weiweiJanuary 4, 20121min33216
မခင်လတ်နဲ့ ၉ တန်းကျောင်းသားလေး သားပုဆွေးနွေးထားတာ ဖတ်ကြည့်ပြီး စာရေးချင်စိတ် ပေါ်လာပါတယ်။ ကျွန်မဟာ ၉ တန်း ၁ဝ တန်း အရွယ်က သားပုလိုပဲ ကိုယ်ထင်တာအမှန်လို့ပဲ ယူဆခဲ့ပါတယ်။ အယူအဆတစ်ခုအပေါ်မှာ အားမာန်အပြည့်ရှိခဲ့တယ်။ စာတွေအရမ်းဖတ်တယ်။ တွေးတယ်။ ကျွန်မမှာ ဘကြီးတစ်ယောက်လို အရမ်းလေးစားရတဲ့ လူတစ်ယောက်က ကျွန်မနဲ့တစ်ရပ်ကွက်ထဲမှာနေပြီး အဖေနဲ့လဲ ရင်းနှီးပါတယ်။ အဲဒီလူကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပါတီဥက္ကဌတစ်ယောက်ဖြစ်ပြီး စာအုပ်ကြီးသမား ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မလိုကလေးတစ်ယောက်အတွက် အတုယူစရာလူတစ်ဦးဖြစ်နေခဲ့ပြီး ကျွန်မကိုသူ့စာအုပ်တွေ၊ သူ့အတွေးတွေနဲ့ လွှမ်းမိုးသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်ပြီးတော့ အဲဒီဘကြီးလဲ လူကြီးရောဂါနဲ့ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျွန်မလဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါတယ်။ ကျွန်မတို့ခေတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက်နားနေရသေးတယ်။ အဲဒီအချိန်မှာ သင်တန်းမျိုးစုံတက်ဖြစ်ပြီး သူငယ်ချင်းမျိုးစုံနဲ့ကြုံရချိန်မှာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းအနဲငယ်နဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ […]


weiweiDecember 21, 20111min63731
မင်္ဂလာဆောင်ပွဲတစ်ခုသွားဖို့အတွက် အဝတ်အစားဒီဇိုင်းရွေးချယ်ရင်း စိတ်ရှုပ်ထွေးနေမိပါသည်။ ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ဆိုတော့လည်း ကောင်းကောင်းမွန်မွန်လေး ဝတ်စားသွားမှ တော်မည်မို့ ဆံပင်ကအစ ဖိနပ်အဆုံး လိုက်ဖက်ညီအောင် စဉ်းစားလိုက်ရတာ ဆံပင်တွေတောင် ဖြူလောက်အောင် ခေါင်းစားနေပါတော့သည်။ (ဒီဖက်ရှင်က ရွာထဲမှာ ပွဲတက်ပြီးသား) သရုပ်ဆောင်လဲမဟုတ်၊ နံမည်ကြီးလုပ်ငန်းရှင်လဲမဟုတ်၊ သူဌေးလဲမဟုတ်လို့ ဖက်ရှင်မလိုဘူးလို့ မထင်လိုက်ပါနဲ့။ သူ့နေရာနဲ့သူ သူ့အတိုင်းအတာနဲ့သူ အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဖက်ရှင်ထွင်ရတာ အလွန်ဝါသနာပါပါတယ်။ အလယ်တန်းအရွယ်ကထဲက ပိတ်စကလေးတွေကို ကော်ပတ်ရုပ်ကောင်မလေးမှာ အဝတ်အစားချုပ်ပေးရင်း ဒီဇိုင်းတွေ တီထွင်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေက အလိုမလိုက်ခဲ့လို့ စိတ်ထဲမှာလိုချင်တာကို စိတ်ကူးယဉ်နေရုံပဲရှိခဲ့ပေမယ့် ဆယ်တန်းအောင်ပြီးကထဲက လိုချင်တဲ့ဒီဇိုင်းကို ဝတ်နိုင်အောင် ကြိုးစားအားထုတ်နိုင်ခဲ့ပါတယ်။ ဘယ်လိုဒီဇိုင်းကို ဝတ်ချင်တယ်။ ဘယ်လိုဝတ်လိုက်ရင်လှမယ် စသဖြင့် ညီအမတွေတိုင်ပင်ကြပြီး ကိုယ်တိုင်ချုပ်ကြပါတယ်။ ဗိုလ်ချုပ်ဈေးလိုနေရာကို ခြေတိုအောင်လျှောက်ပြီး ဖက်ရှင်တွေလေ့လာကြည့်ခဲ့ဖူးပါတယ်။ […]


