captain America ရဲ့

Comment ကို Reply လုပ်တာ ။

Post ကြီး ဖြစ်သွားပါတယ် ။

သည်းခံ ကြပါအုံး ရွာသားတို့ရေ ။

 

” အဲဒီတော့ Australia အစိုးရ က

တနှစ်ကို လူတဦးချင်းစီအတွက်

ကျန်းမာရေး စရိတ်

ကျပ် နှစ်ဆယ့်တစ်သိန်း

သုံးနေတဲ့ အချိန်မှာ

မြန်မာ အစိုးရ က 2075 ကျပ်

ပဲသုံးစွဲနေတာတွေ့ရတယ် ။

အဆ တစ်ထောင် ( အဆ တစ်ထောင် )

ကျော်ကွာတာကို တွေ့ရတယ်  “

 

captainamerica says:

” ဩဇီ နဲ.ကျွန်တော်တို.ဗမာနိုင်ငံနဲ.တော့

ယှဉ်လို့မှ မရတာဦးဖောရယ် “

 

အော် Captain America ရယ်

 

ဩဇီ မှာနေနေ ရွှေ မှာနေနေ

( ကိုယ်ဖာသာကိုယ်

ခေါ်လိုက်ရင်တော့ ရွှေတဲ့

လုပ်နေတာတွေကဖြင့်

ချီးကုန်းတဲ့ ဒုတ်ခနောင်း လောက်တောင်

အဆင့်မရှိဘူး

ကိုယ့်လူမျိုး တိုင်းရင်းသား

အချင်းချင်းကြတော့

ကိုယ်တွေ အကြီးမို့ တော်ယုံ

အနာခံ လျှော့ပေးလိုက်မယ် မရှိဘူး

သတ်မယ် ဆိုတာကြီးပဲ ထွီ )

 

ဟင် ဘယ်တွေရောက်ကုန်ပါလိမ့် ။

အစက ပြန်စမှ ရတော့မယ် ။

 

အော် Captain America ရယ်

 

ဩဇီ မှာနေနေ ရွှေ မှာနေနေ

ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး

ခြေထောက်နှစ်ချောင်း နှင့်

မတ်မတ် လမ်းလျှောက်တဲ့

လူတွေချည်းပဲ မဟုတ်ဘူးလားဗျာ ။

 

လူချင်းအတူတူ ဩဇီ မှာနေတဲ့လူက

နတ်ပြည်မှာ နေတဲ့လူလိုဖြစ်ပြီး

ဘယ်လိုဖြစ်ပြီး ရွှေ မှာနေတဲ့လူကျ

ငရဲ ပြည်မှာ နေတဲ့လူလိုဖြစ်ရသတုံး ။

 

ရှင်းအောင်ပြောရရင်

Captain America လဲ မြန်မာပြည်မှာ မွေးတယ်

အဘ လဲ မြန်မာပြည်မှာ မွေးတယ်

မြန်မာပြည်မှာ မွေးတာချင်း အတူတူ

အဘက ဒီဖက်ကျွန်း ခဏလေးရွေ့နေတာနဲ့

ခံစားခွင့် ကချက်ချင်းကြီး ဘဇာကြောင့်

အဆ တစ်ထောင်တောင် ကွာသွားရတာတုန်း ။

 

50 % ပိုများတယ် ။ တစ်ဆ ပိုများတယ် ။

နှစ်ဆ ပိုများတယ်ထိ အဘ လက်ခံတယ် ။

ကုန်ကုန်ပြောရရင် လူလူချင်း ဆယ်ဆ ကွာတယ် ဆိုရင်တောင် လွန်လှပြီ ။

ဘောက်မဲ့ကြောင့် အဆ တစ်ထောင်ကျော် ကွာသွားရတာတုန်း ။

 

အခုဟာက လူ နှင့် ခွေး ကွာတာထက် ဆိုးနေပြီ ။

ဒီအချိုးက နတ်ပြည် နှင့် ချီးတွင်း ကွာသလောက်ရှိနေပြီ ။

 

အဘတွေ့ရသလောက် ဒီကျွန်းမှာလည်း ပဒေသာပင် မပေါက်ပါဗျာ ။

ဩဇီ ကလူတွေက နတ်လောက်နီးနီး တော်နေပြီဆိုရင်လည်း ။

 

ဒီလောက်တောင် သူ့အရည်အချင်း သူ့တန်ခိုးကို ထင်းထင်းကြီးပြနိုင်နေပြီပဲ ။

အိမ်မှာရှိတဲ့ မင်းမဟာဂီရိ မင်းကြီး မင်းလေး နတ်ရုပ်တွေဖယ်ပြီး ။

 

” ဩဇီ နတ်မင်းကြီး ” ” အမေရိကန် နတ်မင်းကြီး ”

