မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတယ်….(ပုံပြင်)

etoneJuly 15, 20101min881

မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတယ်….(ပုံပြင်)


သူငယ်ချင်းတို့ရေ….

ဟိုးဟိုးရှေးရှေးတုန်းကပေါ့လေ..

.။

ဒီကမာ္ဘလောကကြီးမှာ လူယောက်ျားတွေပဲ ရှိသတဲ့..။
ဒါပေမဲ့ ဒီလူယောက်ျားတွေဟာ အစစ အရာရာ အဆင်ပြေနေတယ်တဲ့..။
သူတို့မှာ ခက်ခဲနေတာ တစ်ခုပဲရှိတယ်..ဒါကတော့ သူတို့မှာ “ မီး ” (Fire) မရှိဘူးတဲ့..။
ဒီတော့ သူတို့ စားသောက်တော့ အစိမ်းစားရတယ်..။ ညဘက်လဲ အလင်းရောင်မရှိပဲ
အမှောင်ထဲမှာ နေကြရတယ်..။ အလင်းရောင်မရှိတော့ ကျားရဲ တိရိစာ္ဆန်တွေ လာရောက်
စားသောက်မှုကို သူတို့ခံကြရတယ်..။
သူတို့ ဒီလို အခက်အခဲဖြစ်နေကြတာကို နတ်ပြည်က နတ်သားတစ်ပါးက ကြည့်ပြီး
သနားနေတယ်တဲ့…။ ဒီလိုနဲ့ တစ်နေ့ နတ်ပြည်က ဘယ်သူ့မှ မသိအောင် ကမာ္ဘက လူသား
တွေအတွက် “ မီး ” ကို ခိုးပေးလိုက်သတဲ့..။ ဒီတော့ လူသားယောက်ျားတွေက ပျော်ကြတာပေါ့..။
“ မီး ” ကို သူတို့ ပွားထားတယ်..။ မီးဖိုအကြီးကြီးဖြစ်အောင် လုပ်ထားတယ်..။ ဒီမီးနဲ့ ချက်ပြုတ်စား
ကြတယ်..။ မီးဖိုတွေရှိတော့ ညဘက် အလင်းရောင်ရတယ်..။ ဒီအလင်းရောင်ရှိတော့ တခြား ကျားရဲ
တိရိစာ္ဆန်တွေ မလာနိုင်တော့ဘူး..။ သူတို့အတွက် အရာရာ အဆင်ပြေနေကြတယ်လေ..။
မီးကို ခိုးပေးလိုုက်တဲ့ သနားကြင်နာတတ်တဲ့ နတ်ကလဲ ဝမ်းသာ ပျော်ရွှင်ရသတဲ့..။
ဒါပေမဲ့ နတ်ပြည်က အတို့အထောင် နတ်တစ်ပါးက နတ်မင်းကြီးကို သွားတိုင်တယ်သတဲ့..။
နတ်မင်းကြီးက တန်ခိုးနဲ့ ကြည့်လိုက်တော့ ကမာ္ဘက လူယောက်ျားတွေ အရာရာအဆင်ပြေနေတာတွေ့ရော..။
ဒီလို အဆင်ပြေအောင် နတ်သားက မီးခိုးပေးတယ်ဆိုတာရော သိသွားသတဲ့လေ..။
ဒီတော့ နတ်မင်းကြီးက မီးခိုးပေးတဲ့ နတ်သားကို အပြစ်ရှိလားလို့မေးတော့ နတ်သားကလဲ အပြစ်ရှိကြောင်း
ဝန်ခဲသတဲ့…။ ဒီတော့ နတ်မင်းကြီးကပြောသတဲ့………………………

“ လူဆိုတာ ဘယ်တော့မှ အရာရာ ပြည့်စုံမနေရဘူး..။ လူတွေက အရာရာ ပြည့်စုံနေရင်
မကောင်းဘူး..။ သူတို့မှာ တစ်ခုခု ပြဿနာ ဖြစ်နေမှ ………….”

လို့ ပြောသတဲ့….။
အဲဒီနောက်တော့ မီးခိုးပေးတဲ့ နတ်သားကို အပြစ်ပေးလိုက်သတဲ့..။
နောက်ပြီး…ကမာ္ဘက လူသားတွေကို ဘယ်လို အပြစ်ပေးရမလဲလို့ သူစဉ်းစားပြီး…သူ့သားနဲ့သမီးကို
ခေါ်လိုက်ပြီး..

