weiweiNovember 27, 20115min46732
Guilin ခရီးစဉ် (၂) ဘူတာကိုရောက်လို့ လာကြိုတဲ့ခရီးသွားအေဂျင်စီကလူနဲ့တွေ့ပြီးတာနဲ့ သူက ကျွန်မတို့နှစ်ယောက်ကို ဘူတာနားက ဟိုတယ်နဲ့တွဲလျက် စားသောက်ခန်းမထဲကိုခေါ်သွားပါတယ်။ သူတို့ကုမ္ပဏီနဲ့ဆက်ထားတဲ့ အဲဒီနေ့မနက်စောစောရထားနဲ့ရောက်သမျှခရီးသွားဧည့်သည်အားလုံးကို စောင့်ခေါ်ခဲ့ပါတယ်။ တစ်ဝိုင်းစာ ၁ဝ ယောက်အတွက် နံနက်စာနဲ့အရင်ဆုံး ဧည့်ခံပြီး ၃ ရက် ခရီးစဉ်ကို အသေးစိတ်ပြောပြပါတယ်။ တကယ်တော့ ကျွန်မက ခရီးစဉ်အသေးစိတ်ကို ကြိုသိခဲ့ပြီး ပိုက်ဆံပါတစ်ခါထဲပေးခဲ့ပြီးသားပါ။ ဒါပေမယ့် တရုတ်လူလည်တွေက လူလည်ကျဖြစ်အောင်ကျပါတယ်။ မူလစာချုပ်ထဲမှာပါတဲ့ အစီအစဉ်အတိုင်းပဲဆိုရင် နေရာစုံရောက်မှာမဟုတ်ကြောင်း၊ (စာချုပ်ထဲမှာမပါတဲ့နေရာတွေကို ဓါတ်ပုံတွေပြပြီး) မူလအစီအစဉ်ကို ၂ ရက်နဲ့ပြီးအောင်စီစဉ်ပေးလိုက်ရင် တစ်ရက်စာအချိန်ပိုမှာဖြစ်ကြောင်း၊ အဲဒီအချိန်မှာ သူတို့ပြတဲ့နေရာတွေကို သွားလည်လိုက်ရင် အရမ်းကောင်းမှာဖြစ်ကြောင်း၊ ဒီလောက်အဝေးကြီးလာပြီး ဒီလိုမှမသွားရင် တန်မှာမဟုတ်ကြောင်း စသဖြင့် အမျိုးမျိုးဆွယ်ပါတော့တယ်။ ကျွန်မကလဲ စိတ်ကသိပ်ခိုင်တာမဟုတ်တော့ လက်ခံလိုက်ပြီး ဘယ်လောက်ထပ်ပေးရမလဲလို့မေးလိုက်တော့ ယွမ် ၅၀ဝ တဲ့ […]


weiweiNovember 21, 20114min31511
သူငယ်ချင်းရေ … ဖားအောက်ရိပ်သာထဲမှာ ပန်းပင်လေးတွေ သပ်သပ်ရပ်ရပ်စိုက်ပျိုးထားတာ အရမ်းလှကြတယ် … မြင်နေကျပန်းတွေတောင်မှ အဲဒီမှာ လှနေတယ် … အမြဲတမ်း ပြုစုပေးနေတဲ့ သီလရှင်နဲ့ ဥယျာဉ်မှူးတွေရှိနေကြတယ်။ သန့်ရှင်းရေးလဲ တော်တော်လုပ်နိုင်ကြတယ်။ ညနေဘက် ခဏလမ်းလျှောက်ရင်း ပန်းကလေးတွေမြင်တော့ ဓါတ်ပုံမရိုက်ပဲမနေနိုင်ဖြစ်လာတာနဲ့ တစ်ညနေမှာ ဓါတ်ပုံရိုက်ခဲ့လိုက်တယ်။ အမှတ်တရကြည့်ရအောင် ပြလိုက်တယ်နော် … ခြံဝင်းထဲမှာ နားနေချိန် ဓါတ်ပုံရိုက်ဖြစ်ခဲ့ပေမယ့် ဓမ္မာရုံထဲကိုတော့ မရိုက်ရဲလို့ မရိုက်ခဲ့ဘူး … စီတန်းပြီး တရားထိုင်နေတဲ့ပုံတွေ၊ သပ္ပါယ်လွန်းတဲ့ ဘုရားခန်းပုံတွေကိုလဲ ပြချင်ပါသေးတယ်။ အဲဒီမှာနေတုန်းက ငါ့စိတ်ထဲမှာ တော်တော်အေးချမ်းပြီး တရားသဘောကို တော်တော်ဆင်ခြင်မိခဲ့ဖူးတယ်။ လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီးမှတ်တော့ ငါ့ခြေထောက်က ခြေချောင်းတွေကို မြင်ရတယ်မဟုတ်လား။ ငါ့စိတ်ထဲမှာ ငါ့ခြေသည်းလေးတွေက လှလိုက်တာလို့ စိတ်ထဲမှာ ခဏခဏဖြစ်လာတယ်။ ဖြစ်လာတိုင်း အဲဒီစိတ်ကို […]


