koyin sithuDecember 1, 20111min29122
ကျွန်တော်၏ ကိုယ်တွေ့အချစ်ဇာတ်လမ်းလေးတစ်ခုနှင့် အပျင်းပြေတင်ဆက်ပေးပါမည်။ ကျွန်တော် အလုပ်သင်အရာရှိဘဝ လွန်ခဲ့သော (၂၅)နှစ်ဝန်ကျင်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြုံတွေ့ခဲ့ရသော သဲထိပ်ရင်ဖို အတွေ့အကြုံလေးဖြစ်ပါသည်။           ထိုစဉ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ယခုခေတ်ရှန်ဟိုင်းမြို့မှာ များစွာကွာခြားသွားပေပြီ။ ယခင်က တိုက်အမြင့်များမရှိသလို တိုက်ပုလေးများသာများသည်။ OLD BUILDING များဖြစ်သည်။ မိသားစုတစ်စုသည် ၁ဝပေပတ်လည်မျှရှိသော အခန်းကျဉ်းလေးထဲတွင် စုပြုံ၍နေရသည်။ ထိုစဉ်က မြို့ပြင်တွင် မြို့သစ်များ တည်ဆောက်ကာစဖြစ်ပြီး ၄ထပ်၊ ၆ထပ် တိုက်ခန်းများဖြင့် အစားထိုး၍ လူနေမှုအဆင့်အတန်း မြင့်မားရန် တည်ဆောက်ကာစ ဖြစ်သည်။ ကျွန်တော်လည်း သင်္ဘောရှန်ဟိုင်းမြို့တွင် သင်္ဘောဒေါက်တင်၍ တစ်လခန့် ရှန်ဟိုင်းမြို့တွင် နေရသဖြင့် DRY DOCK တွင် မနက်မှ ညနေအထိ […]