“ သားနဲ့သမီး ကမာ္ဘက လူယောက်ျားတွေ အခု အရာရာ အဆင်ပြေနေတယ်..။
ဒါကို သူတို့ မှာ ပြဿနာ တစ်ခုမဟုတ် တစ်ခု ဖြစ်အောင် လုပ်ပါ…။”

လို့ပြောလိုက်သတဲ့…။ ဒီတော့ သားနဲ့ သမီးကလဲ “ ကောင်းပါပြီ ” အဖေလို့ပြောပြီး………..
သားလုပ်တဲ့သူက အရမ်းချောမောလှပတဲ့ လူမိန်းမတစ်ယောက်ကို ဖန်တီးလိုက်သတဲ့..။
နောက်တော့ အသက်သွင်းပြီး သူ့ညီမ ဖြစ်သူဆီကို လွဲလိုက်သတဲ့…။
ဒီတော့ ညီမလုပ်သူက ဒီ လူမိန်းမကို မိန်းမတို့ရဲ့ ကောင်းခြင်း ၅ ဖြာနဲ့ ပြည့်စုံအောင်
ဖန်တီးတယ်..။ နောက် မိန်းမတို့ တတ်သင့်တဲ့ မာယာ ၊ မြူဆွယ်မှုတွေ စတဲ့ အစစ အရာရာသင်
ပေးသတဲ့..။ နောက်တော့ မိန်းမကိုလိုလေသေးမရှိတော့မှ အစ်ကို ဖြစ်သူဆီ ပြန်အပ်လိုက်သတဲ့..။
ဒီတော့ အစ်ကိုဖြစ်သူက အစစ အရာရာ စစ်ဆေးပြီး သဘောကျသွားမှ….
ညီမနဲ့အတူတူ သူတို့အဖေဆီကို သွားသတဲ့..။ အဖေနတ်မင်းကြီးဆီလည်းရောက်ရော…။

“ အဖေ..သားတို့ လုပ်ဆောင်လို့ပြီးပါပြီ..။”

ဆိုပြီး လူမိန်းမကို အဖေ နတ်မင်းဆီ အပ်သတဲ့..။
ဒီတော့ အဖေ နတ်မင်းကြီးက ကြည့်ပြီး သူ့သားနဲ့ သမီးကို တော်ကြောင်းချီးကျူးပြီး…လူမိန်းမကို
“ ပန်ဒိုရာ ” (Pandora ) လို့ နာမည်ပေးလိုက်သတဲ့….။ “ ပန်ဒိုရာ ” ဆိုတာ ဂရိ လို “ လက်ဆောင် ” လို့အဓိပ္ပါယ်ရတယ်..။ နောက်တော့ …..ဒီလိုပြောတယ်…

“ အသင်..လူသားမိန်းမ..၊ သင် ယခု ကမာ္ဘလူလောက သို့ သွားရမယ်..။
မသွားခင် သင့်ကို ကျွန်ုပ် သေတ္တာလေးတစ်လုံးပေးလိုက်မယ်..။
ဒါပေမဲ့ သင်..ဒီ သေတ္တာကို ဘယ်တော့မှ ဖွင့်မကြည့်ပါနဲ့…။
တကယ်လို့ သင် ဒီသေတ္တာကို  ဖွင့်ကြည့်လိုက်လို့ သေတ္တာထဲက ပစ္စည်းတွေ
တစ်ခု မကျန်အပြင်ကို ထွက်သွားမယ်ဆိုရင်….သင်ရော ၊ ကမာ္ဘမှာရှိတဲ့ လူသား
တွေရော တစ်ယောက်မကျန်အကုန်သေရလိမ့်မယ်..။ ”