ဆိုပြီး မျက်နှာဖြူ နတ်ရုပ်တွေထုပြီး ကိုးကွယ် ကြပါတော့လား ။

ပြောလိုက်ရ မကောင်းဖြစ်ရော့မယ် ၊

အဲဒါကမှ အကျိုးထူးဖို့ ပိုသေချာသေးတယ် ။

 

အဘမှာသာ ရင်နင့်ပြီးတော့ မျက်ရည်ကျရတယ်

မြန်မာပြည်က လူတွေက ထူးပြီးတော့ ခံစားမိပုံ မပေါ်ပါဘူး ။

စိတ်နာဒါယ် ။

 

အဘကလည်း ရွာသူ ရွာသား တွေကို သနားတာ မဟုတ်ရပါဘူး ။

အင်တာနက်သုံးတယ် ဆိုကတည်းက သိပ်မဆိုးနိုင်ဘူး တွက်ပြီးသား ။

 

အဆ တထောင် ဆိုတဲ့ ကိန်းဂဏ္ဍာန်း လဲထွက်လာရော ။

အခု အဘ ဒီမှာ အလကားနေရင်း ရနေတဲ့

ကျန်းမာရေး ပညာရေး လူမှုဖူလုံရေး အခွင့်အရေးတွေ နှင့်

 

ဟိုတခါ ဓါတ်ပုံထဲမှာ မြင်မိတဲ့

” ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော

နိုင်ငံတော်ကြီး တည်ဆောက်အံ့ ” ဆိုတဲ့

ဆိုင်းဘုတ်ကြီး ချိတ်ထားတဲ့ အမိုးမလုံ အကာမလုံ

ရေစပ်မှာ ဆောက်ထားတဲ့ ယိုင်နဲ့နဲ့

တဲကုတ်ကုတ် စုတ်စုတ် ကလေး ပြေးမြင်တာပဲ ။

ဝမ်းနည်းလိုက်တာလေ ရင်ထဲကိုဆို့တက်လာတယ် ။

 

အဘ ဩဇီ ရောက်ရောက်ချင်း မိန်းမက ဆေးခန်း ခေါ်သွားပြီး

တကိုယ်လုံးကို Check up လုပ်ပြစ်တာဗျ ။

ဆီး ဝမ်း သွေး သလိပ် တင်မကဘူး နားကြားတာပါ စစ်ပြစ်တာ ။

 

ပိုက်ဆံ ဘယ်လောက်ကုန်တတုန်း ဟုတ်လား ။

တစ်ပြားစေ့ တစ်စေ့တောင် မပေးရပေါင်ဗျာ ။

သူတို့အစိုးရက ထုတ်ပေးထားတဲ့

Medicare ဆိုတဲ့ ကဒ်ပြားလေးပြလိုက်ယုံပဲ ။

 

Check Up လုပ်နေတဲ့ အချိန်တွေမှာ

မိန်းမနှင့်ပဲ ဝင်စစ် Result တွေ ပြန်ပြ လုပ်ရတာ

သုုံးရက်လောက် ဝင်တွေ့လိုက်တာ

တစ်ခါတွေ့ ၃၅ ဒေါ်လာနှုန်းနှင့် သုံးခါအတွက်

မိန်းမ ကတောင် ဒေါ်လာ တစ်ရာ လောက်ရလိုက်သေး ။

အဲဒီလို Medical Check Up မျိုးက ၆ လ တစ်ခါလောက် လုပ်ရတယ် ။

 

မယားက သူ့လင်ကို တကိုယ်လုံး Medical Check up လုပ်တာကို

တစ်ပြားမှ မပေးရတဲ့ အပြင် မယားကို ဒေါ်လာ တစ်ရာ ပြန်ပေးတဲ့ တိုင်းပြည် ။

 

တိုင်းသူပြည်သား တစ်ယောက်ယောက်များ သူများ နိုင်ငံမှာ အဖမ်းခံရရင်

ဝန်ကြီးတွေ လွှတ်တော်အမတ်တွေ သံအမတ်ကြီးတွေ လွှတ်ပြီး

သူ့နိုင်ငံသားကို မရအရ ကယ်ထုတ်တဲ့ တိုင်းပြည် ။

 

တိုင်းသူပြည်သား တွေအပေါ် လွှတ်ကောင်းတဲ့ တိုင်းပြည် ။

 

ကာကွယ်ဆေးတွေ ဆိုတာလည်း

ဘာတွေမှန်းတောင် မမှတ်မိလောက်အောင် ထိုးရတာ ။

နိုင်ငံခြား တစ်ခါထွက်ခါနီးရင်လည်း ထွက်မယ့် နိုင်ငံပေါ်မူတည်ပြီးထိုး ။

ရာသီတခါပြောင်းတိုင်းလဲ ရိုးရိုး Flu ကတစ်ခါ H5N1 ကတစ်ခါ ။

ခဏကြာ Flu က Trend ပြောင်းသွားလို့ဆိုပြီး နောက်တခါ ။

အေး အဘ တစ်ခါထိုးတိုင်း

အဘ မိန်းမကတော့ ၃၅ ဒေါ်လာ မှန်မှန်ရနေတာပေါ့ ။

 

