ကျွန်တော်တို့ မန္တလေးမှာ လမ်းတွေကအရင်ထက်ကောင်းလာတော့ ဆိုင်ကယ်တွေ ကားတွေက အရင်ထက်နည်းနည်း ပိုမြန်အောင်မောင်းလာလို့ရလာတယ်။ကျွန်တော်အပါအဝင်ပေါ့။

ပြဿနာက မီးပွိုင့်တွေမှာတွေ့တာ။62လမ်းနဲ့ လမ်3း0,35 ,26 ပြီးတော့ 26×73၊26×78 ၊35×84 အစရှိတဲ့ မီးပွိုင့်တွေမှာ အချို့က မီးဝါမလင်းတော့ဘူး။ အများစုက တော့ မီးစိမ်းပြီးပြီ ဆိုရင် မီးနီကိုတမ်းရောက်သလောက်ကို မြန်နေတယ်။

ကျွန်တော်တို့ ကခပ်လှမ်းလှမ်းက နေလှမ်းမြင်နေရတဲ့အချိန်မှာ မီးစိမ်းမို့ ဖြတ်ကူးဖို့ပြင်တဲ့ အချိန်မှာ ဒုတိယ မျဉ်းဝါကိုလဲ ကျော်ရော နီပါလေရော။မျဉ်းဖြူနဲ့ ဒုတိယမျဉ်းဝါ ကြားလေးမှာ ပဲ မီးဝါအတွက် အချိန်ပေးထားသလိုပဲဗျာ။ တစ်ခါတစ်လေ ဆိုရင်မီးပွိုင့်က အလုပ် လုပ်သလား  မလုပ်ဘူးလားမသိတော့ ဒုက္ခရောက်တယ်။ မီးစိမ်းမလင်းနေလို့ ကျွန်တော် အလုပ်မလုပ်ဘူး ထင်ပြီး ဖြတ်ကူးတာ (လမ်းနဲနဲ ရှင်းလို့) အဲဒါ ဟိုဘက်ထိပ်ရောက်တော့ အရိပ်မထွက်ကိုယ်တော်ကြီး ထွက်တားပါလေရော။မီးနီဖြတ်လို့တဲ့ အဲ့တာ 35×84 မှာ။ ကျွန်တော်က မီးပွိုင့်အလုပ် မလုပ်ဘူးထင်လို့ပါလို့ ပြောတော့ သေချာကြည့်တဲ့ ဟုတ်တယ်ဗျာ

မီးနီလင်းနေတယ်။ ကျွန်တော်ဖြတ်ချိန်က မလင်းလို့ပါလို့ ပြောလဲမရ။အဲဒါညှိခဲ့ ရတယ်။

ဖြစ်နိုင်ရင် မီးဝါကြာချိန်ကို ပြင်ပေးကြစေချင်တယ်ဗျာ။ကျွန်တော် ဖြစ်ခဲ့တာ ကြာပါပြီ။ မနေ့ကမှ 62×30 မှာ ကားတစ်စိး လမ်းလယ်မှာ မီးပွိုင့်ဖြတ်ကူးရင်း ကန့်လန့်ကြီး ဖြစ်နေတာတွေ့လို့ပါ။

အဲတာ ရွာထဲကိုများ သက်ဆိုင်သူတစ်ယောက်လောက် ရောက်ခဲ့သည် ရှိသော်ပေါ့…။

About lu nyo chaw

လူညို ချော has written 4 post in this Website..

ထူးထူးခြားခြားပြောစရာမရှိတဲ့ မထူးမခြား သာမန်လူတစ်ယောက်ပါ