weiweiOctober 23, 20112min47723
ခရီးသွားဆောင်းပါးရှည်ရေးရတာ အချိန်ကုန် လူပင်ပန်းဖြစ်ရလို့ သွားခဲ့သမျှအားလုံး မရေးဖြစ်ခဲ့ပါဘူး။ အခုတလော ရွာထဲမှာ ခရီးသွားပို့စ်တွေဖတ်ပြီးတော့ အားကျလာတာနဲ့ ကွေ့လင်ခရီးစဉ်ကို မှတ်တမ်းကျန်ခဲ့အောင် ရေးချင်စိတ်ပေါက်လာပါတယ်။ တရုတ်ပြည်က တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ကျောင်းပိတ်ရက်ရှည်ပေးလေ့ရှိပါတယ်။ ဆောင်းရာသီပိတ်ရက်အနေနဲ့ တရုတ်နှစ်သစ်ကူးရက်ရဲ့ အရှေ့ကို တစ်ပတ်နဲ့ အနောက်ကို သုံးပတ် စုစုပေါင်း လေးပတ်ပိတ်ပါတယ်။ နွေရာသီပိတ်ရက်အနေနဲ့ အရမ်းပူတဲ့ ဇူလိုင်လလယ်မှ စက်တင်ဘာလလယ်အထိ ၂ လ ပိတ်လေ့ရှိပါတယ်။ တရုတ်လူမျိုးတွေက ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း သိပ်မအေးတဲ့နေရာဒေသတွေကို ခရီးထွက်လေ့ရှိကြပြီး နွေရာသီပိတ်ရက်မှာ တရုတ်ပြည်မြောက်ပိုင်း အအေးပိုင်းဒေသတွေကို ခရီးထွက်ကြပါတယ်။ ကျွန်မက တရုတ်ပြည်မြောက်ပိုင်းမှာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း ကွမ်ရှီးပြည်နယ်က ကွေ့လင်မြို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ယောက်ထဲသွားရဲပေမယ့် တစ်ယောက်ထဲသွားရင် အလွန်ပျင်းစရာကောင်းတယ်။ […]


weiweiOctober 14, 20112min2357
သီတင်းကျွတ်ပိတ်ရက် သန်လျင်ဘက်ရောက်တုန်း မျက်စိအေးစရာ အစိမ်းရောင်ရှုခင်းများကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ လေတဖြူးဖြူးနဲ့ သာယာလှပတဲ့ ရှုခင်းတွေက အပြင်မှာ မျက်စိတစ်ဆုံးပါပဲ … အပြာရောင်တိမ်တိုက်နဲ့ အစိမ်းရောင်လယ်ကွင်းတွေ၊ သစ်ပင်တွေကြားထဲကနေမြင်ရတဲ့ ရွှေရောင်စေတီလေးကလဲ သပ္ပာယ်လှပါတယ် …