ပေါက်ပေါက် ရှာရှာဆို ၊

မိန်းမ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက

ယောက်ကျားရဲ့ လိင်အင်္ဂါ ကြွက်နို့လည်း ကာကွယ်တယ် ဆိုပြီး

အဘမှာ အိုကြီး အိုမ နှင့် လူကြားမကောင်းပါဘူးကွာ ငြင်းတာ မရပါဘူး

ယောက်ကျားကြီးတန်မဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက

ထိုးလိုက်ရသေး ။

 

ကိုယ်တွေသာ အလကားထိုးရတာ

အဲဒီဆေးကို မြန်မာကျောင်းသူတယောက်

ဝယ်ပြီးထိုးရတာ ဆေးပါတ်လည် သုံးလုံးထိုးရတာ

ဒေါ်လာ ၃ဝဝ လောက်ကျသွားတယ် ။

 

အဖိုးကြီး အဖွားကြီးတွေများ နှာစေးလို့ ဆေးခန်း ပြတာတောင်

ကိုယ်ဖာသာကိုယ် ရိုးရိုး မပြဘူး Taxi ခ သက်သာအောင် ဆိုပြီး

ငါ ဒူးနာနေတယ် ဆိုပြီး Ambulance ကိုဖုန်းဆက် ခေါ်ပြီး သွားတာ ။

ဟိုက Ambulance နှင့် Paramedic နှစ်ယောက်က

ပြေးလာ ဆေးခန်းပို့ရတယ် ။

ဒီမှာက အဖိုးကြီး အဖွားကြီး နှင့် အလုပ်လက်မဲ့တွေဆို

Ambulance ခ မပေးရဘူးလေ ။

 

အဖိုးကြီး အဖွားကြီး နှင့် အလုပ်လက်မဲ့ တွေဆို

တနှစ်ကို ဆေးစရိတ် ဒေါ်လာ ၅၀ဝ ကျော်သွားရင်

ကျော်သမျှ အစိုးရကစိုက်တယ် ဆေးတင်မကဘူး စက်ပါဝယ်ပေးတာ ။

 

အသိ မြန်မာအဖွားကြီးတစ်ယောက်

ညအိပ်ရင် အသက်ရှုတာမမှန်မှာစိုးလို့

အသက်ရှုမှန် စက်ကအစ အစိုးရက

တစ်ဦးခြင်းစီကို ဝယ်ပေးတယ် ။

 

အသိ မြန်မာအဖိုးကြီးတစ်ယောက်

တနှစ် ဆေးဖိုး ပုံမှန် သိန်းတရာလောက်ရှိတယ် ။

ဒေါ်လာ ၅၀ဝ ကျော်သွားတာ မှန်သမျှ အကုန် အစိုးရက စိုက်တယ် ။

 

အမျိုးထဲက မြန်မာအဖွားကြီးတစ်ယောက်

အသက်ကြီးလို့ အထိုင်အထခက်ခဲသွားတာကို

Carer ကို အစိုးရစရိတ် နှင့်ငှားပေးတယ် ( တစ်လ ဒေါ်လာ ၃၅၀ဝ နှင့် ) ။

ဈေးထွက်ဝယ် အိမ်သာ ရေချိုးခန်းရှင်း အကုန် Carer ကလုပ်ပေးတယ် ။

 

ရွာသားတို့ရေ ဆက်ရေးရင် ကုန်မှာ မဟုတ်တော့ဘူး ။

အဆ တစ်ထောင် ကွာတယ်ဆိုတာ အဲဒါတွေ ပါပဲ ။

 

အဲလို အဆ တစ်ထောင် ကွာတော့ ဘာဖြစ်လဲ ဟုတ်လား ။

ခပ်လွယ်လွယ် Result တစ်ခုပဲ ထုတ်ပြမယ်

ကျန်တာတွေ မပြောတော့ဘူး ရှုပ်လို့ ။

Life Expectancy ( ပျဉ်းမျှ လူ့သက်တမ်း )

5.     Australia  = 81.2 years

148. Myanmar  = 62.1 years

http://en.wikipedia.org/wiki/List_of_countries_by_life_expectancy 

 

အဆ တစ်ထောင် ကွာတော့

လူ့သက်တမ်းမှာ နှစ် ၂ဝ ပြတ်ကျန်ခဲ့တာပေါ့ဗျာ ။

 

ဒါတောင် ကျန်းမာရေး တစ်ခုပဲပြောသေးတာ ။

လူမှုဖူလုံရေး နှင့် အလုပ်လက်မဲ့ခံစားခွင့် အကြောင်း မပြောသေးဖူး ။

 

