ကိုရီးယားဘာသာ ကျွမ်းကျင်မှုစာမေးပွဲ ရန်ကုန်နှင့် မန္တလေး၌ ကျင်းပမည်

manawphyulayJuly 13, 20101min470

ကိုရီးယားဘာသာ ကျွမ်းကျင်မှုTest of Proficiency in Korean (TOPIK)  စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဟု သိရသည်။ အဆိုပါစာမေးပွဲကို Basic (Level 1, 2) Inter-mediate (level 3, 4) နှင့် advanced (level 5, 6) ဟူ၍ အဆင့် သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး စာမေးပွဲတိုင်းတွင် Vocabulary Test, Grammar and Writing Test  နှင့် Listening  and Reading Test တို့ပါဝင်မည် ဖြစ်သည်။ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ကိုရီးယားသမ္မတနိုင်ငံ သံရုံး၊ အမှတ် ၉၇၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းနှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တို့တွင် ဇွန်လ ၃ဝ ရက်မှစတင်ရယူနိုင်ပြီး ဇူလိုင် ၁၄ ရက်နေ့ထက် နောက် မကျစေဘဲ တင်ပြရမည်ဖြစ်ပြီး အသေးစိတ်သိလိုပါက ဖုန်း ၅၂၇၁၄၂-၄ သို့  မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။ ၎င်းစာမေးပွဲကို စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ ရှိ Myanmar Info-tech နှင့် မန္တလေးမြို့ရှိ ှSwan Hotel တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ထို ကိုရီးယား ဘာသာ စကားကျွမ်းကျင်မှု စာမေးပွဲသည် ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ၁၉ ကြိမ်မြောက် စာမေးပွဲဖြစ်ကြောင်း သိရသည်။