weiweiJuly 17, 20111min28217
ကျွန်မခရီးထွက်ရင်း ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့ဖူးတယ်။ ဓါတ်ပုံနဲ့ပတ်သက်ရင် ဘာမှနားမလည်ပါဘူး။ အဆင်ပြေသလို အမှတ်တရဖြစ်အောင် လျှောက်ရိုက်ခဲ့ရင်းက လှတာတွေကိုလဲ ရွာထဲမှာ တင်ခဲ့ပြီးဖြစ်ပါတယ် … အခုတင်လိုက်တဲ့ ဓါတ်ပုံနှစ်ပုံကတော့ ကျွန်မနှစ်သက်တဲ့ ပုံလေးတွေပါ … အပျင်းပြေ စိတ်ကြည်နူးမှုရစေရန် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ် …


weiweiJune 14, 20111min30814
အခုတလော မိုးကလည်းများ အလုပ်ကလည်း မအားတာနဲ့ အပြင်ကို သိပ်မထွက်ဖြစ်တာကြာပြီ … ဓါတ်ပုံအလှတွေလဲ မရိုက်ဖြစ်တာ ကြာနေပြီ … လွန်ခဲ့တဲ့ ၃ ရက်လောက်က ညဘက် ၁ဝ နာရီ ကျော်မှာ ဓါတ်ပုံထဲက လိပ်ပြာတစ်ကောင် ကျွန်မအိမ်က ဧည့်ခန်းထဲကို မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာပါတယ် … ၄ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းထဲမှာ ကျွန်မ ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတုန်း ခါးနားကို လာနားလိုက်တာ လန့်လွန်းလို့ ထခုန်မိသွားခဲ့ပါတယ် … အဲဒါနဲ့ လိပ်ပြာလေးလဲ လန့်သွားပြီး ဘေးနားက ဘီဒိုအောက်နားလေးမှာ ခဏနားနေတုန်း ကင်မရာအမြန်ယူပြီး ဓါတ်ပုံရိုက်ထားလိုက်ပါတယ် … တော်တော်လှတဲ့ လိပ်ပြာလေးကိုကြည့်ပြီး ကဗျာစပ်ပြီးတင်မယ်စိတ်ကူးပြီး စာသားလေးတွေစဉ်းစားတာ ဘယ်လိုမှ ထွက်မလာတာနဲ့ ဒီအတိုင်းပဲ တင်လိုက်ပြီ … ကျွန်မက အပြင်ထွက်ပြီး […]


weiweiMay 19, 20113min2779
တရုတ်ပြည်က ရထားခရီးစဉ်တစ်ခုကို အမှတ်တရရေးချင်စိတ်ပေါ်လာပါတယ်။ တရုတ်လူမျိုးများသည် ရထားကို အထူးအားကိုး ယုံကြည်စွာဖြင့် အများဆုံးအသုံးပြုကြပါတယ်။ ရထားအမျိုးအစားများစွာရှိပါတယ်။ ရိုးရိုးလောင်စာဆီဖြင့် သွားသောရထားအမျိုးအစားများ၊ လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်ရသောရထားအမျိုးအစားနှင့် နောက်ဆုံးပေါ် သံလိုက်ဓါတ်ဖြင့် ရွှေ့လျားသောရထားအမျိုးအစားများဖြစ်ပါတယ်။ ရထားနံပါတ်ကိုဖတ်ကြည့်လိုက်တာနဲ့ မည်သည့်ရထားအမျိုးအစားဖြစ်ကြောင်း သိနိုင်ပါတယ်။ ဥပမာ … K302 တွင် K သည် kuai (ခွိုက်) အမြန်၏ အတိုကောက်ဖြစ်ပါသည်။ T216 ဆိုပါက Tekuai အထူးအမြန်ဖြစ်ပါသည်။ D328 ဆိုပါက dian dong che လျှပ်စစ်အမြန်ရထားဖြစ်ပါသည်။ နောက်ဆုံးပေါ် ကျည်ဆံရထားကိုတော့ G102 (Gaotie) ဟု အတိုကောက် အင်္ဂလိပ်စာလုံးများဖြင့် သိနိုင်ပါတယ်။ ထင်ခြားတဲ့မြို့ကြီးတွေကို လွယ်ကူလျှင်မြန်စွာသွားလာနိုင်အောင် ကျည်ဆံရထားများပြေးဆွဲလျက်ရှိပြီး သာမန်မြို့အချင်းချင်းသွားလာရာမှာတော့ ရိုးရိုးအမြန်ရထားများကို အသုံးများပါတယ်။ ဈေးနှုန်းလဲကွာသဖြင့် ရိုးရိုးအမြန်ရထားများကို […]