အဲဒီ အပိုင်းမှာဆိုရင် သေချာတယ် အဆ တစ်ထောင် မဟုတ်ဘူး

အဆ တစ်သောင်း အနဲဆုံး ကွာစေရမယ် ။

 

တော်ဘီ ၊ ဆက်ပြောရင် ရွာသားတွေ အကုန်

Australia ရောက်လာလိမ့်မယ် ။

အဘတောင် နေရာမလောက်လို့ ဖယ်ပေးနေရအုံးမယ် ။

 

မြန်မာပြည်က လူတွေက ထူးပြီးတော့ ခံစားမိပုံ မပေါ်တဲ့အချိန်မှာ

အဘက ဘာကြောင့် ရင်နင့်ပြီးတော့ မျက်ရည်ကျရတယ် ဆိုတာ အဲဒါပဲ ။

အဘက နေ့တဓူဝ လူဆိုတာ ဘယ်လို နေရ စားရတယ် ဆိုတာ သိနေတာကိုး ။

 

ရွာသားတို့ရေ ကြိုးစား ရုန်းထွက် ကြပါဟ ။

အဘ လက်ညိုး ထိုးနေကျ ဒေဝဒါတ် ကြီး ကိုလည်း

ဘာမှဆက်ထိုးချင်စိတ် မရှိတော့ပါဘူး ။

လက်ညိုး သာ ထိုးရင်းနှင့် ပုတ်သွားမယ် သူက

 

မြို့မေတ္တာ ခံယူအုံးမယ့်

 

 အဘ ။

 

( Foreign Resident )

 

 

 

 


16 comments

  • padonmar

    October 27, 2011 at 6:44 am

    ရတာလေးနဲ့ ဝအောင်စား ၊ရှိတာလေးနဲ့ လှအောင်ဝတ်ပြီးကျေနပ်နေတာ FR ရေးမှ ငိုချင်လာပြီ၊
    ကြိုးစားရုန်းထွက်ပါဆိုတာ ရှင်းအောင်ရေးပေးအုံးလေ၊
    အော်ဇီကို ရုန်းထွက်လာရမှာလား။ 😀

  • MaMa

    October 27, 2011 at 7:22 am

    ရုန်းထွက်ဖို့ အစွမ်းအစမရှိတဲ့ အ တုံး အ အ လေးတွေပါ။ (မရှက်မကြောက် ဝန်ခံလိုက်ပါသည်။) 🙁

  • ပေစုတ်စုတ်

    October 27, 2011 at 9:03 am

    ဦးကြီးFR က “မြန်မာပြည်က လူတွေက ထူးပြီးတော့ ခံစားမိပုံ မပေါ်တဲ့” အတွက် ရင်ထုမနာဖြစ်နေပုံရတယ်ထင်ပါရဲ့…
    ပြောရရင် ဒီလိုနေလာရတာ မြန်မာတစ်ပြည်လုံး “အရေထူ” နေကြပါပြီ အရေမထူရင်တောင် မှိုင်းမိပြီးဘာမှမမြင်မကြားနိုင်တော့ မခံစားတတ်တော့တာထင်ပါတယ်…
    ကျွန်တော်လဲနိုင်ငံခြားတိုင်းပြည်တွေကိုမရောက်ဖူး… မြန်မာပြည်သူတွေအများစုကလဲ မရောက်ဖူးကြတော့ ကွဲလွဲချက်တွေကို ဂဂဏဏ မခံစားဖူးကြတဲ့အတွက် လက်တွေ ့ခံစားနေတဲ့လူတွေထက်တော့ ရုန်းထွက်ဖို့ကြိုးစားလိုစိတ်နဲမှာပါ….
    ဒီနေရာမှာလဲ “လူချင်းတူပေမဲ ့အသက်ရှူပုံချင်းကွဲ” တယ်ဆိုတာကြီးက… တဲ့တိုးကြီးဖြစ်နေမလားမသိပါ…
    လောက်ကောင်တွေအဖြစ်မွေးလာတော့လဲ ချေးတွင်းက ပျော်စရာကြီးပဲဖြစ်နေလေတော့သလား…

    ဘဝကိုဘယ်လမ်းကနေ တက်ရမယ်ဆိုတာတောင် တိတိကျကျမရှိတဲ့ မြန်မာလူငယ်အများစုနဲ ့ တစ်ကိုယ်ရေတစ်ကာယ ရပ်တည်ဖို ့တောင် ကျားကုတ်ကျားခဲကြိုးစားနေကြရတဲ့အချိန်မှာ ဒီ နိုင်ငံနဲ ့ချီတဲ့ “နိုင်ငံတိုးတက်ရေး.. တစ်မျိုးသားလုံးကောင်းစားရေး” အတွေးတွေကတော့ လက်လှမ်းဝေးလွန်းလှသလိုပါပဲ…

