တက်ကျမ်း

Yin Nyine NwayAugust 1, 20101min631
ဇောက်ချလုပ်ကိုင်ပါ

လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့်  ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်  တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။

ကောင်းမွန်သောအလေ့  အကျင့်များကိုမွေးမြူပ

ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘဝကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့  အကျင့်များကို နေ့  စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ )

အချိန်၊နေရာနှင့် ခွန်အား

အောင်မြင်လိုသူတစ်ယောက်သည်  အချိန် အခါကိုသိရမည် ။ မည်သည့်  အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည် ။မည်သည့်  အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။

တွန်းကန်အား

တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည် ။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(ဝါ) တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်…. အတန်းပညာ များများစားစားမရှ်ိပဲ ယောက်ျားဖြစ်သူ၏ လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။ နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ… မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘဝ၏ တွန်းကန်အားကိုယူ၍ ဘဝကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် …….

  • မိဘအတွက် ( ရှားပါတယ် ) ( အဟိ )
  • ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
  • ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် ………အစရှိသဖြင့် …ပေါ့…….


လေးစားမှုရှိပါ

အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတ်ိထားရမည့် အချက်တစ်ခုမှာ မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့  ၏သဘောမှာ မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့် ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။ လက်ဆောင်စကားတစ်ခွန်းပါချင်၏
” သတိ်ိ နှင့် ပိုက်ဆံ သည် ပိုသည်ဟူ၍မရှိ ”

ဝဋ္ဋ်ဆိုတာလည်တတ်တယ်

သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့်  ဝဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ …
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ….မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့် သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့ စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့  မလားဆိုတဲ့ သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့် အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့ သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ ပျော်ရွှင်နိင်ပါစေ ။+(

ဟန်မဆောင်ပါနှင့်

ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည် ။

(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး အောင်မြင်ပျော်ရွှုင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ )

One comment

  • kopauk mandalay

    August 1, 2010 at 12:19 pm

    အခုချက်ခြင်းသင်ပြောတဲ့အတိုင်းတသဝေမတိမ်းလုပ်ပါမည်။
    အောင်မြင်ရင်သင့်ကိုမမေ့ပါ။

Leave a Reply