weiweiMay 12, 20111min3269
သန်လျင် ဖားအောက်တောရရိပ်သာ နယ်နိမိတ်အတွင်း အရှေ့ဘက်မျက်နှာစာမှာ သပ္ပါယ်တဲ့ စေတီလေးတစ်ဆူကို တွေ့မြင်လိုက်ရတာနဲ့ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ စေတီလေးတစ်ဆူ၊ ဘုရားတန်ဆောင်း ၂ ခု နဲ့ တန်ဆောင်းအတွင်းမှ ကျောက်ဆင်းတုတစ်ဆူကလဲ သပ္ပါယ်ကြည်ညိုစရာကောင်းပါတယ်။ GS ဘတ်ထရီ မိသားစု မှ တစ်ဦးတည်းအလှုလို့ သိခဲ့ရပါတယ်။ ဘုရားရင်ပြင်တစ်ခုရှိပြီး အဲဒီနေရာမှာ နှစ်စဉ်နှစ်တိုင်း GS ဘတ်ထရီမိသားစုမှ စတုဒီသာ ကျွေးမွေးလှူဒါန်းတယ်လို့လဲ သိခဲ့ရပါတယ်။ ဘုရားစေတီလေးကို ဖူးမျှော်မိရင်း အလှူဒါနနဲ့ ပတ်သက်တဲ့ အတွေးတွေ ဆက်ပြီးတွေးမိပါတော့တယ်။ လက်ရှိအကျိုးပေးအားဖြင့် ကြည့်ရင် အလှူမှာ ရုပ်ဝတ္ထုလိုအပ်ချက်ကို လှူဒါန်းခြင်းနဲ့ စိတ်ဓါတ်အင်အားလိုအပ်ချက်ကို ပေးလှူခြင်းဆိုပြီး မြင်တွေ့နိုင်ပါတယ်။ အစားအသောက် အဝတ်အထည် အဆောက်အဦးများ လှူဒါန်းခြင်းဖြင့် ဆာလောင်ခြင်းဆင်းရဲ၊ အပူအအေးနှင့် သဘာဝဘေးဒုက္ခများမှ သက်သာစေခြင်း ဆင်းရဲများကို အထောက်အပံ့ဖြစ်စေပါတယ်။ ယခုကဲ့သို့ […]


weiweiMay 5, 20114min54027
ပထမဆုံး မန္တလေးဂေဇက်မှာ 21-10-2010 တုန်းကတင်ခဲ့တဲ့ မျက်စိ အပန်းဖြေဖို့ ဆိုတဲ့ ပို့စ်ကို ပြန်ပြီး edit လုပ်ထားတာပါ။ chengdu ချန်သူးကနေ Jiuzhaigou ကျိုကျိုက်ကုန်းအထိ ကီလိုမီတာ ၄၅ဝ ရှိပါတယ်။ ကျိုကျိုက်ကုန်းက ဟိုတယ်တစ်ခုမှာ ညအိပ်ပြီး မနက်မိုးလင်းတာနဲ့ တက်စီကားတွေက တည်းခိုသူတွေကို ကျိုကျိုက်ကုန်း ဥယျာဉ်ကြီးဆီကို လိုက်ပို့ပေးပါတယ်။ အလွန်သာယာလှပတဲ့ မြို့သေးသေးလေးတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို မိတ်ဆက်ထားတဲ့ တရုတ်ကြီးကလဲ ကျွန်မတို့နဲ့အတူ လိုက်လာပါတယ်။ ဥယျာဉ်ဂိတ်ပေါက်ဝရောက်တော့ လက်မှတ်ဝယ်ရတယ် … ဥယျာဉ်ကြီးက အရမ်းကြီးလွန်းလို့ အရင်တုန်းကဆို လက်မှတ်တစ်စောင်ဝယ်ရင် ၂ ရက် ဝင်ခွင့်ရှိပါတယ်။ တစ်ရက်အချိန်ထဲနဲ့လည်ပတ်လို့ မလောက်လို့ပါ။ ကျွန်မတို့သွားတုန်းကတော့ တစ်ရက်ပဲ ဝင်လို့ရမယ်တဲ့။ လက်မှတ်တစ်စောင်ကို ၂၂ဝ ယွမ် (သုံးသောင်းသုံးထောင်ကျပ်ခန့်) နဲ့ အတွင်းမှာစီးတဲ့ကားခ […]