    • ပေစုတ်စုတ်

      October 27, 2011 at 9:08 am

      လက်လှမ်းဝေးတယ်ဆိုတာ က အခုအချိန်တွေမှာ ဂိမ်းဆိုင်တွေထဲမှာ လက်ဖက်ရည်ဆိုင်တွေမှာပဲ အချိန်ဖြုံးတာများ ပြီး နိုင်ငံထဲ စစ်ဖြစ်နေမှန်းလဲမသိ… ဘာအပြောင်းအလဲတွေဖြစ်ပြီး ဘယ်ကိုဦးတည်နိုင်တယ်စိတ်ဝင်စားတဲ့လူမရှိ….

      နိုင်ငံ့အရေးတွေနဲ ့လူငယ်တွေ လက်လှမ်းကွာလွန်းတယ်မြင်မိလို ့ပါ…

  • blackchaw

    October 27, 2011 at 9:10 am

    FR ကြီးရေ။
    အငဲ သီချင်းပဲ ဆိုပြတော့မယ်ဗျာ။

    လမ်းပြပါဦး၊ လမ်းပြပါဦး။
    ထွက်ပေါက်မဲ့ ဘဝ
    ရည်ရွယ်ရာ ကင်းမဲ့လို့ လမ်းမသိခဲ့ချိန်
    အဘရေ လမ်းပြပါဦး။
    (မှတ်ချက်။ ။ အငဲ ၏ လမ်းပြပါဦး အလိုက်နှင့် ဆိုရန်)

  • Diamond Key

    October 27, 2011 at 9:28 am

    အားပါးပါး။ အားရစရာကြီးပါလား အဘရာ။

  • weiwei

    October 27, 2011 at 9:30 am

    မသိတာပဲ ကောင်းပါတယ် အဘ FR ရယ် …
    တစ်ဖက်ကလှည့်တွေးပြန်တော့ …
    လူ့ပြည်နဲ့ နတ်ပြည်လိုပေါ့ … လူ့ပြည်မှာနေတဲ့သူတွေက ကုသိုလ်ကောင်းမှုလုပ်ဖို့သတိရသေးလို့ ကုသိုလ်တွေနေ့တိုင်းရနိုင်ပေမယ့် နတ်ပြည်မှာနေသူတွေက သိပ်ချမ်းသာလွန်းလို့ ကုသိုလ်လုပ်ဖို့ သတိမရနိုင်တာနဲ့ မေ့လျော့နေတတ်သလိုပေါ့ …
    မြန်မာပြည်မှာနေရတာ လောကဓံတွေခံရလွန်းလို့ သံဝေဂတရားရနိုင်ဖို့ အလွန်နီးစပ်ပါသဖြင့် တရားနဲ့မွေ့လျော်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်လို့ အကောင်းဖက်က ဖြည့်တွေးချင်ပါတယ် ….

  • parlayar46

    October 27, 2011 at 9:43 am

    အသီးဆိုတာကတော့ အလကားဖြစ်လာတာမဟုတ်ပေဘူး..။
    အပင်စိုက်သူရှိလို့ နော်…

    Australia နိုင်ငံဆိုတာလဲ တကယ်တော့ မူလဒေသခံတွေ တည်ထောင်ခဲ့တာမဟုတ်ဘူး
    လူဖြူ(ကော့ကေးရှန်း) တွေ တည်ထောင်ခဲ့တာမို့သာ ဒီလောက်စံနစ်ကောင်းနေတာလို့ ပြောချင်ပါတယ်။

    ဒီလူတွေမှာတော်တဲ့အချက်တွေ အများကြီးပဲ
    -အကျိုးအပြစ်ကို ခွဲခြားနိုင်တယ် (စိတ်ခံစားမှု့ဦးစားပေးတာထက်..)
    -လူလူချင်းပိုလေးစား ပိုစည်းလုံးတယ် (သူတို့အနေနဲ့ လူသာအဓိက..)
    -တန်းမြင့်တဲ့လူတော်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့မာနမျိုး(vanity) ရှိလို့
    မဟုတ်တာ မကောင်းတာ မသင့်တာ ကိုတဦးချင်းငြင်းပယ်တတ်တဲ့ အရှက်အကြောက်မျိုး ရှိတယ်။
    စသည် ..စသည်..ပေါ့

    ငယ်ငယ်ကတည်းက ရွှေဥဒေါင်းစာတွေဖတ်တော့
    ဆရာကြီး အရူးထပြီး လူဖြူတွေကို အမွှန်းတင်တာမဟုတ်လောက်ဘူးလို့ တွေးမိလို့
    နဲနဲဖတ်မှတ်လေ့လာရင်းနဲ့
    ဒီလူမျိုးတွေရဲ့အထင်ကြီးစရာ၊ အားကျစရာ၊ အတုယူစရာတွေကို မြင်မိတယ်။