weiweiNovember 30, 20111min87761
ကျွန်မလူမှန်းစသိတတ်တဲ့အရွယ်ကထဲက ကုလားထိုင်များကို အလွန်ကြိုက်ပါသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေရတာကိုက ဇိမ်ရှိတယ်လို့ထင်တတ်ပါသည်။ ကုလားထိုင်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်သည်။ တီဗီကြည့်သည်။ ဗွီဒီယိုရုပ်ရှင်ကြည့်သည်။ မိသားစုတွေနဲ့ စကားစမြည်ပြောကြပါသည်။ ထိုင်နေရင်းနဲ့ တွေးနေမိတာတွေလဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ထိုင်ခဲ့တဲ့ ကုလားထိုင်က ရိုးရိုး ကြိမ်နဲ့ယက်ထားတဲ့ သစ်သားဆက်တီ (old model) တစ်ခုသာဖြစ်ခဲ့ပါသည်။ နဲနဲအတန်းကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်အချိန်မှာ ကျွန်မတဆင့်တက်ပြီး ပက်လက်ကုလားထိုင်လိုချင်တယ်လို့ ပူဆာခဲ့ဖူးပါသည်။ ဘာပဲလိုချင်လိုချင် အဖိုးကိုသာပူဆာရတာမို့ အဖိုးကို ပက်လက်ကုလားထိုင်နဲ့စာဖတ်ရတာ အရမ်းဇိမ်ရှိလို့ ပက်လက်ကုထားထိုင် (ခြေထောက်ပါတင်လို့ရတဲ့ဟာ) ဝယ်ပေးပါလို့ ပူဆာခဲ့ဖူးပါသည်။ ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ […]


weiweiJuly 12, 20111min50740
ဒီအတွေးလေးကို တရားစခန်းမှာ တရားအားထုတ်ဖို့သွားရင်းကနေ ရလာတာဖြစ်ပါတယ်။ လူတွေ လူတွေ အများကြီးပဲ ရိပ်သာတွေကို တရားလာအားထုတ်ကြတယ်။ သူတို့တွေ တရားအားထုတ်ရတာ ဝါသနာပါကြတယ်။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နံမည်ကြီးတဲ့ရိပ်သာတိုင်းကို သွားကြပေမယ့် ဝေတေဝါးတားဖြစ်နေသူတွေကို တွေ့ရတော့ ဘာကြောင့်လဲလို့ စဉ်းစားမိပါတယ်။ သေချာလေ့လာကြည့်လိုက်တော့မှ သူတို့တွေက ရိပ်သာထဲကိုလာကထဲက ခွက်ဗလာနဲ့ မလာကြလို့ပါပဲ။ သူတို့တွေခွက်ထဲမှာ တခြားဟာတွေကို ထည့်ထားပါတယ်။ အဲဒီတော့ ဘာပဲထပ်ထည့်ထပ်ထည့် လျှံကုန်ပြီး ခံလို့မရပါဘူး။ ရေရှိတဲ့ခွက်ထဲကို အချိုရည်ထည့်ကြည့်ရင် အကုန်မရပဲ လျှံထွက်ကုန်ပါတယ်။ ပေးသားပေး၏ မရ ဆိုသလိုဖြစ်နေပါတယ်။ ဆရာတော်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဟိုမှာက ဒီလိုမဟုတ်ဘူး။ ဟိုလိုလုပ်တာပိုကောင်းမှာ စသဖြင့် မာန်တစ်ခုခံနေတတ်ကြပါတယ်။ ကျွန်မက ရိပ်သာမှာနေရင်းရလိုက်တဲ့အတွေးမို့ ရိပ်သာနဲ့ဆက်စပ်ရေးလိုက်ပေမယ့် အပြင်လောကမှာ ပညာရှာရာမှာလဲ အဲဒီအတိုင်းပါပဲ။ ပညာတစ်ခုကို ဆရာတစ်ယောက်ဆီမှာ […]