ဒီလိုပြောပြီး လူမိန်းမ ပန်ဒိုရာ ကို ကမာ္ဘသို့ပို့လိုက်သတဲ့…။
ဒီတော့ ပန်ဒိုရာ ဟာ ကမာ္ဘကိုရောက်လာတော့ ကမာ္ဘက လူယောက်ျားထဲက ဘုရင်လို
တစ်ယောက်နဲ့ ပန်ဒိုရာ ဟာ အိမ်ထောင်ကျတယ်ပေါ့လေ..။ ဒီလိုနဲ့ သူတို့ဟာ နှစ်ပေါင်းများစွာ ပျော်
ရွှင်စွာ နေထိုင်ပြီး သား ၊သမီးတွေများစွာမွေးဖွားသတဲ့..။ (သူတို့ခေတ်က လူတွေရဲ့ နှစ်ပေါင်းဟာ
ထောင်နဲ့ချီပြီး ကြာရှည်စွာနေရသတဲ့လေ..။ )
ဒီလိုနဲ့ ပန်ဒိုရာ တစ်ယောက် နှစ်ပေါင်းများစွာနေထိုင်လာလိုက်တာ…
တစ်နေကျတော့ ပန်ဒိုရာ နတ်မင်းကြီးပေးလိုက်တဲ့ သေတ္တာလေးကို သွားသတိရသတဲ့..။
လူဆိုတာကလဲ ခက်တယ်လေ…မလုပ်ပါနဲ့ဆိုရင် လုပ်ချင်တယ်..။
မကိုင်ပါနဲ့ဆိုရင် ထိချင်တယ်.. ။ မစားနဲ့ဆိုရင် မြည်းကြည့်ချင်တယ်..လေ..။
ဒီတော့ ပန်ဒိုရာ ကလည်း နတ်မင်းကြီးက ဖွင့်မကြည့်ပါနဲ့ဆိုတဲ့ သေတ္တာလေးကိုမှ သတိရပြီး
ဖွင့်ကြည့်ချင်လာတယ်..။ အထဲမှာ ဘာတွေများရှိလိမ့်မလဲပေါ့လေ..။  သူမဖွင့်ကြည့်မိအောင်တော့
သတိထားပေမဲ့ တစ်နေ့ကျတော့ သူအရမ်းဖွင့်ကြည့်ချင်လာသတဲ့..။
ဒီတော့ ဘယ်သူမှ မရှိတုန်း သူသေတ္တာလေးကို အသာလေးယူပြီး..သေတ္တာလေးရဲ့
အဖုံးကို ဖွင့်ဖို့ ဟလိုက်တယ်ဆိုရင်ပဲ..သေတ္တာထဲက ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ထွက်လာသတဲ့..။
ပစ္စည်းတွေက “ လောဘ ၊ ဒေါသ ၊ မောဟ ၊ ရောဂါ ၊ မနာလိုဝန်တိုစိတ် ၊ ကြောက်ကျစ်မှု ၊
ယုတ်မာမှု ၊ ပြဿနာ၊….”စတာတွေထွက်လာသတဲ့..။ ဒီတော့ ပန်ဒိုရာ ဟာ အလွန်ထိတ်လန့်သွားပြီး
သေတ္တာလေးကို ချက်ချင်းပိတ်လိုက်တယ်တဲ့..။ ဒါပေမဲ့ ဘယ်လိုပဲမြန်မြန်ပိတ်ပိတ် သေတ္တာထဲက
ပစ္စည်းတွေက ထွက်သွားခဲ့ပြီ…ကံကောင်းချင်တော့ သေတ္တာထဲမှာ ပစ္စည်းဆိုလို့ တစ်ခုပဲ
ကျန်တော့တယ်တဲ့..။ တကယ်လို့ သေတ္တာထဲမှာ ဒီပစ္စည်လေးရှိမနေတော့ပဲ ထွက်သွားခဲ့ရင် ပန်ဒိုရာ ရော..
ဒီကမာ္ဘလောကက လူသားတွေအားလုံးရော သေကြရမှာလေ..။ ခုတော့ သေတ္တာထဲမှာ ပစ္စည်းလေးတစ်ခု
ကျန်နေလို့သာ ကျွန်တော်တို့ လူသားတွေအားလုံး အသက်ရှင်နေကြရတာပါ..။
ဒါပေမဲ့ ဒီအချိန်က စပြီး ကမာ္ဘလောကမှာ ရောဂါ ၊ လောဘ ၊ မောဟ ၊ ဝန်တိုမှု ၊ကောက်ကျစ်မှု
စတာတွေဖြစ်လာတယ်..ဆိုသတဲ့..။
သေတ္တာထဲမှာ ကျန်နေတဲ့ ပစ္စည်းလေးကဘာလဲဆိုတော့ ………………………………………

“ မျှော်လင့်ခြင်း ” .…………………………………………တဲ့..။

အဲဒီအချိန်က စပြီး လူူတွေက ပြောကြတာပေါ့လေ….။
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတယ်ဆိုတာ…။
တကယ်လို့ မျှော်လင့်ခြင်း မရှိတော့တဲ့ လူတစ်ယောက်ဟာ
ကိုယ့်ရဲ့အသက်ကိုတောင်မှ စွန့်လွှတ်ဖို့ ဝန်မလေးဘူးလေ..။
ဒါကြောင့် လူတိုင်းလူတိုင်းက မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတာပေါ့ဗျာ….။              ။

။……………………ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်း……………………။


မှတ်ချက်။      ။  Pandora ဆိုတာ အရင်က လက်ဆောင် လို့ ခေါ်ပေမဲ့နောက်တော့ သောတ္တာလေးကို
သယ်လာတဲ့ သူ့မို့ သူသေတော့ သေတ္တာစောင့်နတ်သမီးဖြစ်သွားတယ်..ဆိုပြီး
Pandora  ကို သေတ္တာစောင့်နတ်သမီး လို့လဲ ခေါ်ကြပါတယ်…။
ဘာပဲပြောပြော လက်ဆောင် ဆိုတာကတော့ သူ့မူရင်း အတိုင်းပါပဲ…။

သူငယ်ချင်းတို့ရေ….

မျှော်လင့်ခြင်းတွေနဲ့ အသက်ရှင်နေတဲ့ လူသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျွန်တော်
လဲ မျှော်လင့်ခြင်းနဲ့ ရှင်သန်နေတာပါ…။ ကျွန်တော် မျှော်လင့်ခြင်းကတော့ လူတစ်ယောက်နဲ့ Onlineမှာ မဟုတ်ပဲ အပြင်မှာမြန်မြန် ဆုံတွေ့ချင်တာပါ…။ တကယ်လို့ ဒီမျှော်လင့်ခြင်းသာ မရှိရင် ကျွန်တော်ဘဝက သေနေသလို
ဖြစ်နေမယ်ထင်တယ်..။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်ဗျာ…။ ကျွန်တော်တို့ မြန်မြန်ဆုံတွေ့ရမှာပါ…။
ဘာလို့လဲဆိုတော့ လူဆိုတာ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတာလေ….။

——– Written by Ko Zaw (zaw357@gmail.com)

One comment

  • HayMonChan

    September 21, 2010 at 5:37 pm

    ကောင်းပါ၏

Leave a Reply