    ခက်တာက ကျောင်းမှာ စာသင်ခန်းမှာကျတော့ သူတို့က
    သမိုင်းတရားခံ လူယုတ်မာ မိစ္ဆာဒိဌိကုလားဖြူတွေအဖြစ် သင်ကြရပြီး
    လှည့်မကြည့်ချင်လောက်အောင် ရွံကြောက်ကြီး ဖြစ်စရာ ဖြစ်နေပြန်ရော။
    တစ်ခါ သမိုင်းအဖြစ်မှန်တွေကိုပဲ သင်တယ်ဆိုဦးတော့ ကျောင်းသားတွေကို
    ရှု့ဒေါင့်ပြောင်းသင်ကြားခဲ့တော့ (ကုလားဖြူတွေ လက်နက်သာတာကိုအလေးထားမပြောပဲ
    မြန်မာစစ်သည်တွေ အသေခံတိုက်တဲ့သတ္တိကို အမွှန်းတင်ပြတာမျိုး)
    …ကျုပ်တို့တွေ သမိုင်းသင်ခန်းစာတွေကနေ ရစရာကိုမရပဲ
    “ အ ” ခဲ့ကြရပါတယ်။

    အဲဒီအပင်ကအသီးကို ကျုပ်တို့ ဒီကနေ့စားနေကြရတာပါ….။

    ကျုပ်တို့ကရော နောင်လာနောက်သားတွေအတွက် ဘာအပင်ပြန်စိုက်ခဲ့မှာလဲ …???

    (ကိုဖေါရင်းရေ – ကွန်မင့်ရေးရင်း ပိုစ့်နဲ့တော့ လွဲသွားပြန်ပြီထင်တယ်။ ဆောရီးနော..)

  • NK

    October 27, 2011 at 9:51 am

    မြန်မာဆိုရင်ငါးပိကိုမမေ့နဲ့ ဆိုသလိုပါပဲ

  • NK

    October 27, 2011 at 9:56 am

    နေတတ်ရင်ကျေနပ်စရာတွေကြီးပါ …..မြန်မာနိုင်ငံမှာလို ဘယ်နိုူင်ငံမှာမှ နေလို့မရတာတွေအများကြီးပါပဲ..

    • nigimi77

      October 27, 2011 at 8:58 pm

      ဟုတ်ပ မောင်ရင် NK ရာ။

      F.R ကြီး မြန်မာပြည်မှာ နေရတဲ့ အရသာကို ဘာမှ မသိပဲ ရမ်းပြောနေတာ။

      ဒို ့မြန်မာပြည်လောက် စည်းမဲ့ကမ်းမဲ့ နေလို ့ရတာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရှိသေးလို ့လဲနော။

      နေတတ်ရင် ကျေနပ်စရာပါ။ အချိန်တန်ရင် မိန်းမလုပ်စာ ထိုင်စားရုံပဲ။

      မနက်ကို လဖေ့ရည်လေး ထွက်သောက်မယ်။ မုန် ့ဟင်းခါးလေးစားမယ်။ မနက်ခင်းဂျာနယ်လ်

      ဖတ်မယ် မစားရဝ ခမန်း လေပေါမယ်။ ပြီးရင် အိမ်ပြန်ပြီး တရေးတမောပြန်နှပ်မယ်။

      နိုးလာရင် မိန်းမ မနက် အလုပ် မသွားခင်ချက်သွားတဲ့ ထမင်းဟင်းလေး စားလိုက်ရုံပဲ။

      တွေ ့ကရာ ကွမ်းထွေးလို ့ရတာလဲ ဒို ့နိုင်ငံ။ ကွမ်းယာဆိုင်က လူဦးရေနဲ ့တိုက်ရိုက် အချိုးကျ

      လာဖို ့ အလားအလာတွေရှိနေတာလည်း ဒို ့နိုင်ငံ။ မိန်းမတွေပဲ အလုပ်လုပ်တာလည်း ဒို ့နိုင်ငံ။

      အသက်လေး ၅ဝ နားကပ်လာရင် အိမ်ဦးခန်းမှာ အပူဇော်ခံနိုင်တာလဲ ဒို ့နိုင်ငံ။

      အသက် ၃ဝ ကျော် အထိ မိဘဆီမှာ ကပ်နေပြီး လက်ဖြန် ့တောင်းလို ့ရတာလည်း ဒို ့နိုင်ငံ။

      သူတောင်းစား ယူနီဖောင်း (အနီ၊အဝါ၊အညို) တွေ ဝတ်ပြီး တောင်းလို ့ရတာလဲ ဒို ့နိုင်ငံ။

      အကြားအမြင် တန်ခိုးရှင်တွေ ပေါတာလည်း ဒို ့နိုင်ငံ။ ဘုရား ဆင်းတု ကားပေါ်တင်ပြီး

      မျောက်ပြ ဆန်တောင်း အဖြစ်မျိုး လုပ်လို ့ရတာလည်း ဒို ့နိုင်ငံ။ သူတစ်ပါး ဒုက္ခရောက်စေချင်

