မြင်သမျှတွေ့သမျှ နဲ့ စိတ်ထဲရှိတာပြောကြည့်မလို့ဗျာ…
၁. မော်တော်ပီကယ်မရှိတဲ့အချိန်ဆို တစ်လမ်းမောင်းတွေမှာ လမ်းပြောင်းပြန်မောင်းကြတယ်ဗျာ (သတိပေးဆိုင်းဘုတ်ကိုမမြင်တာများလား)…

၂. မတက်ရဆိုတဲ့ ဂုံးကျော်တံတားလည်း ညဆို တက်ကြတယ်ဗျာ…….

၃. ကွမ်းထွေးရင်လည်း နောက်လှည့်မကြည့်ပဲ စည်းကမ်းမရှိ ထွေးချင်သလို ထွေးကြတယ်ဗျာ…
၎. လမ်းမှာတပ်ထားတဲ့ အချက်ပြမီးတွေ ကောင်းကောင်းမမြင်ရဘူး မီးနီသလား၊၀ါသလား၊စိမ်းပြီလားဆိုတာသေချာကြည့်ယူရတယ်(ပျက်နေရင်ပြင်/မကောင်းရင်လဲဖို့လိုတယ်လေ)..

၅. တံခါးဖွင့်ပြီးဝင်လာပေမယ့် လူတော်တော်များများ တံခါးပြန်ပိတ်ပေးဖို့ကို ၀န်လေးကြတယ်
၆. Toilet သုံးပြီးရင်လည်း  ရေလောင်းခဲ့ပေးဖို့ကို မလုပ်ကြဘူး(ကိုယ့်အိမ်မှာဆိုရော အဲလိုနေတာလားမသိ)

၇. လူတော်တော်များများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြဘူး (မသိလို့ပဲလား)..

၈.ရေမြောင်းထဲကို စည်းကမ်းမဲ့အမှိုက်သရိုက်တွေ ပစ်ချကြတယ်(ရေမြောင်းကမပိတ်ဘဲ နေမလား)
စည်ပင်ကလည်းလမ်းမကြီးတစ်ချို့ကိုသာမြောင်းဆည်ကြတယ်..(ကျန်ရှိနေတဲ့ရေမြောင်းတွေကဒီအတိုင်းပဲထားတော့မလား)….

၉.လိုင်စင်မဲ့ဆိုင်ကယ်တွေအရမ်းများလာတယ် ဖမ်းမလား၊လိုင်စင်ချပေးမလား(တစ်ခုခုလုပ်ဖို့ လိုအပ်လာတယ်ထင်တာပဲ.. Accident ဖြစ်ရင် ဘယ်လိုလိုက်ကြမလဲ/အရေးယူကြမလဲ)

၁၀.လမ်းတွေကျဉ်းပေမယ့်လည်း ကား/ဆိုင်ကယ်တွေ အရမ်းများလာတယ်..

စကားလုံးသတ်ပုံအမှားပါရင်ခွင့်လွှတ်ပေးကြပါ..
စိတ်ထဲရှိတဲ့အနည်းအကျဉ်းလေးကို ဖွင့်ထုတ်လိုက်တာပါ.။

About kaunglay

kyaw thu has written 10 post in this Website..