kaiJune 19, 20101min1031
“အင်မီဂရေးရှင်းရီဖွန်င်း”ဟူသောအသံကိုထင်ရှားစွာကြားနေကြရမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရောက် ကျွန်ုပ်တို့သည် မြန်မာပြည်ဖွားအများစုဖြစ်သည့်အလျှောက် အဆိုပါအသံမျိူးသည် ခေါင်းထောင်၊နားစွင့်ကြည့်သင့်သည်ဖြစ်ပါ၏။ လဝက ပြုပြင်မှု (၂၀၀၈)နိုဝင်ဘာ သမ္မတ ရွေးပြိုင်ပွဲတွင် အိုဘားမားသည် အမေရိကပြည်တွင်းရောက် တရားမဝင်ရွှေ့ပြောင်းခိုလှုံနေသူတို့ကို နိုင်ငံသား ဖြစ်တည်မှုလမ်းကြောင်းပေါ်ရောက်အောင် မြှင့်တင် ကိုင်တွယ်ပါမည့်အကြောင်းရွေးကောက်ပွဲကတိထားခဲ့သည်။ သမ္မတဖြစ်လာပြီးနောက် ဆောင်ရွက်နေဟန်ရှိသော ရွေးကောက်ပွဲကတိအကောင်အထည်ဖော်မှုများတွင်လည်း ဦးစားပေးအမှတ်စဉ်တခုအဖြစ်ထားထားဟန် တူပါသည်။ တရားမဝင်နေထိုင်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အဆိုပါဥပဒေ၏ သက်ရောက်လာမည့် အကျိုးတရားဖြစ်သည်။ မတ်လကုန်ပိုင်းက အမျိုးသားကျမ်းမာရေးပြုပြင်မှုဆိုင်ရာဥပဒေပြုရာတွင် အာဏာခေါင်းကိုင်ပါတီအနေနှင် ့ကြီးစွာသော လုံ့လစွမ်းအားတို့အသုံးချလိုက်ရသဖြင့် ယခုနှစ်(၂၀၁၀)အတွင်း ဥပဒေပြုကိုင်တွယ်ဆောင်ရွက်နိုင်မည့်ဟန်မရှိသော အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတို့အကြောင်း တွေးဆရေးချလိုပါသည်။ လက်တီနား။လက်တီနိုတွေ ပြီးခဲ့သော ဆယ်စုနှစ် (၄)ခုအတွင်း အမေရိကန်ပြည်ထောင်စုသို ့အများဆုံးရွေ့ပြောင်းနေထိုင်လာကြသူတို့မှာ နယ်နမိတ်(၁၉၆၉)မိုင်ထိစပ်နေသော မက်စီကိုနိုင်ငံမှဖြစ်ကြသည်။ လက်ရှိတွင်လည်း တရားမဝင်ရွေ့ပြောင်းခိုလှုံနေသူ (၁၁)သန်းကျော်တွင် တဝက်ကျော်(၅ရရာခိုင်နှုန်း)မှာ မက်ဆီကိုနိုင်ငံနှင့်(၂၄ရာခိုင်နှုန်း)မှာလက်တင်အမေရိကနိုင်ငံများမှ ဖြစ်ကြသည်ဟု စာရင်းများကပြပါသည်။ မြန်မာများအမေရိကသို ့အခြေချစ နှစ်ဦးများတွင် […]