weiweiJuly 8, 20111min47820
“နင်တစ်ယောက်ထဲ ပေးချင်တာမဟုတ်ဘူး ငါလည်းပဲ ပေးချင်ပါသေးတယ်” … လို့ ဝေဝေတစ်ယောက် အသံကျယ်ကျယ်နဲ့ မင်းမင်းကို အော်လိုက်ပါတယ် …. ဝေဝေတစ်ယောက် မင်းမင်းအိမ်မှာ ဧည့်သည်သွားလုပ်နေတာ ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် စိတ်သဘောထားချင်းမတိုက်ဆိုင်ဖြစ်လာပါတော့တယ်။ ဖြစ်ပုံကဒီလို … မင်းမင်းက နိုင်ငံခြားမှာ ပညာသင်နေတဲ့မြန်မာကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဝေဝေက တခြားတစ်မြို့မှာနေပြီး အလုပ်နားရက်မှာ မင်းမင်းရှိရာ မြို့ကို သွားလည်တဲ့အချိန်ပေါ့။ နိုင်ငံခြားဆိုတာက မြန်မာပြည်လိုမဟုတ်ဘူး။ အားလုံးချွေချွေတာတာနဲ့နေနေရတာဆိုတော့ ဝေဝေက အားနာတာပေါ့။ ပိတ်ရက်တွေကို တစ်ယောက်စီအထီးကျန်ပြီးကုန်ဆုံးမယ့်အစား နှစ်ယောက်အတူတူလျှောက်လည်ကြ၊ ချက်ပြုတ်စားသောက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ရန်ဖြစ်ကြနဲ့ အချိန်ဖြုန်းရအောင် စီစဉ်ထားခဲ့ကြတာ …. သူတို့နှစ်ယောက်က ရန်ကုန်မှာကထဲက သူငယ်ချင်းတွေဖြစ်ကြပေမယ့် အတူတူ မနေခဲ့ဘူးလို့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိခဲ့ကြဘူး။ ပထမနေ့ လေဆိပ်မှာ စကြိုတာကနေ စတွေ့တော့တာပဲ။ တက်စီကားခကို မင်းမင်းကဇွတ်အတင်းပေးပါတယ်။ […]


weiweiJune 20, 20111min115828
နောက်လိုက်လုပ်ခဲ့တာ သက်တမ်းတစ်ခုရှိနေပြီဆိုတော့လဲ အခြေအနေနဲ့ အချိန်အခါအရ အဖွဲ့သေးသေးလေးတစ်ခုမှာ ခေါင်းဆောင်နေရာကို ရလာပါပြီ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်မက နောက်လိုက်ကောင်းဖြစ်ခဲ့သလားလို့ ပြန်စဉ်းစားကြည့်တော့ ဝေတေဝါးတားပါပဲ။ ကောင်းလဲမကောင်း ဆိုးလဲမဆိုးနဲ့ ဘယ်လိုအချိန်တွေကုန်ခဲ့မှန်းတောင် မတွေးတတ်ခဲ့အောင် အလုပ်သိပ်မလုပ်ခဲ့သူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းတွေကို တစ်ခုပြီးတစ်ခုတက်ရင်း ဘဝရဲ့ အရေးပါတဲ့အချိန်တွေကို ပညာတွေရှာရင်း ကုန်ဆုံးခဲ့ရပါတယ်။ အခုတော့ ပညာရှာတာကိုရပ်ပြီး တကယ်အလုပ်လုပ်တော့မယ်ဆိုတော့ ဒုက္ခလှလှ တွေ့ရပါတော့တယ်။ ဘာကိုဘယ်လိုစရမှန်းမသိခဲ့သလို တပည့်လုပ်မည့်သူများကိုလဲ ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ အရာရာကို စာအုပ်ထဲကအတိုင်း စာလိုပဲတွေးတတ်တဲ့ ကျွန်မအတွက် လက်တွေ့ပြသနာတွေက လွယ်မယောင်နဲ့ ခက်ခဲနေပါတော့တယ်။ ကျွန်မလေ့လာခဲ့သမျှ ဘာသာရပ်တွေထဲမှာ ခေါင်းဆောင်မှုပညာရပ် မပါခဲ့ပါဘူး။ လူမှုဆက်ဆံရေးလဲ မသင်ခဲ့ရပါဘူး။ လက်တွေ့လုပ်ငန်းခွင်နဲ့ စာထဲကနဲ့လဲ တစ်ခုမှ မတူပြန်ပါဘူး။ အထက်လူကြီးတွေက ကျွန်မဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲလို့ အကဲခတ်နေကြသလို တပည့်တွေကလဲ […]