lu nyo chawMarch 5, 20121min26312
ဒီအပတ်ထုတ် 7day news ဂျာနယ်မှာ ပါတဲ့ ကြော်ငြာ တစ်ခုပါ။ ဘယ်လိုနားလည်ရမလဲမသိတော့လို့ပါ။ သိသူများရှိရင်ပြောကြပါဦး။ကျွန်တော့်စိတ်အထင်တော့ လယ်/ဆည်နဲ့ ဘာမှမဆိုင်ဘူးထင်ပါတယ်။ကြည့်လဲလုပ်ကြပါဦးဗျာ။


lu nyo chawFebruary 10, 20121min1749
ကျွန်တော်တို့ မန္တလေးမှာ လမ်းတွေကအရင်ထက်ကောင်းလာတော့ ဆိုင်ကယ်တွေ ကားတွေက အရင်ထက်နည်းနည်း ပိုမြန်အောင်မောင်းလာလို့ရလာတယ်။ကျွန်တော်အပါအဝင်ပေါ့။ ပြဿနာက မီးပွိုင့်တွေမှာတွေ့တာ။62လမ်းနဲ့ လမ်း30,35 ,26 ပြီးတော့ 26×73၊26×78 ၊35×84 အစရှိတဲ့ မီးပွိုင့်တွေမှာ အချို့က မီးဝါမလင်းတော့ဘူး။ အများစုက တော့ မီးစိမ်းပြီးပြီ ဆိုရင် မီးနီကိုတမ်းရောက်သလောက်ကို မြန်နေတယ်။ ကျွန်တော်တို့ ကခပ်လှမ်းလှမ်းက နေလှမ်းမြင်နေရတဲ့အချိန်မှာ မီးစိမ်းမို့ ဖြတ်ကူးဖို့ပြင်တဲ့ အချိန်မှာ ဒုတိယ မျဉ်းဝါကိုလဲ ကျော်ရော နီပါလေရော။မျဉ်းဖြူနဲ့ ဒုတိယမျဉ်းဝါ ကြားလေးမှာ ပဲ မီးဝါအတွက် အချိန်ပေးထားသလိုပဲဗျာ။ တစ်ခါတစ်လေ ဆိုရင်မီးပွိုင့်က အလုပ် လုပ်သလား  မလုပ်ဘူးလားမသိတော့ ဒုက္ခရောက်တယ်။ မီးစိမ်းမလင်းနေလို့ ကျွန်တော် အလုပ်မလုပ်ဘူး ထင်ပြီး ဖြတ်ကူးတာ (လမ်းနဲနဲ ရှင်းလို့) အဲဒါ ဟိုဘက်ထိပ်ရောက်တော့ အရိပ်မထွက်ကိုယ်တော်ကြီး […]


lu nyo chawDecember 20, 20111min1999
ယနေ ့ 20-12-2011 မှစတင်ပြီး မန္တလေးမြို့မှ 37လမ်းနှင့်38လမ်းတို့အား 78လမ်းအနောက်ပို်င်းမှ စတင်ကာ လမ်း80 အထိ  37လမ်းအား အနောက်မှ အရှေ့သို့၎င်း 36လမ်းအား အရှေ့မှ အနောက်သို့၎င်း တစ်လမ်းမောင်းများ အဖြစ် သတ်မှတ်လိုက်ကြောင်း ကိုယ်တိုင်တွေ့ခဲ့ရသည်။ ထို့အပြင် 35လမ်းဂုံးကျော်နှင့်41လမ်းဂုံးကျော်တို့အား မော်တော်ဆိုင်ကယ်များ ဖြတ်သန်းအသုံးပြုခွင့် မပြုတော့ကြောင်း တစ်ဆက်တည်းသိခဲ့ရသည်။ထို့ကြောင့်  ရွာသူရွာသားများ အနေဖြင့် မန္တလေး သို့လာရောက်ပါက သတိပြုနိုင်ရန် ရေးသားတင်ပြလိုက်ပါသည်။