weiweiMay 3, 20111min34612
ဒီနေ့ ညနေ ၆ နာရီ ရန်ကုန်မြို့ နေအဝင်မှာ မြင်ရတဲ့ တိမ်ရောင်စုံတွေကို အိမ်ပေါ်ထပ် ပြူတင်းပေါက်ကနေ ရိုက်ထားလိုက်တာပါ။ ပို့စ်အနေနဲ့ တင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ကိုပေါက်ရဲ့ မန္တလေးက တိမ်တိုက်တွေကို တွေ့လိုက်တာနဲ့ ရန်ကုန်က တိမ်တွေလဲ လှတယ်ဆိုတာ သိရအောင် တင်လိုက်ပါတယ် ….


weiweiMay 3, 20113min2015
  chengdu (成都) ချန်းသူးမြို့ထဲမှာ နေ့တဝက်လျှောက်လည်ဖို့ အချိန်ရတာနဲ့ ဘယ်နေရာတွေ နံမည်ကြီးလဲလို့ ဟိုတယ်ဝန်ထမ်းကိုမေးပြီး သူညွှန်လိုက်တဲ့ ဘုရားကျောင်းတစ်ခုကို သွားလည်ခဲ့ပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ အရမ်းပူပြင်းတဲ့ နွေရာသီမှာ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ အေးချမ်းသွားပါတယ်။ အတော်ကျယ်ဝန်းတဲ့ ပန်းခြံတစ်ခုထဲကို ရောက်သွားသလိုပဲ။ အဆောက်အဦးတွေက တရုတ်ရှေးဟောင်းရုပ်ရှင်ကားတစ်ကားထဲက ပုံစံအတိုင်းပဲ။ တာအိုအယူဝါဒနဲ့ သက်ဆိုင်တဲ့ သမိုင်းပန်းချီကားများ၊ ရုပ်ထုများနဲ့ ဝူတန်းဘုန်းကြီးလိုဝတ်စုံနဲ့ ဘုန်းကြီးတွေကိုပါ တွေ့ခဲ့ရပါတယ်။ သစ်ပင် ပန်းပင်များကို လှပသပ်ရပ်အောင် ပုံဖော်ထားတာကလဲ မျက်စိအမြင်အေးစေပါတယ်။ ကျွန်မတို့လဲ ဒီအတိုင်းပဲ လျှောက်ကြည့်ခဲ့တာဆိုတော့ လျှောက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကိုပဲ တင်လိုက်ပါတယ်။


weiweiApril 24, 20112min1738
    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကနေ ၂၈ မိုင်အကွာမှာတည်ရှိပါတယ်။ မြန်မာပြည်မှ တခြားလှိုင်ဂူများနဲ့ မတူတဲ့ ပုံစံကြောင့် အမြင်ဆန်း အတွေ့အကြုံဆန်းတစ်ခု ဖြစ်ပါတယ်။ အဝင်အပေါက်တွင် တိရိစ္ဆာန်ပုံသဏ္ဍာန် ကျောက်ရုပ်ထုများကို တွေ့မြင်ရပါတယ်။ ကျောက်ခက် ပန်းဆွဲများက တရုတ်ပြည်မှ လှိုင်ဂူများနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကျယ်ဝန်းတဲ့ လှိုင်ဂူတစ်ခုဖြစ်တာကြောင့် ဘုရားဖူး ခရီးသွားများ အသွားအလာများပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုပေးစွမ်းနိုင်တဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။