သူ့ကျတော့ …

lu ta loneJune 7, 20101min1394
News Pic

စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။

“ကျွန်မ ယောက်ျားအတွက် ကုသဖို့ နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများ ရူးသွားပြီလားမသိဘူး။သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ် ဆရာရဲ့”လို့
ပြောပါတယ်။

ဒါနဲ့ ဂျင်မီက “ဒီလောက်လည်း စိတ်မပူပါနဲ့ဗျာ။ ခုချိန်က လူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်”လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ
ဒီလိုထပ်ဆိုပါတယ်။

“ဆရာသူ့ကို နားမလည်ပါဘူး။ သူက ပါးစပ်ကြီးဟပြီး အိပ်တော့ သူ့ထဲက ရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ..”

4 comments

  • wailynnoo

    June 7, 2010 at 9:26 am

    ဉာဏ်မမှီလို့လား မသိဘူး.. ရယ်လဲမရယ်ရဘူး

  • lu ta lone

    June 7, 2010 at 10:33 am

    နောက်တခေါက်လောက် ပြန်ဖတ်ကြည့်ပါဗျာ…
    ရီရစေချင်လို့ တင်ပေးတာ…
    မရီရဘူးဆိုတော့ စိတ်မကောင်းပါဘူး…
    နောက်ဆို ဆင်ခြင်ပါ့မယ်… 🙁

  • yannaingech

    June 8, 2010 at 4:46 am

    အိပ်ခါနီးရင် သူ့ယောက်ျားကို ခလုတ်ပိတ်ပေးသင့်တာပေါ့။ မဟုတ်ရင် မီတာလည်းတက်တယ်၊ safe guard လည်းသက်တမ်းတိုတယ်။….

  • etone

    July 6, 2010 at 2:25 am

    ရယ်ရတယ် ။ တွေးပြိးရယ်ရတာက ပိုပျော်ဖို့ကောင်းတယ် ။ Thanks ပါ

Leave a Reply