      ရင် မေတ္တာများများပို ့လို ့ ယူဆထားတာလည်း ဒို ့နိုင်ငံ။ အိပ်၊စား၊ကာမ လောက်ပဲ သိတဲ့

      ဦးရေကတဖြည်းဖြည်း တိုးပွားနေတာလဲ ဒို ့နိုင်ငံ။ ပြောရရင် စာအုပ်တစ်အုပ်လောက် ဂုဏ်

      တွေ များပြားတဲ့ ဒို ့နိုင်ငံကြီးများ မောင်ရင် ပြောသလို နေတတ်ရင် ကျေနပ်စရာပါ။ 🙂

  • nozomi

    October 27, 2011 at 1:05 pm

    ဘာပြောရမှန်းတောင် မသိတော့ပါဘူး

    ဦးဖောပြောတဲ့..
    အေး အဘ တစ်ခါထိုးတိုင်း
    အဘ မိန်းမကတော့ ၃၅ ဒေါ်လာ မှန်မှန်ရနေတာပေါ့ ။

    ဆိုတာပဲ ဖြန့်ထွက်တွေးနေမိကြောင်းပါ

    • nigimi77

      October 27, 2011 at 9:01 pm

      နိုဇိုမီတော့ နိုင်ငံရေးတွေ ပါနေပြီ။ 😛

  • windtalker

    October 27, 2011 at 9:10 pm

    “ ပေါက်ပေါက် ရှာရှာဆို
    မိန်းမ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက
    ယောက်ကျားရဲ့ လိင်အင်္ဂါ ကြွက်နို့လည်း ကာကွယ်တယ် ဆိုပြီး
    အဘမှာ အိုကြီး အိုမ နှင့် လူကြားမကောင်းပါဘူးကွာ ငြင်းတာ မရပါဘူး
    ယောက်ကျားကြီးတန်မဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက
    ထိုးလိုက်ရသေး ။ ” ဆိုတာကို မြင်ရတော့
    ကျုပ် တို ့ ၁ဝတန်းကျောင်းသား မြန်မာစကားပြေ ထဲက အလောင်းစည်သူမင်းကြီး ပြောတဲ့
    “ ငါ မအိုသေး ” ဆိုတာကို ပြေးမြင်မိသဗျို ့
    ဟီဟိ

  • pooch

    October 27, 2011 at 11:03 pm

    အဘဖော အခုလို အသေးစိတ်ပြောပြမှပဲ ဩဇီနိုင်ငံသားတွေရဲ့ ရပိုင်ခွင့် ခံစားပိုင်ခွင့်တွေကို သိရတယ်..
    မိုးနဲ့မြေ ကွာသလိုကို ကွာတာပဲ…… လူချင်းတူပေမဲ့ အသက်ရှုပုံခြင်း ကွဲတယ်ဆိုတာ လတ်စသတ်တော့ ဒီလိုကိုး…..

    ဒါနဲ့ အဘဖော နိုင်ငံသားတွေကရော အခွန်ကို ဘယ်လို ပေးဆောင်ရတယ်ဆိုတာလေးလည်း အသေးစိတ်ပြောပြပါအုန်း…. အမေရိကန်မှာ ဆောင်ရတဲ့ အခွန်ဥပဒေ တို့ ဘာတို့ နဲ့ အတူတူပဲလား….
    အခွန်မထမ်းပဲ ရှောင်ရင်ရော ဘယ်လို ဥပဒေတွေနဲ့ အရေးယူတာလဲ….

    အလုပ်လက်မဲ့ တွေ ဘာတွေတော့ ဒီပုံတိုင်းဆို ရှိမယ်မထင်ဘူး…
    ပြောရမှာ ရှည်ရင် အဘဖောရေ ထုံးစံအတိုင်း အသစ်တပုဒ်သာရေးတင်လိုက် … အဲ့ဒါမှ အကျယ်တဝင့် သိရမှာ…….နွားခြေရာခွက်ထဲက လူဆိုတော့လည်း တော်ရုံတန်ရုံနဲ့ မမြင်တတ်လို့ အသေးစိတ်ရေးပြပါနော်.. အဘဖော…

  • captainamerica

    October 27, 2011 at 11:11 pm

    သိတယ် အဘဖောရေ အဘပြောချင်တဲ့အဓိပါယ်ကို…ပို(စ်)ကလည်းကျွန်တော့်
    ကွန်.မန်.ကြောင့်ဆိုတော့နည်းနည်းတော့ပွားပရစေ။အဘပြောတဲ့ပုံကကျွန်တော်တို.ဆီက
    ဆင်းရဲနွမ်းပါးမှုလျှော.ချရေးကိုသရော်ထားတဲ့ဂျာနယ်တစ်စောင်ကတစ်ကွက်
    ကာတွန်းလေးလိုုုဖြစ်နေဘီ..မျက်လုံးထဲမြင်အောင်အတတ်နိုင်ဆုံးပြောကြည့်မယ်..
    သဌေးကတောက်တောက်ပြောင်ပြောင်ဝတ်စားပီးကားဘေးနားမှာရပ်နေတယ်။
    ဆင်းရဲသားကပုဆိုးတိုတိုဝတ်ပီးပုခုံးပေါ်မှာလက်နှီးစုပ်လေးတင်ထားတယ်..
    သဌေးကိုငေးကြည့်နေတယ်။ သဌေးကဆင်းရဲသားကိုပွားတယ်…
    “မင်းတို.ဆင်းရဲတယ် ဆင်းရဲတယ်ပဲပြောနေကြတယ် ငါ့လို
    ချမ်းသာအောင်မှမလုပ်ကြတာကိုးတဲ့”ဆင်းရဲသားခမျာအဲ့သဌေးကို
    ဘာမှပြန်မပြောနိုင်ရှာဝူး ပါးစပ်အဟောင်းသားလေးနဲ.ငေးကြည့်နေရ ရှာတယ်
    ကျွန်တော်အဲတစ်ကွက်ကာတွန်းလေးဖတ်ပီးအများကြီးတွေးမိသာွးတယ်။
    အဘလည်းမျက်လုံးထဲမြင်ယောင်ပီးတွေးကြည့်ပေါ့
    ကျွန်တော်ဆီမှာအခြေခံအဆောက်အဦးတွေမပြည့်စုံဝူး။ထားလိုက်ပါအဲဒါက
    အခြေအနေတစ်ခုပေးရင်အဲဒါတွေကခဏပဲ..အဓိကပြောချင်တာကလူတွေရဲ.စိတ်ဓာတ်
    ကျွန်တော်တို.ဗမာပြည်ရဲ့အခြေအနေကိုအဘ နှစ်၁၀ဝ လောက်အထိဘက်ပြန်ဆွဲကြည့်လိုက်
    ဘယ်လိုအခြေအနေတွေကြုံခဲ့ရလဲဆိုတာ……အဲဒါဆိုအဘသဘောပေါက်မှာဘာ..
    ဩဇီနဲ.ကျွန်တော်တို.ဗမာပြည်နတ်ပြည်နဲ.ငရဲပြည်လောက်ကာွခြားနေရခြင်းအကြောင်းကို
    ကျွန်တော်နိုင်ငံခြားမှာတစ်ခါမှမနေဖူးဝူး..ဒါပေမဲ့ဘန်ကောက်လောက်တော့အလည်သာွးဖူးတယ်
    ရောက်တော့ကိုယ့်နို်င်ငံနဲသူများနိုင်ငံနဲ.ကိုယ်နိုင်ငံဘယ်လောက်ကွာနေတယ်ဆိုတာအဲမှာစသိတယ်
    ယိုးဒယားနော် ဩဇီမဟုတ်သေးဖူး…………ကျွန်တော်ဒီမှာအီလိုက်တစ်ယောက်ဘဝနဲ.နေရတာပါ
    ပွင့်ပွင့်လင်းလင်းဝန်ခံရင်တော့လူကြီးသားသမီးလို.ပြောရမှာပေါ့….ဒါပေမဲ့ကျွန်တော်ဒီမှာ
    ကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာအဘအခုနေ နေတဲ့နိုင်ငံမျိုးမှာလူလတ်တန်းစား
    အဆင့်တောင်မရှိဝူးဆိုတာနားလည်ဒယ်။ကျွန်တော်အဲဒီအသိုင်းအဝိုင်းမှာနေ နေ တော့အဲဒီ
    အကြောင်းတွေပိုသိပီး ပိုသိတယ်။သူတို.တွေရဲ.အတ္တတွေ ငါ့ဖို. ငါ့မိန်းမဖို. ငါသားသမီးဖို. ငါ ငါ ငါ ငါ
    တွေများနေတဲ့ဗမာပြည်လူဦးရေနဲ.ယှဉ်ကြည့်ရင်လက်တစ်ဆုပ်စာလူတစ်စုကြောင့်အများစုက
    ဒီလိုဘဝတွေကြုံနေရတာ……..ကျွန်တော်ကိုယ်တိုင်အဲဒီအသိုင်းအဝိုင်းတွေကို ရွံလို.ဖောက်ထွက်ဖို.
    ကြိုးစားနေဒယ်…………………………

Leave a Reply